Wednesday, September 30, 2015

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်

ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့ ၊ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ…
တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံးမိန်းကလေးတွေချည်းပဲ… ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်… စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့.. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်.. ကျွန်မတို့ကို အကတိုက်ဖို့ အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်… တစ်ဖြည်းဖြည်း ဆယ့်တစ်ယောက်လုံးပေါင်းမိပြီး ခင်သွားတယ်..
တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ တစ်ခုခု ဆော့ကြမယ်လို့စဉ်းစားရင်း စဉ်းစားရင်းနဲ့  ပေါ်လာတာ သရဲ ခေါ်ပြီး ဆော့မယ် မေးကြမယ်ပေါ့…
(အဲဒီ ကစားနည်းက အလယ် နေရာမှာ ရေသန့်ဗူး အဖုံးလေးထားပြီးခေါ်ရပါတယ်.. ပေါ့တဲ့အရာလေးဆိုရင်လည်း ပါတယ်.. အဲဒီအဖုံးလေးမှာ သုံးယောက်ထက် ပိုလက်ထောက် လို့မရပါဘူး… )
အဲဒါနဲ့ ဘယ်သူခေါ်မလဲပေါ့နော်.. ကြောက်တတ်တယ့်သူလည်းပါတော့ သေချာခေါ်ရဲမှရမှာလေ… အဲဒါနဲ့ ခေါ်နေတုန်း ခေါ်တဲ့အဖုံးလေးကို ထိထားတဲ့လက်က လွှတ်လိုက်ရင် ဝင်လာမယ့် သရဲက စိတ်ဆိုးတတ်တယ်လို့ကြားဖူးပါတယ်.. အဲဒါနဲ့ ကျွန်မရယ် သူငယ်ချင်းနှစ်ယောက်ရယ် စ ခေါ်တယ်…
” ဒီအနီးတ၀ိုက်မှာ ရှိတဲ့ ပရလောကသားများ .. ကျွန်မတို့နဲ့ ဆော့ချင်ရင် ဒီအဖုံးလေးရွေ့ပြီး မေးတာလေးတွေဖြေပေးပါ.. ”
အဲဒီလို အားလုံးရွတ်ပြီး စ ခေါ်တယ်.. မြန်တယ်.. နှစ်မိနစ်လောက် အကြာမှာပဲ ပုလင်းအဖုံးလေး ရွေ့လာတယ်… ကိုယ့်လက်က တော့အလိုက်သင့်လေး လိုက်နေရတယ်… ပထမဆုံး ၀င်လာတဲ့သရဲက ယောင်္ကျားလေးလား. .မိန်းကလေး သိချင်တာနဲ့..
” အခုကျွန်မတို့နဲ့ ပူးပေါင်းပြီးဆော့တာ.. ဘယ်သူလဲ.. မိန်းကလေးလား.. ယောင်္ကျားလေးလား.. ” လို့မေးလိုက်တယ်..
GIRL အကွက်ကလေးနဲ့ BOY အကွက်ကလေးပေးထားပါတယ်.. အဲဒီမှာ သူက GIRL ဆိုတဲ့ စာလုံးလေးစီ ဖြည်းဖြည်းချင်း ရွေ့သွားပါတယ်… ဒါနဲ့ ဆက်မေးတယ်… နာမည် ဘယ်လိုခေါ်လဲမေးတော့ ခ ကွေး ရယ် ရ ကောက် ရယ် အဲဒီ စာလုံးနှစ်လုံးဆီကို ဖြည်းဖြည်းချငး ရွေ့ သွားတယ်… အဲဒါ ” ငါတို့နဲ့ ဆော့ချင်လား.. မဆော့ချင်ဘူးလား… ” လို့ မေးတော့ NO ကိုသွားတယ်.. နောက် တစ်ခေါက် ထပ်မေးတော့လည်း NO မှာပဲ ရပ်နေတော့ သူ့ ကိုပြန်လွှတ်ပေးလိုက်တယ်…
အဲဒါနဲ့ နောက်ထပ်တစ်ယောက် ထပ်ခေါ်မယ်ပေါ့… ခုနကလိုပဲ ပြန်ခေါ်တယ်… ဒီတစ်ခါ ဝင်လာတာတော်တော်မြန်တယ်… ခေါ်လို့မှမဆုံးသေးဘူး.. ချက်ချင်းရောက်လာတာ.. ပြီးတော့ ခုနကလို ဖြည်းဖြည်းချင်း အဖုံးက မရွေ့ဘူး… နည်းနည်းမြန်နေတယ်.. ကျွန်မတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် တော့ မျက်နှာတွေ ပျက်နေကြပြီလေ.. အဲဒါနဲ့ နာမည် မေးတယ်.. အင်္ဂလိပ်စာလုံး J ကိုသွားတယ်… မြန်မြန်ပဲ.. အဲဒါနဲ့ အခြေအနေ သိပ်မကောင်းတော့ဘူးလေ.. ” ငါတို့ နဲ့ ဆော့ချင် လား..” လို့ မေးတော့ YES ကိုသွားတယ်.. အမှန် ကျွန်မတို့တွေက ကြောက်နေပြီ… NO ကိုသွားစေချင်တာ.. အဲဒါ သုံးခါလောက် မေးတော့ မထူးတော့ဘူး… သူလည်းဆော့ချင်လို့နေမှာပေါ့ ဆိုပြီး မေးချင်တဲ့ မေးခွန်းတွေ ဆက်မေးတယ်…
အခု ဒီအခန်းထဲမှာ ဘယ်သူတွေရှိလဲ မေးတော့ GIRL ဆီကိုသွားတယ်.. အဲဒါဆက်မေးတယ်.. ပြီးတော့ ဘယ်နှစ်ယောက်ရှိလဲဆိုတော့ 1 ကိုနှစ်ခါသွားတယ်… အဲဒီအချိန်မှာ စောစောက ကြောက်တဲ့စိတ်တွေပျောက်ပြီး ပျော်လာတယ်.. ” နောင်နှစ် ဆယ်တန်းတက်ရင် တစ်နှစ်တည်းနဲ့အောင်မှာလား.. ဂုဏ်ထူးတွေ ပါမှာလား.. ” အစရှိတဲ့ မေးခွန်းတွေလျှောက်မေးတယ်.. နောက် ခဏကြာတော့ ကျွန်မတို့ဆော့နေတဲ့စားပွဲကို တစ်ယောက်ယောက်က ခေါက်နေတဲ့အသံထွက်လာတယ်.. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘယ်သူခေါက်တာလဲပေါ့.. ဘယ်သူမှမခေါက်ဘူး လို့ ခေါင်းခါပြကြတယ်. နောက် ခဏကြာတော့ ဘေးနားကနေ လေတွေဝှေ့တိုက်သွားသလိုဖြစ်ပြီး သုံးယောက်စလုံး ဆံပင်တွေပါ လွင့်ကုန်တယ်.. အကုန်လုံးက ကြောက်လန့်နေကြပြီ..
အဲဒီအချိန်မှာ ကျွန်မက သတိရပြီး..
” အားလုံး လက်ကို မဖယ်ကြနဲ့နော်.. သူ့ကို ပြန်မပို့ရသေးဘူး.. ” လို့ပြောတာကို တစ်ယောက်က လန့်ပြီး တင်ထားတဲ့လက်ကို ဖယ် လိုက်တယ်…ကျန်တဲ့သူတွေလည်း မျက်လုံးတွေပြူးကုန်ကြတာပေါ့.. အဲဒါနဲ့..
” ငါတို့ ဆက်မဆော့တော့ဘူး.. ” လို့ ပြောတာကို… No ဆိုတဲ့ စာလုံးနားက ဘယ်မှမရွေ့တော့ဘူး…ကျန်တဲ့သူတွေလည်း ကြောက်ပေမယ့် မအော်ရဲဘူး… မိသွားရင် ရုံခန်းရောက်မှာလေ… အဲဒီအချိန်မှာ ဖိနပ်ကို ရှပ်တိုက်စီးတဲ့အသံတွေ စကြားရတော့တာပဲ..
အဲဒီနောက်မှာ ပြတင်းပေါက် တံခါးတွေက လေမတိုက်ဘဲ တ၀ုန်းဝုန်း ပိတ်ကုန်တာ… မှန်တစ်ချက်တောင် ခွမ် ကနဲ ကွဲသွားသေးတယ်…ကြိတ်ငိုတဲ့သူကလည်း ငိုကုန်ပြီ.. အဲ့ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နှစ်ယောက်လုံး အဖုံးပေါ်ကနေ လက်ကို ဖယ်လိုက်တာ ပုလင်းအဖုံးက စာရွက်ပေါ်မှာ သူ့ဟာသူ ရွေ့နေတယ်.. အဲဒါနဲ့ ကျွန်မလည်း အဲဒီပုလင်းအဖုံးကို စာသင်ခုံတွေ ထပ်ပြီးစီ ထားတဲ့ ခုံ အထပ်လိုက်ထပ်ထားတဲ့ဘက်ကို ပစ်လိုက်တယ်… ပြီးတော့ စာရွက်ကိုလည်း လုံးခြေပြီး စုတ်ဖြဲပစ်လိုက်တယ်…အားလုံးတိတ်ဆိတ်သွားတယ်.. အဲဒီအချိန်မှာ ကျွန်မတို့အားလုံးက ကြောက်လန့်ပြီး ဘုရားစာရွတ်မိလိုက်တာ ခုနက ပစ်လိုက်တဲ့ ပုလင်းအဖုံးရောက်သွားတဲ့ နေရာက ခုံ အထပ်လိုက်ကြီးက ဝုန်း ဆိုပြီး တစ်ခုံမကျန် အကုန်ပြုတ်ကျ တာ တစ်ကယ်ဆို ထွက်ပြေးလို့ရနေတာကို ဘယ်သူမှမပြေးမိကြသလို ခြေ ထောက်တွေလည်း မရွေ့ဘူး.. နောက်တစ်ခုထူးဆန်းတာက ဒီလောက်ဆူညံပြီး ဖြစ်နေတာကို အခန်းအပြင်က ဘယ်သူမှမကြားကြဘူးလေ..
ဆယ့်တစ်ယောက်လုံး ရသမျှ ဘုရားစာတွေ အကုန် အော်ရွတ်ကျပေမယ့် ခုနကပြိုကျတယ့် ခုံကိုလည်း လူတွေ ခြေ ထောက်နဲ့ ၀ိုင်းကန်နေသလို အသံတွေထွက်တာလည်း တိတ်မသွားဘူး.. ပြီးတော့ ဘေးနားမှာ လူတွေ ပြေးပြီးဖြတ်သွားသလို လေတွေတ၀ူးဝူးနဲ့… နောက် အခန်းထဲမှာ ထွန်းထားတဲ့ မီးပါပျက် သွားတယ်… ကျွန်မတို့လည်း အားလုံးစုထိုင် လက်အုပ်ကလေးတွေချီ.. မျက်စိကိုမှိတ်ရင်း (မျက်ရည်တွေနဲ့ပေါ့.. ) ဘုရားစာရွတ်နေလိုက်ကြတာ.. ဆယ့်ငါးမိနစ်ကျော်လောက်လည်းကြာရော ၀ုန်း ဆို နံရံကိုပစ်ဆောင့်လိုက်တဲ့ အသံကြီးကြားပြီး ပြတင်း ပေါက်တံခါးတွေရော တံခါးမကြီးရော အကုန်ပြန်ပွင့်သွားတယ်.. ခြေ ထောက်လည်း လှုတ်လို့ ရသွားတယ်.. အဲဒါ တံခါးပေါက်ကို အလုအယက် ပြေးထွက်ကြတာ အ ပေါက်ဝလဲရောက်ရော အပေါက်ဝမှာ ယောက်ျားကြီးတစ်ယောက်.. တစ်ကိုယ်လုံးမှာ သွေးတွေနဲ့.. အကျီင်္ က အဖြူရောင်.. အဖြူရောင်ဆိုပေမယ့် သွေးတွေပေကျံနေတော့ အနီဘက်တောင် တော်တော်ရောက်နေပြီ.. ပုဆိုးက အပြာ ရောင်..
သူက အခန်းပေါက်ဝမှာ ရပ်နေတော့ ဒီမှာလည်းဆက်မနေရဲ အပေါက်ဝမှာလည်း တစ်ကောင်ဆိုတော့ ကြောက်အားလန့်အားနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကိုမှိတ်.. သူ့ကိုဝင်တိုက်ပြီး အကုန်ထွက်ပြေးလာတာ… သူ့ကိုဝင်တိုက်လိုက်တာ လေဟာနယ်ထဲ ခဏလေးရောက်သွားသလိုပဲ… အခန်းက ဒုတိယထပ်မှာဆိုတော့ အောက်ထပ် ပြေးဆင်းလာကြတာ.. နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ဆိုပြီး ပြေးဆင်းကြတာ.. ပြီးတော့ ကိုယ့်အခန်းထဲပြန်ရောက်တော့ အသက်မနည်းရှုပြီး ချွေးသီးချွေးပေါက်တွေ ကျလို့.. နောက်ရက် ဆယ့်တစ်ယောက်လုံးဖျားကြတာ အကလည်းဆက်မတိုက်နိုင်တော့ဘူးလေ..
ဒီအဖြစ်အပျက်လေးကကိုးတန်းတုန်းကစူးစမ်းချင်စိတ်နဲ့ လုပ်ခဲ့ဖူးတဲ့အမှားလေးတစ်ခုပါပဲရှင်…
ကျောင်းနာမည်လေးကိုတော့ ချန်လှပ်ထားခဲ့ပါရစေ..
ဒီဇာတ်လမ်လေးကို ပြောပြပေးပို့သော မ Shweyi Phyo Zaw ကို အထူးကျေးဇူးတင်ပါတယ်..
Credit: Min Ma Naing
Read More »

ဆေးရုံပေါ်မှာ သွေးပျက်ခဲ့ရတဲ့ လူနာစောင့်တစ်ယောက်ရဲ့ ခြောက်ခြားဖွယ်ညတစ်ည


ကျွန်တော်ကြားဖူးတဲ့သရဲအကြောင်းလေး ပြောပြချင်ပါတယ် ကျွန်တော့်အိမ်ဘေးက ဦလေးကြီးတစ်ယောက်ပြောပြတာပါ သူကဆေးရုံ စောင့်လေ ညဘက်စောင့်ရတာပေါ့ တစ်ညမှာပေါ့ အသည်းအသန်ဖြစ်နေတဲ့လူနာတစ်ယောက်ကိုစောင့်ပေးနေတဲ့ချိန် ည 12နာရီလောက်မှာ လူနာက အမောဖောက်လာတယ် အဲ့မှာသူကညတာဝန်ကျတဲ့ဆရာဝန်ပြေ့းခေါ်ဖို့ကြံနေတုန်းမှာ အခန်းထဲကိုဆရာဝန် တစ်ယောက်ဝင်လာတယ် အော်သူက အဲ့ဆေးရုံ စောင့်လုပ်တာရက်ပိုင်းပဲရှိ့သေးတော့ ဆရာဝန်တွေ ဆရာမတွေ ကိုအကုန်မသိသေးဘူး နောက်ပြီး ဆေးရုံ အဆောင်တွေ ဘယ်လိုရှိ့တယ် ဘယ်နှစ်ခန်းရှိ့တယ်ဆိုတာ သိပ်မသိသေးဘူးပေါ့ အဲ့မှာဆရာဝန်ရောက်လာတော့သူက ပြောမယ်ကြံတုန်းရှိ့သေးတယ် ဆရာဝန်က လူနာကို လက်ညှိုးထိုးပြီးသူကိုလူနာတင်လှည်းပေါ်တင်ပြီး ငါနောက်လိုက်ခဲ့လို့ပြောတယ်
သူကလည်း အော်ဆရာဝန်လူနာအမောဖောက်တာသိပြီ့း သူ့ကို ကုသဖို့လာခေါါ်တာပဲဆိုပြီးလူနာကိုလည်ပေါ် တစ်ယောက်ထဲး ချီတင်ပြီးတဆရာဝန်နောက်လိုက်သွားတာပေါ့ အဲ့လိုနောက်ဆရာဝန်ရှေ့ကသွားရာနောက်ကို နောက်ကလိုက်ပြီးကောရစ်တာ တစ်လျှောက်တွန်းလာတာအဲ့မှာထွန်းထားတဲ့ မီးသီးတွေကလည်း မိန်မိန်လေးတွေ ဖြစ်နေတော့ အရာအားလုံးကိုသိပ်ထင်ထင်ရှားရှားမမြင်ရဘူး ရှေ့ကသွားနေတဲ့ဆရာဝန်ကလည်း မြန်မြန်ကြီးလျှောက်သွားတော့ ခပ်လှမ်းလှမ်းလောက်မှာမီးကလည်း မှိန်နေတော့ သိပ်ထင်ထင်ရှားရှားမတွေ့ရဘူး အဲ့လိုတွန်းလိုက်ရင်းနဲ့ ရှေ့ကဆရာဝန်က တစ်ဘက်ကိုချိုးကွေ့သွားတာ ခပ်ရေးရေးလှမ်းမြင်လိုက်ရတယ် လူနာကလည်း အရမ်းကို အမောဖောက်လာပြီးအခြေနေဆိုးလာတယ်
အဲ့တော့သူလည်းလူနာကိုစိတ်ပူပြီးခပ်မြန်မြန်တွန်းပြီးခုနကဆရာဝန်ချိုးဝင်သွားတဲ့နေရာရောက်တော့
သူလည်းလိုက်ချိုးကွေ့ဝင်မယ်လုပ်တော့ အဲ့နေရာက နံရံကြီးဖြစ်နေတယ်အဲ့မှာသူလည်း ကြက်သီးတွေ ခေါင်းနပန်းတွေကြီးလာပြီးသူပဲမျက်စိမှားလားဆိုပြီးပက်ဝန်းကျင်ကိုသေချာစူးစမ်းကြည့်တော့
ရှေ့မှာလည်း လမ်းဆုံးပြီးနံ၇ံကြီးပဲရှိ့တော့တယ် ဘေးဘက်ကြည့်တော့လည်း ဘာ လမ်း ဘာအခန်းမှ မ၇ှိ့ပဲနံရံတွေ ပဲရှိ့တယ် အဲ့မှာလူနာကိုကြည့်လိုက်တော့ လူနာကငြိမ်သွားပြီ သူလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပဲ ကြောက်ကြောက်နဲ့ လှည်းကိုလာလမ်းအတိုင်းအမြန်တွန်ြးေ့ပးတာ အနောက်က နေ အသံသြကြီးနဲ့ရီသံကြီးကိုကြားလိုက်တယ်
သူလည်းအရမ်းကြောက်ပြီး လှည်းကို တွန်းပြေးတာ သူ့အခန်းကို ဘယ်လိုပြန်ရောက်လို့ရောက်မှန်းမသိဘူးတဲ့ အခန်းပြန်ရောက်တော့လူနာကိုထားခဲ့ပြီး တာဝန်ကျဆရာဝန်တွေရှိ့တဲ့နားနေခန်းကိုပြေးပြီး ဆရာဝန်တွေကိုအကျိုးကြောင်းပြော့ပြပြီးဆရာဝန်တွေ လိုက်လာပြီးလူနာကိုစမ်းသက်ကြည့်တော့ လူနာကအသက်မရှိ့တော့ဘူး ဆရာဝန်တွေက ဘယ်လိုဖြစ်တာလည်း ဆိုပြီးအကျိုးကြောင်းမေးတော့ သူကဖြစ်ပျက်သမျှကို ပြန်ပြောပြတာပေါ့ လူနာအမောဖောက်နေတဲ့အချိန်ဆရာဝန်တစ်ယောက်ဝင်လာပြီးလူနာကို သူ့နောက်ခေါ်ခဲ့ဖို့ပြောတော့သူလိုက်သွားတဲ့အကြောင်းပြီးတော့ဘယ်လိုဘယ်လိုဖြစ်ခဲ့တယ်ပေါ့ အဲ့မှာဆရာဝန်တွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခင်ဗျားကိုလာခေါ်တဲ့ဆရာဝန်က ဒီည ဂျူတီကျတဲ့ ဆရာဝန်တွေထဲးကတစ်ယောက်မှမဟုတ်ကြောင်းနောက်ပြီးအကုန်လုံး နားနေခန်းထည်းမှာပဲရှိ့နေပြီးတစ်ယောက်မှ အပြင်မထွက်ကြောင်း နောက်ပြီးခင်းဗျားကို လာခေါ်တဲ့ဆရာဝန်က လူမဟုတ်ကြောင်း ဟိုးအရင်ကထည်းက ဒီအဆောင်မှာ စွဲနေတဲ့သူရဲဆရာဝန်တစ်ယောက်ရှိ့ကြောင်း ညဂျူတီကျတဲ့ဆရာဝန်တွေနက်စ်မတွေ သန့်ရှင်းရေးအလုပ်သမားတွေ အားလုံးနီးပါး ခြောက်လန့်ခံရဖူးကြောင်း ညည ဆို ဂျူတီကုတ်အဖြူရောင်ကြီးနဲ့ အဆောင် နားတစ်ဝိုက် လျှောက်သွားနေတာ ခဏခဏတွေ့ရကြောင်း ပြောပြတယ် ဒီအဆောင်မှာ လာတက်တဲ့လူနာတွေကြောက်လန့်မှာဆိုးလို့ ဆရာဝန်တွေ နက်စ်မတွေအားလုံးက သတင်းမပေါက်ကြားအောင် ဖုံးဖိထားကြောင်း အဲ့ကြမှ ပြောကြတယ်
အဲ့ဦးလေးလည်းဖျားသွားတယ် နောက်တော့အဲ့မှာဆက်မလုပ်ရဲးတော့ပဲ ထွက်လာခဲ့တယ်ဆိုပဲအဲ့သူရဲဆရာဝန်ဘာကြောင့်သေပြီးအဲ့အဆောင်မှာ ဘာကြောင့်စွဲနေပြီးခြောက်လန့်နေကြောင်းကိုတော့ သူလည်းဆက်မစုံစမ်းတော့ဘူး ဒါကျွန်တော့် အိမ်ဘေးက ဦးလေးတစ်ယောက်ပြောပြတဲ့ သူ့ရဲ့ကိုယ်တွေ့ အကြောင်းပါ …။
Credit: သူကြီး
Read More »

ဟိုတယ်သရဲ

ခရီးခဏခဏ ထွက်လို့ဘဲ ပြောရမလားဘဲ။ ဟိုတယ်တွေမှာ သရဲ ခြောက်တာ ခဏခဏ ကြုံဘူးပါတယ်။
ကိုရီးယား က ဟိုတယ် တခုမှာ ဟိုတယ်နာမည်တော့ မေ့သွားပြီး ခရီးထွက်တာ တညကို ဟိုတယ် တခု အိပ်တာ ဆိုတော့ ၂ရက်ဆက်တိုက် သရဲ ခြောက်တဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။

ဟိုတယ်တွေကတော့ အကောင်းစားတွေကြီးဘဲ အခန်းတွေကလည်း ဖွဲ့စည်းပုံက တော်တော် ကျယ်တယ်။ လူနေတိုက်ခန်း တခုလောက်နီးပါးကျယ်ပါတယ်။ ဟိုတယ် ရဲ့ အောက်ဘက် မြေအောက်ထပ်မှာ စူပါမားကတ် တွေ ရှိတတ်ပါတယ်။ အခန်းထဲမှာ ကုတင် ၂ခု အပြင် ရိုးရာ ပုံစံ ခင်းအိပ်လို့ရအောင် အခန်းသီးသန့် တခန်းပါသေးတယ်။ သူ့လူမျိုးတွေ ဓလေ့ အကြိုက် လုပ်ထားလို့ တော့ ပြောတာဘဲ။ အခန်းထဲမှာ မီးဖိုနဲ့ အိုးခွက် အနည်းငယ်စီပါ ပါတယ်။ မိသားစု ခရီးထွက်ရင် ပျော်ပျော်ရွင်ရွင် ချက်ပြုတ်စားသောက်နိုင်အောင် စီမံ ပေးထားတာ ဖြစ်ပါတယ်။
ပထမ တရက်ကတော့ သတိမထားမိဘူး ဒီလိုဘဲ အိပ်ခါနီး အိပ်လိုက်တာဘဲ။ ည ၁၂နာရီ ၀န်းကျင်လောက်မှာတော့ ဟိုတယ် တခုလုံး ဆူညံပြီး နေပြီး နေလို့.. ဘေးအခန်းက လူတွေ အ၀င် အထွက် လုပ်နေတယ် ထင်မိတာပါဘဲ။ မနက်မိုးလင်တော့ ဘေးအခန်းကို ကြည့်တော့ ကိုယ့်လူတွေဘဲ ဘယ်က ကလေးမှ မရှိသလို ကပ်ရပ် အခန်းကလည်း သူလည်း အိပ်နေတာ သူကြားတဲ့ အသံက တခြားတဖက်က ဖြစ်နေတယ် တခြားတဖက်ကလည်း အခန်းနံပါတ်နဲ့ ကြည့်လိုက်တော့ အဖွဲ့ထဲက လူဖြစ်နေပြန်ကော.. ထို လူတွေကို သွားမေးတော့လည်း သူတို့လည်း အိပ်နေတာ ညက ဆူညံသံကြားလို့ ထကြည့်တာ ဘာမှ မတွေ့လို့ ပြန်အိပ်လိုက်တယ် စိတ်ထဲ ဘေးအခန်းက လူရောက်နေတယ် ထင်တယ်လို့ တွေးပြီး အိပ်လိုက်တာနဲ့.. အဲဒီတော့မှ သတိထားမိပြီး ရိတ်စားမိတော့တယ်။
နောက်တရက် နောက်ထပ် ဟိုတယ် တခုမှာ အခန်းသော့လက်ထဲ ရောက်တော့ အခန်းတံခါးဖွင့်ပြီး မီးဖွင့်တော့ မီးမလာဘူး ဒါနဲ့ မန်နေဂျာကို ခေါ်ပြီး ပြလိုက်တယ်။ အခန်းထဲမှာ နှစ်ရှည်လများ လူမနေဘဲ ပိတ်ထားလို့ ဖုန်တွေထူနေသလိုမျိုးနဲ့ အခန်းအတွင်းမှာ စီးဖို့ ပေးထားတဲ့ ဖိနပ်တွေကလည်း လမ်းလယ်ခေါင် ပိတ်လို့ ဟိုတိုးဒီတိုး လုပ်ထားတဲ့ ပုံစံမျိုးပါဘဲ။ မြင်ရတာတောင် စိတ်ခြောက်ခြားစရာ သရဲကား ထဲက အကွက်တွေလို ဖြစ်နေပါတယ်။ ဒီလိုနဲ့ မန်နေဂျာက လာပြီး ကြည့်တော့ သူလည်း လန့်သွားတယ်။ သူတို့ဆီက အခန်းတွေမှာ ဒီလို အခန်းတွေ ရှိလို့လား ပုံစံနဲ့ အခန်းလဲပေးလိုက်တယ်။ ည၁၂နာရီ ၀န်းကျင်လောက်မှာတော့ ကပ်ရပ် အခန်းတွေက အခန်းအတွင်းက ဆူညံသံတွေ ကြားနေရတော့တာပါဘဲ။
နောက် ပြည်တွင်းသွားတဲ့ ခရီးစဉ်မှာလည်း ပြည်မြို့မှာ ဟိုတယ် တခု ရှိတယ် မြို့ထဲက ဟိုတယ် အဲဒီ ဟိုတယ်မှာ အိပ်တော့ တညလုံး တကျိကျိနဲ့ ဆူညံနေတာ မနက်လင်းတော့ ကြည့်လိုက်တော့ အခန်းထဲမှာ ကြွက်က ရေချိုးခန်းထဲက ဆပ်ပြာယူပြီး ကိုက်နေတဲ့ အသံ ဖြစ်နေတယ်။
နောက်တခါ ပြည်မြို့ ရောက်တော့ ဟိုတယ် ပြောင်းတည်းတယ်။ အဲဒီတုန်းက အသစ် ဖွင့်ခါစဘဲ ရှိသေးတယ်။ အခန်းတွေ အများကြီးယူတော့ သူတို့ဆီမှာ အခန်းအကုန်ပြည့်နေပြီ တခန်းကတော့ ရေပူမရဘူး အဲဒါတော့ ရှိတယ် ယူမလားတဲ့။ ရတယ် ယူလိုက်မယ် အိပ်ယုံဘဲ ဆိုပြီး သော့ယူပြီး အခန်းထဲမှာ အထုတ်ချ အေးဆေး အိပ်နေတာ.. ည ၁၂နာရီ ၀န်းကျင်မှာ အခန်း တခန်းလုံး သိသိသာသာ ဆူညံနေပါတယ် တခန်းလုံး လိုက်ထု နေတာ.. ဒုံး ဒုံး ဒုံး ဒုံး ဆိုပြီး ထုနေတာ တခန်းလုံး နေရာ မလပ် ထုနေတာ အိပ်နေတာ နိုးသွားခဲ့တယ်။ အလှူရှိတော့ ပြင်ဆင်ဖို့ ၃နာရီ နိးစက်မြည်တော့ ထပြီး လှုပ်လှုပ်ရှားရှား လုပ်ကော အသံ မကြားတော့ဘူး။ တညလုံးတော့ အိပ်မရအောင် ထုပြီး လူတွေ ထတော့ မနေရဲလို့ ပြေးတာလား မသိဘူး။
နောက် တောင်ကြီး သွားတုန်းက ကလောက ဟိုတယ် တခုမှာပါ။ ကလောဟိုတယ်က ရှေးဟောင်းအိမ်ကြီးလိုမျိုး ဟိုးအရင်က ဆောက်ထားတဲ့ ဒီဇိုင်းမျိုး ပုံစံက သပ်သပ်ရပ်ရပ် ဆိုပေမဲ့ ထူးခြားပါတယ်။ အဲဒီ မှာ အဖွဲ့ထဲမှာ ပါတဲ့ လင်မယား နှစ်ယောက်က ညဘက် ဟိုတယ် အရှေ့မှာ လမ်းထွက်လျောက်တယ်။ အညောင်းပြေ လျောက်ရင်းနဲ့ ခရိယာန် သင်းအုပ် ဘုန်းတော် ကြီး တပါးကို တွေ့လိုက်တယ် သူတို့ ဘက်ကို လျောက်လာတာ မြင်တော့ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်မိတော့ မျက်နှာ မပါတာနဲ့ ကြောက်ကြောက်နဲ့ ထွက်ပြေးလာကြတယ်။ သူတို့ နဲ့ အနီးအနားမှာ လူတွေ ရှိပေမဲ့ ကျန်တဲ့လူတွေ အဲဒီ ဘုန်းကြိး ကို မမြင်ဘူး။ သူတို့ နှစ်ယောက်ဘဲ မြင်လို့ ပိုပြီး ထိတ်လန့်ပြီး တံခါးတွေ အလုံပိတ် ဘီဒိုတွေ အတင်းတွန်းပိတ်ပြီး တံခါးကနေ ၀င်မလာအောင် လုပ်လို့ အနီးအနား အခန်းတွေ အကုန် လန့်နိုးကုန်တော့တာဘဲ။
ကြုံခဲ့သမျှ ဟိုတယ် သရဲကတော့ အခု လတ်တလော မှတ်မိတာ ဒါအကုန်ဘဲ။
credit: မန္တလေးဂဇက်
Read More »

Monday, September 21, 2015

သံယောဇဉ်


ပရလောက ရှိမရှိနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ၀တ္တုတွေ အတော်များများ ဖတ်ဖူးပါတယ်။ တချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကို တွေ့ပြီး ယုံကြည်ကြပါတယ်။ ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ တွေအကြောင်းပါဝင်ပါတယ်။ ကျွှန်တော်အယူအဆကတော့ ကိုယ်တိုင်မမြင်ဘူးသော်လည်း ယုတ္တိတန်တယ်ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက်မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။ တစ်ခါတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။  အဲဒီဖြစ်ရပ်လေးကို အားလုံးသိအောင် ရေးသားလိုက်တာပါ။ ဒီဇတ်လမ်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ် တွေရဲ့ အမည်နာမ၊ ရွာအမည်များကို လွှဲပြောင်းထားတာကလွဲလို့ ဇတ်လမ်းတစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။

ကျွှန်တော် ဘွဲရပြီး ကျွှန်တော့်မွေးရပ်မြေဖြစ်တဲ့ ရမ်းဗြဲကျွန်းကို အလည်တစ်ခေါက် ပြန်ဖြစ်ပါတယ်။ မွေးရပ်မြေက အပြန်မှာ ကျွှန်တော့် အဖေဘက်က ဦးလေးတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဆွေမျိုးတွေရှိရာ အမ်းမြို့ နယ်ကရွာတစ်ရွာကို ကျွှန်တော် အလည်အပတ်သဘောမျိုးနဲ့ ရောက်သွားပါတယ်။ အဲဒီရွာနာမည်က မင်းဒင်ရွာလို့ခေါ်ပါတယ်။ အိမ်ခြေနှစ်ရာငါးဆယ်လောက်ရှိတဲ့ ရခိုင်ရိုးမ အနောက်တောင်ခြေ တစ်ခုမှာတည်ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ တစ်ရွာလုံး ရခိုင်လူမျိုးတွေဖြစ်ပြီး သူတို့ ရခိုင်ဘာသာစကားက ကျွန်တော်တို့ ဒေသမှာပြောတဲ့ စကားထက်ပိုပြီး လေယူလေသိမ်းက ပိုပြီးဝဲပါတယ်။ ရခိုင်အချင်းချင်းတောင် နားလည်အောင် တော်တော်နားစိုက် ထောင်ရပါတယ်။
အဲဒီရွာကို တတ်တောင်ဆိုတဲ့ ရွာကနေ ၆ နာရီကြာ မော်တော်ဘုတ် စီးပြီး၊ ၂ နာရီခန့် လမ်းလျှောက်မှ ရောက်တာပါ။ ကျွှန်တော်တို့ရွာကိုရောက်သွားတဲ့ အချိန်မှာ ညနေ ၆ နာရီနီးပါးရှိပါပြီ။ ရွာကိုရောက်ခဏနားပြီး ရေမိုးချိုး ထမင်းစားကြပါတယ်။ ထမင်းဝိုင်းမှာပဲ ထူးခြားတဲ့သတင်း တစ်ခုကိုကြားရပါတယ်။ ကျွှန်တော် တည်းတဲ့အိမ်ရဲ့ ဘေးအိမ်မှာ ကျောင်းသူမိန်းကလေးတစ်ယောက် ဖျားနာနေတာ သုံးပတ်လောက်ကြာနေပြီပါတယ်။ ဘယ်လိုဆေးဆရာကို ခေါ်ကုသော်လည်း မသက်သာပဲဖြစ်နေပါတယ်။ ကျွှန်တော့်အတွက်တော့ ကြားကြားချင်း ဒီကိစ္စကိုလက်မခံနိုင်ပါဘူး။ တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ အထူးကုတွေနဲ့ သေချာကုရင် ပျောက်ကိုပျောက်နိုင်တယ်ပေါ့။ သူဖြစ်တာဘယ်လိုရောဂါဆိုတာ ဒီတောက ဆေးဆရာရမ်းကုတွေက ဘယ်သိနိုင်မလဲပေါ့။ စိတ်ထဲ့စဉ်းစားမိတာပါ။ နုတ်ကတော့ ကိုယ်နဲ့သိပ်မဆိုင်တော့ ထုတ်မပြောဖြစ်ပါဘူး။ အဲဒီမိန်းကလေးကို အင်္ဂလိပ်ဆေးနဲ့ ဘယ်လိုမှကုမရလို့ ပရောဂဆရာနဲ့ ကုမယ်ဆိုပြီးသူ့မိသားစုက စီစဉ်နေကြတယ်ဆိုပဲ။ ကျွှန်တော်လည်းနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ ပရောဂကုတာ ရုပ်ရှင်ထဲမှာပဲ မြင်ဘူးတယ်လေ။ အပြင်မှာတစ်ခါမှ မမြင်ဖူးဘူး။ ဒီတစ်ခါတော့ မလွတ်တန်းကြည့်ရမယ် ဆိုပြီး စိတ်ထဲ တေးထားလိုက်တယ်။ ကျွှန်တော့်ဦးလေးကလည်းရွာမှာ ရပ်မိရပ်ဖထဲမှာပါလေတော့ နေရာတကာသူမပါရင် မပြီးဘူး။ စကားပြောရင်လည်း သူ့အလှည့်ချည်းပဲ သူများကိုသိပ်အလှည့်မပေးတတ်တဲ့သူမျိုး။ သဒ္ဒါတရား ကောင်းပြီးနေရာတကာပါလွန်းလို့ သူမိန်းမက သူကိုအမြဲဘရိတ်အုပ်နေရတဲ့ သူမျိုး။

ညနေစာစားပြီး ဦးလေးကဘေးအိမ်ကိုသတင်းသွားမေးကြမယ်လို့ ကျွှန်တော့်ကိုလာခေါ်ပါတယ်။ သူစကားထဲမှာပါသေးတာက နေမကောင်းတဲ့ကောင်မလေးက အတော်ကိုချောတယ်ဆိုပဲ။ ကျွှန်တော်တို့ရောက်သွားတော့ ညရှစ်နာရီကျော်လောက်ရှိနေပါပြီ။ တောရွာမှာဆိုတော့ ရှစ်နာရီဆိုတာ အားလုံးအိပ်ယာ ၀င်တဲ့အချိန်ပါပဲ။ ဒါပေမဲ့ နေမကောင်းတဲ့သူရှိတဲ့ အတွက် သတင်းလာမေးတဲ့သူတွေနဲ့ သူတို့အိမ်မှာ လူစည်နေပါတယ်။ အိမ်က ကျွှန်းတိုင်တွေအများကြီးနဲ့ဆောက်ထားတဲ့ နှစ်ထပ်ရခိုင်အိမ်ကြီးပါပဲ။ အပေါ်ထပ်ကိုတက်သွားတော့ လူနာကိုဘုရာခန်းမှာ သိပ်ထားပြီး ဘုရားခန်းရှေ့ ၀ရန်တာမှာ လူနာရဲ့ဖခင်၊ မိခင် နဲ့ အတူဧည့်သည် လူကြီးနှစ်ဦး ထိုင်နေကြပါတယ်။ ဦးလေးက ကျွှန်တော့်ကို ရန်ကုန်က သူ့တူဖြစ်ကြောင်း ဘွဲ့ရပြီး အလုပ်မ၀င်ခင် ဆွေမျိုးများရှိရာသို့ ဒေသန္တရဗဟုသုတ အလိုငှာ လာရောက်လည်ပတ်ကြောင်း စသည်ဖြင့် ပြောဆို မိတ်ဆက်ပေးပါတယ်။ သူမိဘတွေပြောပြတာကတော့ မကျန်းမာ ဖြစ်နေတဲ့ မိန်းကလေးက သားသမီးတွေထဲမှာ အကြီးဆုံးပါ။ ဆယ်တန်းဖြေဖို့ လုပ်နေပါတယ်။ သူ့အောက်က တစ်ယာက်က ၆ တန်း မိန်းကလေးပါပဲ။ အငယ်ဆုံးတစ်ယောက်က ယောက်ကျားလေးဖြစ်ပြီး တစ်တန်းပါ။ သူ့မိဘများပြောပြချက်အရတော့ နေမကောင်းဖြစ်တာ သုံးပတ်လောက်ရှိပါပြီ။ အစမှာ အသံဝင်သွားတာကစတာပါ။ အသံဝင်ပြီး သုံး၊ လေးရက်လောက်မှာ ဖျားပါတယ်။ နောက်ပြီး အစာမစားနိုင် အိပ်ယာထဲ လဲတာပါပဲ။ ညဆိုရင်ကယောင်ကတမ်းထပြောပြီး ငိုတယ်ဆိုပါတယ်။ ဆရာဝန်ကိုပင့်ပြီး ပြပါသော်လည်း မသက်သာသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်တဲ့အတွက် လူကြီးသူမတွေက အကြံပေးတဲ့အတိုင်း ပရောဂဆရာကိုခေါ်ပြဖို့ လုပ်နေကြတာဖြစ်ပါတယ်။ စကားစမြည်ပြောနေကြတဲ့ အချိန်မှာပဲ လူနာကို ဆန်ပြုတ်တိုက်ဖို့ လုပ်ပါတယ်။ မကျန်းမာတဲ့ မိန်းကလေးက ဦးလေးပြောတဲ့အတိုင်း အသားဖြူဖြူနဲ့ တော်တော်ကိုချောပါတယ်။ သူညီမဖြစ်တဲ့ ၆ တန်းကျောင်းသူလေးလဲ သူ့အမလိုပဲ တော်တော်ချောပါတယ်။ ကျန်တဲ့ မိဘနှစ်ပါးနဲ့ အငယ်ဆုံးကလေး၊ သူတို့ဆွေမျိုးတွေကတော့ ကျွှန်တော့မျက်စိထဲ သာမန်ပါပဲ။ ပရောဂဆရာကို နောက်နေ့ညနေ ၆ နာရီမှာချိန်းထားတယ်ပြောပါတယ်။ ဆရာကလည်း ပရောဂကုတဲ့နေရာမှာ အဲဒီနယ်တ၀ိုက်အလွန်နာမည်ကြီးတဲ့ ဆရာဆိုပဲ။ အဲဒီညတော့ လူကြီးတွေ အာလာပသာလာပပြောကြတာကို နားထောင်ပြီး ပြန်ခဲ့ပါတယ်။

အဲလိုနဲ့ပဲ နောက်တစ်နေ့ ညနေ ၅ နာရီကျော်လောက်ကတည်းက သူတို့ အိမ်ဘက်က လှုပ်လှုပ်ရှားရှား စကားပြောသံတွေ စကြားရပါတယ်။ ကျွှန်တော်တို့လည်း ထမင်းစောစောစားပြီး နေရာကောင်းရအောင် ထိုင်တောင်မထိုင်ပဲ သူတို့အိမ်ကို ထွက်ခဲ့ကြပါတယ်။ လူနာကိုဘုရားခန်းရှေ့ မှာသိပ်ထားပြီး သူ့မိသားစုတွေကတော့ ထုံးစံအတိုင်း သူဘေးမှာ ၀ိုင်းထိုင်လို့ပေါ့။ ကျွှန်တော်ကတော့ ဘုရားခန်းအရှေ့ ၀န်ရတာမှာ လူကြီးတွေနဲ့ထိုင်နေပါတယ်။ ကျွှန်တော့်မှာပြောစရာစကားလည်းမရှိပါဘူး။ အားလုံးကလူကြီးတွေပဲဆိုတော့ သူတို့အချင်းချင်းပဲ ပြောဆိုနေကြတာပါ။ သူတို့ပြောတဲ့ စကားကလည်း အရမ်းဝဲတော့ တော်တော်အာရုံစိုက်နားထောင်ရပါတယ်။ ဒီလိုနဲ့ပဲ လေ့လာအကဲခတ်ရင်း ဆရာအလာကို စောင့်နေပါတယ်။ အဲလိုစောင့်နေရင်း ဆရာမလာခင် မိနစ်ပိုင်းအလိုမှာပဲ လူနာကကောက်ကာငင်ကာ ထငိုပါတော့တယ်။မိသားစုဝင်တွေက ချော့မောပြီးဘယ်လိုပဲမေးမေး ငိုတာကရပ်မသွားသလို စကားလည်းလုံးဝပြန်မပြောပါဘူး။  ဆရာက ၆ နာရီကျော်လောက်မှာ သူ့တပည့်တစ်ယောက်နဲ့ ရောက်လာပါတယ်။ ဆရာကအသက် ၇၀ ကျော်လောက်ရှိမယ်ထင်ပါတယ်။ ဆရာက အိမ်ပေါ်ကိုတက်လာပြီး လူနာဘေးမှာထိုင်လိုက်တာနဲ့ပဲ လူနာက အသံထွက်ငိုတာရပ်ပြီး ကြိတ်ငိုနေပါတော့တယ်။ ဆရာက လူနာဘေးကလူတွေကို ဖယ်ခိုင်းပြီး သူ့မှာပါတဲ့ရေပုလင်းထဲကရေနဲ့ လူနာပတ်လည်ကိုဖြန်းပါတယ်။ ပြီးတော့ဘုရားရှေ့ ခိုးပါတယ်။ အားလုံးစီမံစရာတွေ စီမံပြီးမှ လူနာဘေးကထိုင်ပြီး ''ကဲ အခုဒီသမီးငယ်ရဲ့ခန္တာမှာ ပူးကပ်နေတာ ဘယ်သူလဲပြောစမ်း'' ဆိုပြီး ငေါက်လိုက်ပါတော့တယ်။ ဘာမှပြန်မပြောပါဘူး။ ဆရာကနှစ်ခွန်းငေါက်လိုက်မှ လူနာက ''အရင်ဘ၀ကသူ့အမပါ'' ဆိုပြီးပြန်ပြောတယ်။ လူနာကို ဘေးကသူအမေနဲ့ အဒေါ်ဖြစ်သူက ထိုင်ပြီးစကားပြောနိုင်အောင် တွဲကိုင်ပေးထားလိုက်ပါတယ်။ ဆရာက ဘာလို့ဒီလိုလုပ်ရတာလဲလို့ဆရာက ဆက်ပြီးမေးတော့ စကားကိုဆက်ပြီးပြောပါတယ်။ သူမပြောပြတာက သူတို့တွေက အရင်ဘ၀ကညီအမလေးယောက် အတူရှိနေကြတာပါတဲ့ သူတို့ရဲ့သိုက်နန်းက မင်းဘူးမြို့နယ်ထဲကပါတဲ့။ သူကအကြီးဆုံးဖြစ်ပြီး အလတ်မ ဖြစ်သူ (ယက္ခု နေမကောင်းဖြစ်နေသူ) က လူပြည်ကိုသွားချင်တဲ့ အတွက်ခွင့်ပြုလိုက်တာပါ။ အလတ်မပြီးတော့ နောက်အငယ်တစ်ယောက်ကလည်း သွားချင်ပြန်တော့ ခွင့်ပြုလိုက်ပြန်သတဲ့။ သူတို့ကတိပြုခဲ့တာက အိမ်ထောင်မပြုပါဘူး။ အိမ်ထောင်မပြုခင်ပြန်လာမယ်ဆိုလို့ အခုသူတို့ကို ခေါ်ဖို့လုပ်နေရတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ပါဘူး။ သူတို့ညီအမလေးယောက်ကို မခွဲပါနဲ့ဆိုပြီး ပြောလိုက်ငိုလိုက် တော်တော်ကြာပါတယ်။ ဒီနေရာမှာကျွှန်တော်ပြောချင်တာက သူမပြောတဲ့စကားပါပဲ။ သူမပြောတဲ့စကားက ကျွှန်တော့်ကို အရမ်းကိုအံသြစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလောက်စကားအလွန်ဝဲပြီး ရခိုင်အချင်းချင်းတောင် အတော်နားထောင်ရတဲ့ ရခိုင်ရွာကြီးမှာ ဗမာလိုပီပီသသပြောတတ်တာဆိုလို့ ရန်ကုန်ကလာတဲ့ ကျွှန်တော်တစ်ယောက်တည်း ပါတယ်ဆိုတာ ရဲရဲကြီးပြောရဲတယ်။ ကျွှန်တော်ကငယ်ငယ်ကတည်းက ရန်ကုန်မှာကြီးလို့ ကျွှန်တော်ဗမာစကားပြောရင် ကျွှန်တော့်ကိုရခိုင်မှန်း ဘယ်သူမှ မသိပါဘူး။ ပရောဂဆရာကလည်း ဒီဘ၀မှာ သူလည်းသူမိသားစုနဲ့သူဖြစ်နေပြီဖြစ်တဲ့အတွက် အဲလိုပြန်ခေါ်ဖို့မဖြစ်နိုင်ကြောင်း ရခိုင်စကားနဲ့ပြောပါတယ်။ လူနာကလည်း ဗမာစကားနဲ့ပြန်ပြီးဖြေပါတယ်။ ငိုတဲ့အခါလည်း သူတို့ညီအမတွေဘယ်လောက်ချစ်ကြတယ် ဆိုတဲ့အကြောင်းကို ဗမာလိုဖွဲ့နွဲ့ပြောပြီးငိုပါတယ်။ နောက်ဆုံးတော့ ဆရာက အမိန်ပြန်တမ်းထုတ်ပြီး သိုက်ကြိုးဖြတ်လိုက်ပါတယ်။ အဲလိုဖြတ်တာ သူတစ်ယောက် တည်းကိုမဟုပ်ပါဘူး။ သူညီမကိုပါဖြတ်လိုက်တာပါ။ သိုက်ကြိုးမဖြတ်ခင် အတော်ကြီးကို တောင်းပန်ပြီး ငိုခဲ့ပါသေးတယ်။ နောက်ဆုံးဆရာသိုက်ကြိုးဖြတ်ပြီးတော့ လူနာမိန်းကလေးက ဘုန်းကနည်းလဲပြီး နဲနဲလေးငြီးပြီး အိပ်ပျော်သွားပါတယ်။ ကျွှန်တော်တို့လည်း အံသြခြင်းများစွာနဲ့ အိမ်ကိုပြန်ခဲ့ကြပါတယ်။

နောက်နေ့မနက်မိုးလင်းတော့ လူနာသတင်းမေးဖို့ အစောဆုံးဦးလေးကိုပူဆာသူက ကျွှန်တော်ပါ။ ကျွှန်တော့်ခေါင်းထဲမှာ မေးစရာမေးခွန်းပေါင်းများစွာ တန်းစီနေပါတယ်။ ဒါပေမဲ့ ဦးလေးက မိန်းကလေးနေကောင်းပါစေဦး စောင့်ပါဦးဆိုလို့ ၄ ရက်တိတိစောင့်ခဲ့ပါတယ်။ အဲနေ့ကစပြီး ကောင်မလေးလည်း လူကောင်းပကတိအလားနေကောင်းသွားပါတယ်။ အားရှိလာအောင်တော့ အားပြန်မွေးရတာပေါ့။ ၄ ရက်ကြာလောက်စောင့်နေတဲ့ အတောအတွင်းမှာပဲ သူ့ရဲ့ညီမဖြစ်သူ၊ သူမိသားစုတွေနဲ့ ကျွှန်တော် အတော်လေးရင်းနီးသွားခဲ့ပါတယ်။ ၄ ရက်မြောက်တဲ့နေ့မှာ ကျွှန်တော်သူတို့အိမ်ကို သွားလည်တော့ မိန်းကလေးက အိမ်ရှေ့ မှာ ထိုင်နေရာက ကျွှန်တော်လာတာမြင်တော့ ထပြေးဖို့လုပ်ပါတယ်။ လူကြီးတွေက အတင်းတားပြီး နင့်ကို ဒီဧည့်သည်လေးက စကားပြောချင်လို့ ဆိုပြီးအတင်းခေါ်မှာ ဆက်ထိုင်နေပါတယ်။ အဲနေ့က ကျွှန်တော်သူကို မေးတဲ့မေးခွန်းတွေကတော့ ဗမာစကားပြောဘူးလား၊ ပြောတတ်လား။ ကျောင်းမှာဆရာမက ဗမာလိုပြောပြီးသင်တာလား။ ရခိုင်စကားနဲ့သင်တာလား။ ရန်ကုန်ရောက်ဘူးလား။ အဲညက အဖြစ်တွေကိုမှတ်မိလား စသဖြင့် စုံလို့ပါပဲ။ သူအဝေးဆုံးရောက်ဘူးတာ အမ်းမြို့ ပါ။ အမ်းမြို့ ကလွဲပြီး ဘယ်မှမရောက်ဘူးပါဘူး။ ဗမာစကားကိုဘယ်နေရာမှာမှ ပြောစရာနေရာမရှိပါဘူးတဲ့။ ဗွီဒီယိုကားတွေကို ကြည့်တဲ့အတွက်နားလည်ပြီး သီချင်းတွေလည်း နည်းနည်းပါးပါးနားထောင်ဘူးပါတယ်တဲ့။ (ရခိုင်တော်တော်များများက ဗမာစကားကိုနားလည်ကြပါတယ်။ ပြန်မပြောတတ်ကြပါ) ပရောဂကုတဲ့ညက ကိစ္စတွေ သူဘာမှမသိပါဘူးတဲ့။

သို့သော် သူ့ကိုပရောဂ ကုတဲ့ညက သူပြောခဲ့တာတွေကိုကျွှန်တော့်နားနဲ့ ဆက်ဆက်ကြားခဲ့တဲ့ အတွက် ကျွှန်တော့်အဖို့တော့ သူ့ကိုကြည့်ရင်း အံသြပြီးရင်းအံသြနေရပါတယ်။ သူ့မိသားစုတွေကတော့ သူတို့သမီးလေး နေကောင်းသွားတဲ့ အတွက်ဘာမှထွေထွေထူးထူး မစဉ်းစားကြတော့ပါဘူး။ သူ့သူငယ်ချင်းတွေကတော့ အဲဒီညက သူဗမာစကားပြောတာကို နဲနဲအံသြကြပါသတဲ့။ ကျွှန်တော်ကတော့ ပရလောကဆိုတဲ့ စကားလုံးကိုကြားတိုင်း သူမကိုပြေးပြီးမြင်ယောင်မိပါတယ်။ သူမရဲ့အရင်ဘ၀က အမဖြစ်သူကော အဆင်မှပြေပါလေစ ဆိုပြီးတစ်ခါတစ်ရံ စဉ်းစားမိပြီး စိုးရိမ်မိပါတော့တယ်။
Read More »

Saturday, September 19, 2015

အခန်းအမှတ် ၁၀၁

ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။

ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။

အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."

"ဟုတ်တယ်လေ… ဘာလို့လဲ.."

"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."

"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "

ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."

"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"

ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…

"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"

"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."

ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။

"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."

"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."

"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."

"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"

"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ

"အဟစ်…အဟစ်…အဟစ်…."

"ဟိ…ဟိ…ဟိ…ဟိ…"

ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"

ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….

အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး  ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

"အောင်မလေးဗျ…."

ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

"အားးးးးး…"

ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။  အောက်ထပ်ကို ပြေးဆင်းသည်။  အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

အောင်ထွန်းဦး

Read More »

Friday, September 18, 2015

ကျနော်နှင့်ကျောင်းရေကန် (အောင်ထွန်းဦး)


 ကျွန်တော် နေခဲ့တဲ့ လားရှိုးက ကျောင်းတစ်ကျောင်း မှာ သရဲရှိတဲ့ ရေကန် တစ်ကန်ရှိတယ်ဗျ….။ ရှင်းပြရမယ်ဆို ဒီလို…။ ကျွန်တော်တို့ ကျောင်းနောက် ဘက်မှာ ရေကန်ကြီး တစ်ကန် ရှိတယ်..။ အဲ့ဒီ ရေကန်က နာမည်ကြီး။ တစ်နှစ်ကို တစ်ယောက် အနည်းဆုံး စားတယ် ဆိုပြီး နာမည်ကြီးတာ..။ အမှန် ရေကန် တစ်ကန်လုံးက တိမ် တိမ်လေး..။ ကန်စိမ်း ဆိုတဲ့ နေရာတစ်ရာလေးသာ ကွက်ပြီး နစ်နေတာ..။ သေကြတဲ့ သူတွေကလည်း အဲ့ဒီ နေရာမှာ သေကြတာပဲ။

ခက်တာက ကျွန်တော်တို့ ကလေးတွေ စိတ်ကူးပဲ..။ ရေကန်က တစ်နှစ်တစ်ယောက် လူစားတယ်ဆိုတော့ ဒီတစ်နှစ်ပတ်ထဲ ဘယ်သူမှ မသေ သေဘူးဆိုရင် ကန်စိမ်းဘက်ကို ဘယ်သူမှမသွားရဲကြဘူး..။ အဲ တစ်ယောက် သေပြီဆိုတာနဲ့ သူစားပြီးသွားပြီ ဆိုပြီး ကဲတော့တာပဲ..။ အဲနောက်ပိုင်း တစ်နှစ်ကို နှစ်ယောက်၊ သုံးယောက်၊ လေးယောက် ဖြစ်လာပြီး နောက်ဆုံး ကန်ထဲကို ရေမကူးရ ဆိုပြီး ကျောင်းက ဆရာ/ဆရာမ တွေက စည်းကမ်းတွေ ထုတ်လိုက်ရတယ်…။

မှတ်မှတ် ရရ အဲ့ဒီနှစ်က ကျွန်တော် ငါးတန်း၊ ကျွန်တော်နှင့် ကျွန်တော် သူငယ်ချင်းနှင့် နှစ်ယောက် တနင်္ဂနွေ နေ့ကျောင်းပိတ်ရက်မှာ ဘောလုံးကန်ရင်းငါးမျှားထွက်ကြတယ်…။ ကျောင်းကွင်းမှာ ဘောလုံးကန်ပြီးတော့ ကျောင်းနောက်က ကန်မှာ ငါးမျှားမယ်ပေါ့…။ ဘောလုံးလည်းကန်ပြီးရော ကျွန်တော်တို့တွေ ကန်ဘေးမှာ ထိုင် ပြီး အေးအေးလူလူ ငါးမျှားနေတယ်…။ ဘောလုံးကိုတော့ လမ်းဘေးပေါ်မှာ တင်ထားပြီး ကျွန်တော်တို့က ကန် ဘောင် ဘေးက အပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ ထိုင်ပြီး ငါးမျှားနေတယ်..။ ကျွန်တော့် အထင် အချိန်က ညနေ ၃း၀၀ နာရီလောက် ရှိမယ်…။

ရုတ်တရက် ကျွန်တော်တို့ လမ်းပေါ်မှာ တင်ထားတဲ့ဘောလုံးကို တစ်ယောက်ယောက်က ကန်ထဲကို ကန်ထည့် လိုက်တယ်..။ ကျွန်တော်တို့ ဘယ်သူကန်လဲလို့ လိုက်ရှာတာ ဘယ်သူမှ မတွေ့ဘူး..။ သူ့ဟာသူ ကျရအောင် လည်း ဘောလုံးထားတဲ့နေရာက မြေညီမှာ။ ပြီးတော့ ဘောလုံး ကျသွားတဲ့ နေရာက ကန်စိမ်းရဲ့ အလယ် တည့်တည့်။

သူငယ်ချင်းက ဘောလုံး ဆင်းယူဖို့ အင်္ကျီတွေ ချွတ်လိုက်တယ်..။ ကျွန်တော်က ရေမကူးတတ်ဘူး..။ ဒီကောင်က ရေကူးတော်တော်ကျွမ်းတယ်..။ အရင်ကလည်း ဒီကောင် ကူးနေကြဆိုတော့ ကျွန်တော်လည်း ဒီအတိုင်းပဲနေလိုက်တယ်.။ဒီကောင်ကန်စိမ်းလည်းရောက်ရောရုတ်တရက် ရေငုတ်သလို ပျောက်သွားတယ်..။ ကျွန်တော် ဒီကောင် ရေငုတ်တယ်ပဲ ထင်တာ…။ တော်တော်ကြာ ပေါ်မလာတော့မှ ကျွန်တော် ပြာပြီလေ..။
နီးစပ်ရာ လူကြီးတွေကို ပြေးခေါ်…၊ လူကြီးတွေ ရေငုပ်ရှာတော့ ဟိုးရေအောက်မှာ ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး အသက်မရှိတော့တဲ့ ဒီကောင့်ကိုပြန်တွေ့ရတယ်..။ လူကြီးတွေကလည်း အံ့သြနေ ကြတယ်..။ ဒီကောင် ရေကူးဒီလောက်တော်တာ လူတိုင်းသိတယ်..။ ပြီးတော့ ဒီလိုရေသေမှာ ဒီကောင် ဘာကို ဒီလောက် ကြောက်လန့်ပြီး ကျောက်တုံးကို မလွတ်ပဲ ဖက်ထားစရာ ဘာရှိလဲဆိုတာ သူမှပဲ သိနိုင်မှာ..။

သူငယ်ချင်း အသုဘကိစ္စတွေ လုပ်ကူရင်းနဲ့ ၁၀ ရက်လောက် ကျောင်းကနေ ခွင့်ယူလိုက်တယ်..။ ကိုယ့်မျက်စိ ရှေ့မှာတင် ဒီကောင့်အလောင်းကို မြင်ခဲ့ရတာဆိုတော့ စိတ်ကလည်း လုံးဝမကောင်းဘူး..။ ဒီလိုနဲ့ ကျောင်း ပြန်တက်တော့ အရာရာကိုမေ့နိုင်အောင် ကြိုးစားပြီး အကောင်းဆုံးနေနိုင်အောင်ပဲ ကြိုးစားခဲ့တယ်..။

တစ်ရက် ဘာကိုဘယ်လို စိတ်လေမိမှန်းမသိဘူး..။ ကျောင်းဆင်းလို့ အိမ်လည်း မပြန်ချင်၊ ကျူရှင်လည်း မသွားချင်တာနဲ့ ကျူရှင်ပြေးပြီး ဘောလုံးကန်နေလိုက်တယ်..။ ကန်ကောင်းကောင်းနဲ့ ကန်လိုက်တာ ဘောလုံး မမြင်ရအောင် မိုးချုပ်မှ ပွဲရပ်ပြီး အိမ်ပြန်ကြတယ်..။ ကျွန်တော့်အိမ်ပြန်မယ့်လမ်းက အဲ့ဒီကန်ကြီ ဘေးက လမ်းကနေ သွားရမယ်..။

ဒီလောက် မိုးချုပ်ကြီး တစ်ယောက်တည်း ဒီကန်ကြီးဘေးကနေ တစ်ခါမှ မဖြတ်ဘူးတော့ လန့်တာပေါ့..။ ဒါပေမယ့်မပြန်လို့မှမဖြစ်တာ..။ ကျောင်းစောင့်က ကျောင်းတံခါးတောင် သော့ခတ်ပြီးနေလို့ ပြန်တောင်းပန် ပြီး မနည်းဖွင့်ခိုင်းရတယ်..။ ကျောင်းပြင်ရောက်လို့ ကန်ကြီးကို မြင်ရတာ မလှုပ်မလျက်နဲ့ တစ္ဆေတစ်ကောင် ပြားပြားကြီး အိပ်နေသလိုမျိုးပဲ…။

ကိုယ့်ကိုယ်ကို အားမွေးရင်း လျှောက်လာလိုက်တာ ကန်လယ်လောက်လဲရောက်ရော.. တစ်ဗွမ်းဗွမ်းနဲ့ ရေထဲကို ခုန်ချနေတဲ့ အသံတွေ ကြားရတယ်..။ သြော်.. ဘောလုံးအတူတူ ကန်ခဲ့တဲ့ကောင်တွေ ထင်တယ်..။ မိုးချုပ်နေပြီ ဒီကောင်တွေတော့ ဆရာ/ဆရာမတွေ တွေ့ရင် ဆူခံရအုံးမယ်လို့ တွေးနေမိတယ်…။ ဟုတ်တယ်..။ ကောင်လေးတွေ အများကြီးပဲ..။ လမ်းဘေး ကန်ဘောင်ပေါ်က ရေကန်ထဲကို ခုန်ခုန်ချနေကြတာ..။ ကျွန်တော် အဖော်ရပြီးဆိုပြီး အားတက်လာတယ်..။
ကျွန်တော် သူတို့အနီးရောက်မှ သိလာတာက သူတို့မျက်နှာတွေက ဖြူဖတ်ဖြူရော်တွေ..၊ ပြီးတော့ အရေပြား တွေက တွန့်လိမ်နေတယ်..။ သူတို့ တစ်ကိုယ်လုံး ရေတွေ ရွှဲရွှဲစိုနေပြီး နှုတ်ခမ်းတွေက ပြာပြီး အနက်ဖက်ကိုပါ တမ်းနေပြီ..။ တစ်ချို့တွေက ဗိုက်ကြီးတွေပူပြီးတော့ မျက်နှာတွေ မပြုံး မရီ အရုပ်တွေလိုပဲ တာဝန်အရ ရေထဲ ခုန်ချနေတဲ့ပုံစံ။ တောင့်တောင့်ကြီးတွေ..။

ကျွန်တော် ဇောချွေးတွေ ပြန်လာပြီး သူတို့ကိုပဲ ကျော်သွားရမလား..၊ ကျောင်းထဲ ပြန်ပြေးဝင်ရမလား စဉ်းစားနေ တုန်း.. ခုန်ချနေတဲ့ သူတွေထဲက တစ်ယောက် ကျွန်တော့်ဖက်ကို လှည့်လာတယ်..။ သူ့မျက်နှာ ကို မြင်လိုက်ရတော့ ကျွန်တော့် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်..။ တလောကမှ ဘောလုံးဆင်းယူရင်း ရေနစ်သွားတဲ့ ကျွန်တော့်သူ ငယ်ချင်း..။ သေချာ ပြန်ကြည့်တယ်..။ ဟုတ်တယ်။ မမှားဘူး..။ ဒီကောင်မှ ဒီကောင် အစစ်။

ဒီကောင် ရေကန်ထဲကို မခုန်ချပဲ ကျွန်တော့်ဘက် ကို လျှောက်လာတယ်..။ လမ်းလျှောက်ပုံက စက်ရုပ် တစ်ရုပ်လိုပဲ..။ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ အော်ပြီး ကျောင်းဘက်ကို လှည့်ပြေးတယ်..။ ကျောင်းက ၀န်းတံခါးပိတ် ထားပြီးပြီ။ ကျောင်းစောင့်ကြီးကို အော်ခေါ်တယ်..။ ဘာသံမကြား..။ အဲ့ဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ဘက်ကို လျှောက်လာနေတုန်းပါပဲ..။ ကျွန်တော် ရသမျှ ဘုရားစာတွေ အကုန်ရွတ်ပါတယ်..။ ကျွန်တော်နဲ့ သူ ၁၀ ပေလောက်အကွာမှာ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ သံဆူးကြိုးတွေ ရှိတဲ့ အုတ်နံရံ ကို တွယ်တက်ပြီး ကျောင်းဝန်းထဲကို ကျော်ဝင်လိုက်ပါတယ်..။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြီးပါပဲ..။ ပြီးမှ ကျောင်းစောင့်အိမ်ကိုသွားပြီး အဖြစ်အပျက်ပြောပြတော့ ကျောင်းစောင့်ကြီးက အိမ်ကိုဖုန်းဆက်ပေးပြီး အိမ်က လူတွေက ကျွန်တော့်ကို ကျောင်းမှာ လာကြိုကြပါတယ်…။

ဒီအဖြစ်အပျက်ကို ယုံတဲ့သူလဲ ရှိသလို မယုံတဲ့လူလဲ ရှိပါတယ်..။ လုပ်ကြံပြောတယ်လို့ လာပြောတဲ့သူတိုင်းကို ကျွန်တော် အုတ်နံရံကျော်လို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေက လုပ်ကြံဇာတ်လမ်း မဟုတ်ဘူးလို့ သက်သေခံပါတယ်..။

နောက်ပိုင်း ကျောင်းဝင်ပေါက်ကို ရေကန်ဖက်ကနေ အရှေ့ဘက်ကိုနေရာပြောင်းပြီး အဲ့ဒီ ၀င်ပေါက်ကိုတော့ အပြီးပိတ်လိုက်ပါတယ်..။ ဒါပေမယ့်လည်း ကျွန်တော့်လို ညဘက် ကလေးတွေ ရေကန်ထဲ ခုန်ခုန်ချနေကြတယ် ဆိုကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးသူ တစ်ယောက်တော့ ရှိပါတယ်..။ သူကတော့ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းစောင့်ကြီးပေါ့ဗျာ…။

လားရှိုးမှာ နေတာကြာရင် ကျွန်တော်ပြောတာ ဘယ်ကျောင်းလဲ သိကြမှာပါဗျာ..။ အခုတော့ အဲ့ဒီကန်ကြီး ကောသွားပြီလား ဆက်ရှိသေးလားတောင် မသေချာတော့ဘူး..။

အောင်ထွန်းဦး
Read More »

Wednesday, September 16, 2015

သရဲခြောက်သောရုပ်ရှင်ရုံကြီး

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်အနီးရှိ သရဲခြောက် သည်ဟု နာမည်ကြီးနေသော `တို့ရ်စတုပ်´ (Tåstrup) ရုပ်ရှင်ရုံ အဟောင်းကြီးနှင့် လက်ရှိ ကျနော့် (စာရေးသူ) အိမ်သည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၅၀ ခန့်သာ ကွာဝေး ပါသည်။ ဥရောပ ရှေးဟောင်းမြို့တော် စာရင်းဝင်ဖြစ်သည့် ကိုပင်ဟေဂင်မြို့ အနီးအနားတ၀ိုက်တွင် သရဲတစ္ဆေ ခြောက်လှန့် သည်ဟု နာမည်ကြီးသော နေရာ အတော်များများ ရှိပါသည်။ ထိုနေရာများထဲတွင် `တို့ရ်စတုပ်´ ရုပ်ရှင်ရုံအဟောင်းသည် ထိပ်တန်းစာရင်းဝင် နေရာတစ်ခုဖြစ်ပါသည်။ …........ …... …. ကျနော်တို့ လက်ရှိ နေထိုင်ရာ ရပ်ကွက်ထဲတွင် ပင်စင်စား ၀န်ထမ်းများ၏ အပျော်တမ်း လမ်းလျှောက်အသင်း ဆိုသည့် အဖွဲ့တစ်ဖွဲ့ ရှိပါသည်။ ထိုအဖွဲ့၏ ရုံးခန်းသည် ကျနော်တို့ တိုက်နှင့် မလှမ်းမကမ်းတွင် ရှိပါသည်။ ကျနော်သည် ထိုအဖွဲ့ မှ `ပေါလ်´ ဟု ခေါ်သော ဒိန်းမတ်လူမျိုး အဖိုးအို တစ်ဦးနှင့် ရင်းနှီးနေပါသည်။ `ပေါလ်´ သည် ယခင်က ဒိန်းမတ် ရုပ်မြင်သံကြား လိုင်း တစ်ခုဖြစ်သည့် `TV 3´ ၏ သရဲတစ္ဆေ၊ နာမ် ၀ိညာဉ် များနှင့် ပက်သက်သော ပရိုဂမ်တစ်ခုတွင် သတင်းမုဆိုး (hunter) အဖြစ် ကာလရှည်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ယခုအချိန်အထိလည်း ရုပ်မြင်သံကြား အစီအစဉ် တော်တော် များများတွင် သူ့မိတ်ဆွေ အချို့နှင့် တွဲဖက်၍ သူတို့၏ ထူးခြား အံသြဖွယ် အတွေ့အကြုံများအကြောင်း ပြောပြလေ့ရှိပါသည်။ ကျနော်တို့ နေထိုင်ရာ ဒေသ၏ အနီးတ၀ိုက်တွင် သဘာဝ သစ်တောဖြစ်သည့် ဒိန်းမတ်အမျိုးသား ဥယျာဉ်`ဂစ်စကို့´ (Gribskov) သစ်တောနှင့် သဘာဝအရ မဟုတ်ဘဲ ၁၇- ရာစုခေတ် ဒိန်းမတ်ဘုရင်များ အမဲလိုက်ရန်အတွက် သမင်၊ ဒရယ်များအား မွေးမြူထားခဲ့သော `စတိုးဝါ ဒွိရော်ဟဲဘန်း´ (Store Dyrehave) ဟု ခေါ်ဆိုသော သစ်တော နှစ်ခု ရှိပါသည်။ ထိုသစ်တောများ အတွင်း လေ့လာ အပန်းဖြေသူများ၊ မုဆိုးများအတွက် တစ်ည တာ တည်းခို အိပ်စက်နိုင်သည့် တဲငယ် များ ရှိပါသည်။ ကျနော့် မိတ်ဆွေ အဖိုးအို `ပေါလ်´ ၏ ပြောပြချက်အရ …. `နေရာတိုင်းတော့ မဟုတ်ဘူး၊ တချို့ တဲငယ်တွေမှာ ၀ိညာဉ်တွေ၊ မကောင်းဆိုးဝါးတွေ တွဲကပ်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော် ကြားရတယ်၊ ထုံးစံအတိုင်းပေါ့ ကျနော်တို့ က သတင်းမုဆိုးဆိုတော့ အဲဒီနေရာမှာ အသံဖမ်းစက်တွေ ဘာတွေ သွားထားပြီး သတင်းယူဖို့ ကြိုးစားပါတယ်၊ သုံး၊ လေးရက်လောက်နေတော့ သွားပြန်ကြည့်တာ ကိုယ့် အသံဖမ်းစက် ပျောက်တာပဲ အဖက် တင်တယ်၊ တောထဲ အပျော်တမ်း ခရီးထွက်တဲ့ လူငယ်တွေက ကျနော်တို့ အကြံ အစည်ကို ကြို သိလို့လား မပြောတတ်ဘူး၊ သရဲ အသံတော့ မရဘူး၊ စက် ပျောက်တာပဲ အဖက်တင်တယ် …. ´ ဟု `တဟားဟား´ ရယ်မောပြီး ပြောပြပါသည်။ လွန်ခဲ့သော အပတ် သောကြာနေ့ ညနေခင်းတစ်ခုတွင် အဖိုးအို `ပေါလ်´သည် ကျနော်ထံသို့ ရောက်လာပြီး `ကျုပ်မိတ်ဆွေ တစ်ဦးထံက သတင်းတစ်ခု ရတယ်ဗျ၊ `တို့ရ်စတုပ်´ (Tåstrup) ဖက်က ရုပ်ရှင်ရုံအဟောင်းကြီးမှ ခုတလော သရဲတစ္ဆေတွေ ပြန်ပြီး ခြောက်လှန့်နေတယ်ဆိုတဲ့ သတင်းပဲ၊ အဲဒါ ပင်စင်စား အပျော်တမ်း လမ်းလျှောက်အသင်း က နောက်ထပ် မိတ်ဆွေ နှစ်ဦးလည်း ပါမယ်၊ ခင်ဗျားပါ လိုက်မယ် ဆိုရင် လေးယောက်ပေါ့၊ အဲဒီမှာ တစ်ညတာ အိပ်စက် လေ့လာဖို့ ရုပ်ရှင်ရုံက တာဝန်ရှိသူတွေထံ ကျနော် ခွင့်တောင်းပြီးပြီ၊ ဘယ်လိုလဲ သရဲနဲ့ မတွေ့ရတော့လည်း ရုပ်ရှင်ရုံထဲက ခန်းမထဲမှာ ကျနော် တို့အုပ်စု ပျော်ပျော်ပါးပါး ဘီယာ သောက်ကြမယ်လေ ဗျာ … ´ …...... …... … ရုပ်ရှင်ရုံ၏ ခန်းမသည် သိပ်အကျယ်ကြီးတော့ မဟုတ်ပါ၊ သာမန် အငယ်စား ဇာတ်စင်လောက်သာ ဖြစ်ပါသည်။ သရဲတစ္ဆေ ၀ိညာဉ် အရိပ်များ ပေါ်လာတတ်သည်ဟု လူပြောများသော `မှန်´ ပြတင်း ပေါက်သည် ခပ်မြင့်မြင့် နေရာများတွင် ရှိပါသည်။ ကျနော်တို့ လေးဦး သည် ခန်းမအတွင်း စရောက်သည်နှင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်တတ် သည်ဟု နာမည်ကြီးသော နံရံပေါ်မှာ မီးခလုတ်အားလုံး၏ ထိန်းချုပ်ရာ ဖြစ်သော ပင်မ မီးခလုတ်အား ပိတ်ထားလိုက်ပါသည်။ အပေါ့အပါး သွားရန် အိမ်သာအခန်း မီးနှင့် ဇာတ်စင်ပေါ်က မီးများအားလုံးကို ထိန်းထိန်းတောက်နေအောင် ထွန်းထားလိုက်ပါသည်။ ရုံထဲ ရောက်ကာစက အနည်းငယ် သတိထားနေမိသော်လည်း ရယ်စရာ ပြောပြတတ်သည့် အဖိုးအို တစ်ဦးကြောင့် သရဲတစ္ဆေဆီ စိတ်မရောက်ပဲ သူ့စကားအတွင်း နှစ်မျောနေပါသည်။ ည ၁၁ နာရီ ခန့် တွင် ကျနော်တို့ အုပ်စု ထိုင်နေသော ဇာတ်စင်၏ ဘေးဖက် လှေကား အတက်အဆင်းတွင် ရှိသည့် အမှိုက်ပုံးသည် တစုံတယောက် ခြေထောက်ဖြင့် ခပ်ပြင်းပြင်း လာကန်လိုက်သလို ခပ်ကျယ်ကျယ် အသံတစ်ခု ထွက်လာပါသည်။ ကျနော်တို့ လေးဦး အလျင်အမြန် သွားကြည့်ခဲ့ပါသည်။ အမှိုက်ပုံးသည် သူ မဟုတ်သလိုပင်၊ တစ်ခုခု ချိုင့်ဝင်သွားသလိုလည်း မရှိ၊ ပုံးနံဘေးတွင် ခြေရာလက်ရာလည်း မပျက်ပါ။ စဉ်းစားလို့ အဖြေထွက်မလာပါ။ ကျနော်တို့ စကားဝိုင်းသည် ခေတ္တ တိတ်ဆိတ်သွားပြီး တစ်အုပ်စုလုံး ဟိုနေရာ ဓါတ်မီးဖြင့် ထိုး ကြည့်လိုက်၊ ဒီနေရာ ထိုးကြည့်လိုက်ဖြင့် စူးစမ်းကြည့်ပါသည်။ ဘာမျှ မမြင်ရပါ။ နောက်ထပ် တစ်နာရီနီးပါးလောက် ဟိုအကြောင်း ပြောလိုက်၊ ဒီအကြောင်းပြောလိုက်ဖြင့် တစုံတခုကို သတိ အနေအထားဖြင့် ကျနော် တို့ စကားဝိုင်းကို ဆက်ခဲ့ပါသည်။ သို့သော် အားလုံးသည် ထူးထူးခြားခြား အသံဗလံများ ထပ်ကြားမရလား ဟူသော် မျှော်လင့်ချက်ဖြင့် ဘေးဘီသို့ မကြာခဏ လှည့်ပတ် ကြည့်နေမိပါသည်။ ည ၁၂ နာရီ ကျော်ကာစတွင် ကျနော်တို့ လေးဦးစလုံး နံဘေးချင်း တန်းစီးပြီး အိပ်စက်ခဲ့ကြပါသည်။ အပူချိန်သည် သုညအထိ ထိုးကျနေသောကြောင့် ခန်းမနံဘေးမှ အပူစက် များကို နံပါတ် (၄) အထိ ဖွင့်ထားရပါသည်။ ကျနော့်နံဘေး အစွန်းဆုံး တွင် အဖိုးအို `ပေါလ်´ အိပ်စက်ပြီး တစ်ဖက်တွင် ကျန် အဖိုးအို နှစ်ဦး တို့ အိပ်စက်နေပါသည်။ အိပ်ဖို့ အိပ်ယာနှင့် ကျော ထိစပ်လိုက်သည့် နှင့် ချက်ချင်း အိပ်မပျော်တတ်သည့် ကျနော်သည် သူတို့၏ ဟောက်သံ များကို နားထောင်ရင်း နောက်ထပ် ၁၅ မိနစ်ခန့်တွင် အိပ်ပျော်သွား ပါသည်။ ရုတ်တရက် စကားပြောသံ ခပ်ကျယ်ကျယ်များကြောင့် အိပ်ပျော် နေရာမှ ကျနော် နိုးလာပါသည်။ အဖိုးအိုများ၏ ပြောပြချက်အရ အိမ်သာနှင့် ကျနော်တို့ အုပ်စု အိပ်စက်နေရာ ဇာတ်စင်တို့အကြား လူသွားလမ်းတွင် လူ နှစ်ဦး၊ သုံးဦးခန့် စကား စုပြောသံ၊ လမ်းလျှောက်သံ များ ကြားရကြောင်း၊ ခန်းမနှင့် အိပ်သာအကြားတွင် ရှိသော အ၀င်အထွက် တံခါးကို တစုံတဦး တွန်းဖွင့်လိုက်သံကို ပီပီသသ ကြားရကြောင်း ပြောပြပါသည်။ နောက်ထပ် နှစ်နာရီ နီးပါးလောက် ကျနော်တို့ တစ်အုပ်စုလုံး ပုံစံမျိုးစုံဖြင့် စူးစမ်းကြည့်ပါသေးသည်။ အရာရာသည် တုပ်တုပ်မျှ မလှုပ်ရှားပါ။ နောက်ဆုံးတွင် ကျနော်တို့တစ်စုလုံး အိပ်ယာထဲ ပြန်အိပ်ခဲ့ကြ ပါသည်။ အဖိုးအို သုံးဦးထံမှ `ဟောက်သံ´များ ချက်ချင်း ထွက် မလာတော့ပါ။ တစုံတခုအတွက် သူတို့ ဇဝေဇ၀ါ ဖြစ်နေပုံ ရပါသည်။ ကျနော်သည် ငယ်စဉ်က ကျနော့်အမေဖက်မှ အဖွား ဖြစ်သူ နူတ်တိုက် သင်ကြား ရှင်းပြခဲ့သော ဗုဒ္ဓဘာသာဝင်အများစု မှီခိုအားထားရဖြစ်သည့် `ဓာရဏ ပရိတ်´ ကို သုံးခေါက်ခန့် ရွတ်ဆို ရင်း ကျနော်တို့ လေးဦး အိပ်စက်ရာ နံဘေးတွင် စည်းပုံစံ တားခဲ့ပါသည်။ နောက်ထပ် နံနက်ခင်းအထိ ကျနော် မနိုးတော့ပါ။ နံနက်ခင်း အိမ်အပြန်တွင် အိမ်နံဘေးက သူတို့ လမ်းလျှောက်အသင်း ၏ ရုံးခန်းထဲ၌ ကော်ဖီသောက်ရင်း ညက ထိန့်လန့်စရာများကို ပြန်ပြောင်း ပြောနေခဲ့ကြပါသည် …. ။
Read More »

Tuesday, September 15, 2015

ဖုတ်တို့၏မာယာ

ကျွန်တော်အခုပြောပြမှာကတော့ ဖုတ်ဝင်တဲ့ အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေအန်တီက မိသားစုသုံးယောက်ရှိပါတယ် ....သူ့ ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သားတစ်ယောက်နဲ့ အတူနေထိုင်ကြပါတယ်...အန်တီ့အမျိုးသားကတော့  မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်နေပါတယ်... အဲဒီလိုနဲ့ နယ်မှာနေတဲ့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက်ရင်း မိမိမှာခံစားနေရတဲ့ သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ့ ဆရာဝန်(အထူးကု)များနဲ့ ပြသဖို့ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ့ သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်တော့ ချစ်စရာကောင်းတဲ့ မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေးသွားချင်တဲ့အားကစားကွင်းတွေလည်းလိုက်ပို့ နဲ့ အရမ်းကိုပျော်နေတာပေါ့ ဗျာ။ ဆေးခန်းကိုလည်းသွားပြီးဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက်ပေမဲ့ သွေးကတော့တော်တော်တက်နေတဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေရှောင်ဖို့ သတိပေးလိုက်တယ်။ ဒီလိုနဲ့ အန်တီ့အဖေဟာ သမီးနဲ့ မြေးနှစ်ယောက်ထဲကိုစိတ်မချတာနဲ့ သားမက်ပြန်လာတဲ့အချိန်အထိ ရန်ကုန်မှာခဏနေမယ်လို့ ဆုံးဖြတ်လိုက်တယ်....တစ်ရက်တော့ ညနေ ညီအကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ့ မှာထိုင်ခုံနဲ့ ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ ကစားနေတာကိုကြည့်နေရင်းရုတ်တရက်လဲကျသွားတယ်.... အဲဒါကိုမြင်တဲ့ အိမ်ထဲကသမီးနဲ့ ကစားနေတဲ့ မြေးလေးတို့က အပြေးအလွှားရောက်လာပြီးတော့ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်... အဲဒီအခါဘကြီးကဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ ပြောပြီးအိမ်ထဲပြန်ဝင်သွားရာက... အဲအချိန်စပြီး အဲဒီဘကြီးဟာအရမ်းပြောင်းလဲသွားတော့တာပဲ....အိပ်ခန်းထဲကအပြင် ကိုသိပ်မထွက်တော့ ဘူး....အိမ်သားတွေနဲ့လည်း စကားသိပ်မပြောတော့ ဘူး... အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ့ ဘကြီး၊ မနက်တိုင်းတရားခွေဖွင့် နေတဲ့ သူဟာ ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင့် တော့ ဘူး ။ သမီးဖြစ်သူကဘာလို့ ဆွမ်းမလောင်းတာလဲလို့ မေးရင် နေမကောင်းလို့ ခေါင်းမူးလို့ အကြောင်းပြတယ်.... သမီးက မနက်တရားခွေဖွင့် ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို့ မရဘူးဆိုပြီးသောင်းကြမ်းပြန်ပါရော... သူ့ သမီးကလည်း တစ်ခါမှသူ့အဖေအဲဒီလိုမဖြစ်ဖူးဘူးဆိုပြီး အရမ်းအံ့ သြနေတယ်။ဆေးခန်းပြဖို့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြောတယ်...ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ့ မြေးနဲ့ အတူစားနေကျ ဘကြီးက အခုအခန်းထဲမှာ တစ်ယောက်တည်းစားတယ်....နေ့လည်စာ သိပ်မစားဘူး....ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီးလုံးဝမစားဘူး....အသားငါးဆိုရင်တော့ အများကြီးစားတယ်တဲ့.....့ အရင်က အသားငါးသိပ်မစားတဲ့ သူဆိုတော့ သူ့ သမီးကလည်း အရမ်းထူးဆန်းနေတယ်။ အဖေဘာစားချင်လဲလို့ သမီးကဈေးသွားခါနီးမေးရင် အမဲသားကျွေးပါလိုပြောတယ်...အဖေအမဲသားမစားဘူးမဟုတ်လားလို့ မေးရင် အဲဒါအရင်က...အခုကျန်မာရေးမကောင်းလို့ အားရှိအောင်စားပီလို့ ပြောတယ်တဲ့... ဘာလဲ နင်ကငါ့ ကိုမသထာလို့ လားလို့ မျက်ထောက်နီကြီးနဲ့ ပြန်မေးသေးသတဲ့.... သူ့ သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင်ပြုံးရွှင်နေတာပဲ.... အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန်လုပ်တယ်တဲ့ ဗျ.... အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာလာတယ်လေ။ ထူးခြားတာကအနှိပ်သည်ကို သုံးရက်တခါနှစ်ရက်တခါလောက်ခေါ်ခိုင်းတတ်တာပဲ.... သူ့ မြေးလေကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ့ လူတွေကိုလည်း နှိပ်ခိုင်းတယ်.... နောက်ပြီးတော့ နောက်နေ့ မနက်ဆွမ်းလောင်းဖို့အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်.... မီးဖိုထဲမှာထားတဲ့ ငါးရံ့ ခြောက်တွေနဲ့ ဆတ်သားခြောက်တွေလည်း ပျောက်ကုန်တယ်တဲ့.... ပထမတော့ ကြောင်စားတယ်နေလိမ့်မယ်လို့ စွပ်စွဲတယ်တဲ့။ နောက်တော့ အန်တီလည်း သိပ်သင်္ကာမကင်းဖြစ်လာတယ်... ဖုတ်ဝင်နေတဲ့ ဘကြီးရဲ့ အနေအထားက တဖြည်းဖြည်းပိုဆိုးလာတယ်။ ဘယ်လောက်ထိဆိုးလာလဲဆိုရင် အန်တီတို့ အိမ်ကပေ၂၀၊ ပေ၆၀ အိမ်ဆိုတော့ ဘေးအိမ်နဲ့ ကအရမ်းနီးတယ်လေ...ခြံစည်းရိုးလည်းခတ်မထားတော့ ပုဏ္ဏရိတ်ပန်းပင်လေးတွေနဲ့ ခြံစည်းရိုးပုံလုပ်ထားတာဆိုတော့ အလွယ်တကူ တစ်အိမ်နဲ့ တစ်အိမ်ကူးလိုရတယ်။ ခေါင်းရင်းဘက်အိမ်မှာက ကြက်လေးငါးကောင်မွေးထားတယ်။ အဲဒီအိမ်ရဲ့ ကြက်အိပ်တန်းက အန်တီတို့ အိမ်အနောက်ဖေးဘက်ကနေ ကပ်လျက်ရှိနေတယ်။ ဘကြီးအမူအယာတွေပျက်လာပြီးလို့ တလကျော်ကြာတဲ့အခါ ကြက်တွေကပျောက်ပျောက်သွားတယ်...အဲဒီအိမ်ကလူတွေကတော့ ကြောင်သုတ်သွားတယ်လို့ ထင်တာပေါ့။ အန်တီတို့ အိမ်မှာကလည်း မီးကောက်ဆိုတဲ့ ကြောင်ထီးကြီးတစ်ကောင်ရှိတယ်လေ။ နောက်ပီး အန်တီ့သားကလည်း အိမ်နောက်ဘက်မှာ ငါးတွေမွေးထားသေးတယ်လေ...တစ်ရက်မှာ အန်တီက သူအဖေအိပ်ခန်းကိုဝင်ရှင်းပေးတော့ ကြက်မွှေးတွေနဲ့ သွေးအချို့ ကိုတွေ့ ရတယ်။ အဲဒါနဲ့ သူ့ အဖေကိုပြပီးမေးတော့ အဖိုးကြီးကကြောင်ချီလာတာဖြစ်မယ်လို့ ပြောတယ်တဲ့ ... အန်တီလည်း သိပ်မသင်္ကာတာနဲ့ အရိပ်အခြေကြည့် နေလိုက်တယ်။ တနေ့ ညနေဘက် အဖိုးကြီးက အိမ်နောက်ဖေးဘက်ကိုသွားရင်း ငါးကန်ထဲကို လက်နှိုက်နေပြီး ရွှေငါးတစ်တောင်ကိုဖမ်းပြီးတော့ ပါးစပ်ထဲအထည့်မှာ သူ့ မြေးကမြင်တော့ အန်တီကိုလှမ်းခေါ်ပြတယ်။ အန်တီကလည်း အဖေဘာလုပ်တာလဲလို့ မေးရော.... အဖိုးကြီးက ငါးလေးတွေ လှလို့ ကြည့် နေတာလို့ ပြန်ဖြေသတဲ့ ။ ခုနက ငါးတစ်ကောင်ပါးစပ် ထဲကို ထည့် လိုက်တယ်မဟုတ်လားလို့ မေးတော့ မသိသလိုနဲ့ နေပြီး ငါခေါင်းမူးလာလို့ အခန်းထဲပြန်ပို့ ဆိုပြီးထိုင်ချလိုက်တယ်။ အဲဒါနဲ့ အန်တီလည်းသူ့ အဖေကို အိပ်ခန်းထဲတွဲခေါ်ပြီးပြန်ပို့ ပေးလိုက်တယ်။ အန်တီလည်းဘာမှမလုပ်တတ်တာနဲ့ ရပ်ကွက်ထဲကလူတွေနဲ့ တိုင်ပင်ကြည့် တယ်။ မိတ်ဆွေတွေကတော့ တစ်ယောက်တမျိုးပြောကြတာပေါ့။ ဖုတ်ဝင်တာထင်တယ်လို့ အများဆုံးပြောကြတယ်။ အန်တီကတော့ သူ့ အဖေကိုအဲဒီလိုမထင်ရက်ဘူးလေ၊ အဲဒါနဲ့ မလေးမှာရှိတဲ့ ယောင်္ကျားဆီဖုန်းခေါ်ပြီးပြောတော့  သူ့ ယောင်္ကျားက အဲဒါတွေအယုံအကြည်မရှိတော့  အဖိုးကြီးတစ်ရက် အိမ်ရှေ့ မှာလဲကျတုန်းက ဦးခေါင်းကိုထိခိုက်သွားပီး ဦးဏှောက်ထိသွားတယ် ထင်တယ်။ ဆရာဝန်ပြကြည့် လို့ ပြောတယ်တဲ့ ဗျ။ ဆေးခန်းသွားဖို့ ခေါ်တဲ့အခါကျပြန်တော့လည်း အဖိုးကြီးက မလိုက်ချင်ဘူးလို့ ငြင်းတယ်လေ။ ရပ်ကွက်ထဲက ဆရာဝန်ကိုအိမ်ပင့် ပီးပြရော...ဆရာဝန်သွေးချိန်ကြည့် တော့ ပြဒါးကတက်မလာဘူးတဲ့ ။ ဘယ်တက်မလဲ။ အဖိုးကြီးက အသက်မှ မရှိတော့ တာ။ သွေးစမ်းတော့ လည်း ဘယ်လိုမှသွေးခုန်နှုန်းစမ်းလို့ မရဘူး ။ ဆရာဝန်လည်းနည်းနည်းလန့့်သွားတယ်။ ဆရာဝန်ကအဖိုးကြီးကို ဦးလေးနေကောင်းရဲ့ လားတော့ မေးတော့ အဖိုးကြီးက အသံခပ်မာမာနဲ့ မကောင်းဘူးလို့ ပြန်ဖြေတယ်။ ဘယ်နေရာက ဘာဖြစ်လဲလို့ မေးတော့ ငါဆာတယ်လို့ ပြောတယ်။ ဘာစားချင်လဲလို့ မေးတော့ ရင်ခေါင်းသံကြီး နဲ့ အသားလို့ ပြောပီး ဆရာဝန်နဲ့ အန်တီတို့ ရဲ့ တခြားတစ်ဖက်ကိုလှည့် သွားရော။ ဆရာဝန်လည်း အခန်းအပြင်လည်း ရောက်ရော အန်တီ့ကို အဖိုးကြီးကို သူကုလို့ မရဘူး။ ပျောက်မှာမဟုတ်ဘူးလို့  ... အရိပ်အမြွက်ပဲ ပြောပြီးပြန်သွားတယ်။ အန်တီလည်း နယ်မှာရှိတဲ့ သူ့ မောင်နှမတွေဆီကို အကြောင်းကြားလိုက်တယ်။ လူပျိုဖြစ်တဲ့မောင်အငယ်ဆုံးက ချက်ချင်းရောက်လာတယ်။ ဒါပေမယ့် အဖိုးကြီးကသူ့ သားကိုမသိဘူးဖြစ်နေတယ်။ တွေ့ တွေ့ ချင်း မင်းဘယ်သူလဲ လို့ မေးတယ်။ အန်တီလည်း အဖေ့ သားအငယ်(မောင်-------)လေလို့ ပြောတော့ အဖိုးကြီးက အသက်ကြီးတော့ မေ့ တတ်တယ်လို့ ပြန်ဖြေ သတဲ့ ။ နယ်က အမျိုးတွေစီစဉ်ပေးလိုက်တဲ့ ခုံဖိနပ်တို့ သြဇာရွက်တို့ သိမ်ဝင်အပ်တို့ ကိုအဖိုးကြီးအိပ်ယာအောက်ကိုထည့်ဖို့ မောင်နှမနှစ်ယောက်တိုးတိုးတိုင်ပင်သတဲ့ ။ အဲဒါကိုအဖိုးကြီးက အခန်းထဲက ဘယ်လိုမှမကြားနိုင်ပါဘူး။ ဒါပေမဲ့ အခန်းထဲကအသံသြကြီးနဲ့ အဖိုးကြီးက မင်းတို့ ဖိနပ်စုတ်၊ အပ်စုတ်ကိုငါကြောက်တယ်လို့ ထင်နေလား...။ အားလုံးအသေဆိုးနဲ့ သေသွားမယ်။ ငါ့ ကိုဘာမှတ်နေလဲလို့ အော်တယ်တဲ့ ဗျ။ အန်တီလည်း အရမ်းလန့် သွားပီး အဲဒီအိမ်မှာ မအိပ်ရဲတာနဲ့ မျက်စောင်းထိုးက မိတ်ဆွေအိမ်မှာ မောင်နှမတွေသွားအိပ်ကြရတယ်...အဲဒီညကစပီး အဖိုးကြီးလဲသောင်းကြမ်းတော့ တာဘဲ....၊တောက်ခေါက်သံတွေ အကျယ်ကြီးကြားရတယ်လို့ ဘေးအိမ်ကပြောတယ်။ တဒုန်းဒုန်းနဲ့ ဖနောင့်တွေလည်း ဆောင့် တယ်တဲ့.... ဘေးအိမ်နဲ့ ကအရမ်းကပ်နေတော့ အားလုံးကြားနေရတယ်ဗျ... နောက်တနေ့ အန်တီ့မိတ်ဆွေအကူညီနဲ့ ဖုတ်ထုတ်တဲ့ ဆရာတစ်ယောက်ကို အိမ်ကိုခေါ်လာတယ်။ သူတို့ အိမ်ထဲကိုရောက်ရောက်ချင်းမှာ မြင်လိုက်ကြရတာက အိမ်တွင်းအုန်းကိုဆွဲဖြုတ်ထားတယ်။ အိမ်မှာမွေးထားတဲ့ ကြောင်ကြီးကိုလည်း မတွေ့ ရဘူးတဲ့ ....အဲဒီအချိန်မှာ အဖိုးကြီးကသောင်းကြမ်းပါလေရော... ဆရာကိုလည်း အရမ်းကြိမ်းတော့တာပဲ။....ပြီးတော့ အခန်းထဲကထွက်လာပြီး ဆရာ့ကိုလည်ပင်း ညှစ်မလို့လုပ်သတဲ့ ။ ဆရာလည်း ထွက်ပြေးရောဗျာ။ အန်တီတို့ မောင်နှမလည်း အိမ်ပေါ်ကနေ ဆင်းပြေးရရော... ညကအိပ်တဲ့ အိမ်ကိုပြန်ပြေးလာကြပြီး အန်တီလည်း ကြောက်လို့ ငိုပါလေရောတဲ့ ..... အဲဒီအချိန်မှာ အဲဒီအိမ်ကိုဆွမ်းခံကြွနေတဲ့ ဦးပဇင်းလေးကမြင်ပြီး ဒါယကာမကြီး ဘာဖြစ်တာလဲလို့ မေးတယ်။ အန်တီလည်း ဦးပဇင်းလေးကို အကြောင်းစုံလျှောက်ထားလိုက်တယ်....ဦးဇင်းလေးကလည်း ဒါမျိုးတွေဟာ ဘုရားရှင်လက်ထက်ထဲက ရှိကြောင်း၊ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ ကမ္မဝါ ၊နဲ့ ပရိတ်တော်တွေကို သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေက ရွတ်ဖတ်ပေးရင် အစိမ်းသရဲ၊ နာနာဘာဝတွေထွက်ပြေးရကြောင်းကိုရှင်းပြပါတယ်။ အန်တီလည်း ဦးဇင်းလေးရှင်းပြတာနားထောင်ပြီး ဦးဇင်းလေး၏ကျောင်းတိုက်သို့လိုက်ကာ ဆရာတော်ကို အကြောင်းစုံလျှောက်ထားပြီး မကောင်းဆိုးဝါးရန်မှကာကွယ်ရန်လျှောက်တင်အကူညီတောင်းလိုက်ပါတယ်။ ဆရာတော်က ဒကာမကြီးရဲ ဖခင်ဟာ လူ့ လောကထဲမှာမရှိတော့ဘူး ။ဒကာကြီးရဲ့ ဝိညာဉ်မဲ့ နေတဲ့ကိုယ်ခန္ဒာကို တစ်စုံတခုသော ပုဂ္ဂိုလ်ကဝင်ရောက်မှီခိုနေတာမို့  ဆရာတော်တို့ ကဘုရားရှင်၏ ပရိတ်တရားတော်တွေ ကမ္မဝါစာတွေ ရွတ်ဖတ်ပီး သာသနာစောင့် နတ်နဲ့ နတ်မင်းကြီးလေးပါးကိုအမိန့် ပြန်စာတမ်းတွေ ရွတ်ဖတ်လျှင် ဝင်ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ချက်ချင်းဖယ်ရှားသွားမှာဖြစ်တယ်။ အဲဒီအခါမှာ ဒကာကြီးရဲ့ ဝိညာဉ်မဲ့ ခန္ဒာကိုယ်သာကျန်ခဲ့ မှာဖြစ်လို့ ဒကာမကြီးအနေနဲ့ ဒီသောကမီးကိုကြံ့ ကြံ့ ခံနိုင်ပါ့ မလားလို့ မေးပါတယ်။ အန်တီလည်း ကြိုတင်ပြင်ဆင်ပြီးသားပါဘုရားလို့ ဖြေပါတယ်။ ဆရာတော်က ဘုန်းကြီးကျောင်းမှာရှိတဲ့ ပရိတ်ချည်တွေကိုပေးလိုက်ပြီး အိမ်ပတ်ပတ်လည်ကိုချည်တားစေပါတယ်။ အိမ်အဝင်ပေါက်တခုတည်းသာ ချန်ခဲ့စေပါတယ်။ ဒါကလည်း ဆရာတော်တွေကြွလာရင် အိမ်ထဲဝင်ဖို့ နဲ့ ဖုတ်ထွက်သွားဖို့ ပါ။ အိမ်ပြန်ရောက်တော့ အန်တီ့မောင်နဲ့အတူ ရပ်ကွက်ထဲက ယောက်ျားလေးသုံးယောက်လောက်က အိမ်ပတ်ပတ်လည်ကိုပရိတ်ကြိုးတားပါတော့ တယ်။ အဲဒီအချိန်မှာအဖိုးကြီးလည်း အရမ်းသောင်းကြမ်းပါတော့တာပါပဲ။ ပထမတော့ ခြိမ်းခြောက်တယ်။ ပြီးတော့ တောက်တွေခေါက်၊ ဖနောင့်တွေစောင့် ပြီးသေချင်လို့ လားဘာညာတွေပြောပီး အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကိုကောက်ပေါက်တာတွေ လုပ်သတဲ့ ဗျ.....မရလည်း မရရော ငိုပီးတော့ သူ့ သားကို အဖေ့ ကိုမသတ်ပါနဲ့ အဖေမသေချင်သေးဘူးလို့ လိမ်ပြီးဟန်ဆောင်ပြောသတဲ့ ။ သူ့ သားကလည်း မသိချင်ဟန်ဆောင်ပြီးလုပ်စရာရှိတာကိုဆက်လုပ်တယ်။ ညနေသုံးနာရီလောက်မှာ ဆရာတော်တွေကြွလာကြတယ်။ ဆရာတော်တွေ အိမ်ပေါ်လည်းရောက်ရော အဆင်သင့်ပြင်ထားတဲ့ ပရိတ်ပန်း၊ ရေ၊ သဲ၊ အပ်ချည် စတာတွေကို အန်တီက သူသွားနေတဲ့ အိမ်ကယူပီး သူ့ အိမ်ကိုကူးလာခဲ့ တယ် ။ အဖိုးကြီးကလည်း အိမ်ခန်းထဲမှာ သောင်းကြမ်းနေတာဗြောင်းဆန်နေတာဘဲတဲ့ ။ တောက်တွေလည်းခေါက် ။ သက်ပြင်းတွေချ အသံသြကြီးနဲ့ အော်နေသတဲ့ ။ဆရာတော်တွေကလည်း အိမ်ရှင်ကို ဒီအိမ်မှာ မကောင်းသော နာနာဘာဝတွေနေထိုင်တာကို ကြိုက်မကြိုက် အရင်မေးပါတယ်။့ ပြီးတော့ အိမ်ရှင်မကြိုက်လို့ နှင်ပေးပါရန် ဆရာတော်များကိုလျှောက်တင်ပါကြောင်းပြောတဲ့ အခါဆရာတော်က အိမ်ပိုင်ရှင်မကြိုက်ပါသောကြောင့် သာသနာစောင့် နတ်နဲ့ ဝိရူပက္ခ၊ ဝိရူယက္ခ၊ ဒသရဌ၊ ကုဝေရ....စတဲ့ နတ်မင်းကြီးလေးပါး သိကြားမင်း ၊ မြို့စောင်၊့ လမ်းစောင်၊့ အိမ်စောင့် နတ်တွေကိုမြတ်စွာဘုရား၏ အမိန့် ပြန်စာတွေရွတ်ဖတ်ပီး နာနာဘာဝကိုသင့် တော်ရာသို့ ခေါ်ဆောင်သွားရန်ပြောဆိုပီး ကမ္မဝါ၊ရတနာသုတ်၊့ အာဋာဏာဋိယသုတ်နဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကိုရွတ်ဖတ်ပေးပါတယ်။ ဘုရားရှင်ရဲ့ ပရိတ်တရားတော်တွေရွတ်ဖတ်စဉ်မှာ အိပ်ခန်းထဲကအဖိုးကြီးက ပူလောင်လှကြောင်း၊ သူ့ ကိုဝိုင်းပီးနှောင့်ယုက်နေကြကြောင်း နားထဲကိုသံရည်ပူတွေလောင်းထည့် နေကြကြောင်းအော်ပြောပါတယ်။ ဆရာတော်လည်း ပရိတ်များ ရွတ်ဖတ်ပီး အဖိုးကြီးကိုအပြင်ထွက်ခဲ့ ဖို့ ခေါ်လိုက်တဲ့ အချိန်မှာ အဖိုးကြီးဟာအိပ်ခန်းထဲကနေပီး လည်ပင်းကြီးကို၉၀ဒီဂရီလောက်စောင်းပီး လေးဖက်ထောက်ထွက် လာပါတယ်.... ပြီးတော့ ဆရာတော်တွေရှေ့ မှာခြေဆင်းထိုင်ပီး ပါးစပ်မှလည်း သွားရေတမျှားမျှားနဲ့ ကြောက်စရာအလွန်ကောင်းတယ် လို့ မြင်တွေ့ ရတဲ့ လူတွေကပြောပြပါတယ်။ ဆရာတော်ကဦးချခိုင်းတော့ ဦးချလို့ သူမရပါဘူး။ အမျှဝေတော့ လည်းသူသာဓုမခေါ်နိုင်ပါဘူး မကြားရဘူးလို့ ပြောပါတယ်။ ပြီးတော့ ဆရာတော်က ဒကာကြီး ခန္ဒာကိုယ်အတွင်းကထွက်သွာဖို့  မိန့်ကြားတော့ သူကရိုးရိုးဖုတ်မဟုတ်ဘူး။ ဖုတ်ဘုရင်လို့ ပြောပါတယ်။ အိမ်ခေါင်မိုးဖွင့် ပေးမှထွက်လို့ ရမယ်ပြောတော့ ချက်ချင်းဘဲ တရားနာနေတဲ့ထဲက လူတစ်ယောက်ကလှေကားနဲ့ တက်ပြီး အိမ်ခေါင်သွပ်တစ်ချက်ကို လှန်လိုက်တော့ အဲဒီဖုတ်လည်း သက်ပြင်းတစ်ချက်ချပြီး လဲကျသွားပါတယ်။ အန်တီလည်း ဆရာဝန်ခေါ်ပြီး သူအဖေ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုစစ်ဆေးခိုင်းပါတယ်။ ဥပဒေအရ သေစာရင်းရေးရန်အတွက်ဖြစ်ပါတယ်။ ဆရာဝန်စစ်ဆေးချိန်မှာရုပ်အလောင်းဟာသေသေပြီးခါစနှင့် မတူဘဲ အပုတ်နံ့ ဟာ မခံနိုင်အောင်နံလာပါတယ်။ ချက်ချင်းရေခဲတိုက်ကိုအကြောင်းကြားပြီး လာသယ်သွားစေပြီးနောက်နေ့ မှာသဂြိုလ်ဖို့ စီစဉ်ပါတယ်...နယ်မှာရှိတဲ့ အမျိုးတွေကိုလည်းအကြောင်းကြားပါတယ်.... နောက်တနေ့ သဂြိုဟ်ဖို့ အလောင်းကို ရေခဲတိုက်ထဲက ထုတ်လာချိန်မှာ အန်တီဟာ သူ့ အဖေမှဟုတ်ရဲ့ လားလို့ တောင် အမြင်မှားသွားပါတယ်။ အလောင်းက မနေ့ ကနဲ့ မတူဘဲ အရိုးပေါ်အရေတင်ပိန်ပီးနေပါတယ်.... သေသေချင်းမနေ့ ကရုပ်နဲ့ အရမ်းကွာနေပါတယ်။ မီးသဂြိုလ်ပီးတဲ့ နောက် အိမ်ပြန်လာပြီးအဖိုးကြီးအခန်းကိုသန့် ရှင်းရေးလုပ်တော့ ကြက်မွှေးတွေရယ်၊ ပျောက်သွားတဲ့ ကြောင်ကြီးရဲ့အမွှေးတွေရယ်ကို တွေ့ ရပါတယ်.... အကယ်၍သာ ဖုတ်ကိုဒီအတိုင်းထားခဲ့ ရင် အချိန်ကြာလာခဲ့ သည်နှင့် အမျှ အန်တီတို့ မိသားစုဘဝဟာကြောက်စရာကြီးပါ... ဒီအကြောင်းလေးဟာ ကျွန်တော်အသိရဲ့ အဖြစ်အပျက်အမှန်လေးပါ။ ကာယကံရှင်တွေရဲ့ အမည်တွေကိုတော့ ကျွန်တော် မဖော်ပြတော့ ပါဘူး။ ဖြစ်ရပ်မှန် ဇာတ်ကြောင်းပြန်လည်ပြောပြပေးသော ကိုMg Kyaw အား Admin များအားလုံးမှ အထူးကျေးဇူးတင်ရှိပါသည်။
Read More »

Saturday, September 12, 2015

တံတားကအစောင့်

တံတားတွေမှာအစောင့်တွေရှိတယ်ကြားဖူးတယ်ဟုတ် ဒါကတခြားမဟုတ်ဘူး နေစရာနေရာအပိုင်ပေးပြီး အစောင့်လုပ်ခိုင်းထားတဲ့ သရဲတစ်မျိုးပါပဲ တစ္ဆေနဲ့သရဲ ကွာခြားချက်ကိုသိကြပါသလား ကျမထင်တာကတော့ တစ္ဆေကတော့ လူဘဝကနေ ကူးပြောင်းပြီး လူ့ဘဝကအမှတ်တရတွေ မမေ့သေးတဲ့ လူစ်တ်မပျောက်သေးတဲ့ ပရလောကသားပေါ့ သရဲကတော့ အရိုင်းစိတ်ဝင်နေပြီး လူတွေကိုဒုက္ခပေးချင်တဲ့ ပရလောကသားလို့ထင်ပါတယ် ကျမအမြင်ပြောတာပါ ကျမပြောပြချင်တာက တံတားစောင့်ဆိုတာ သရဲပါပဲ ကျမတို့အရင်က မြိတ်မှာ အိုးလုပ်ပြင်ဆိုတဲ့နေရာတစ်ခုရှိပါတယ် တံတားတွေကိုယ်ပိုင်ဆောက်ကြတယ် လှေတွေကမ်းကပ်ဖို့လုပ်ထားတဲ့ရပ်ကွက်ပေါ့ ဒီနေရာမှာဆို စက်လှေနဲ့ပတ်သက်တဲ့ဆိုင်တွေ လူတွေပဲ အတွေ့ရများပါတယ် ကျမတို့ကုမ္ပဏီပိုင်တံတားတစ်စင်းရှိခဲ့ဖူးပါတယ် ရှိခဲ့ဖူးတယ်ဆိုတာက အခုမပိုင်ဆိုင်တော့လို့ ရှိခဲ့ဖူးတယ်လို့ သုံးနှုန်းခြင်းဖြစ်ပါတယ် ၂၀၀၅ ဒီဇင်ဘာမှာ မြိတ်မြို့မှာ မီးအကြီးအကျယ်လောင်ပြီး မြိတ်မြို့တစ်ဝက်ပြာပုံကိုဖြစ်ကရော ကျမတို့တံတားလည်းပါရော တရားကျစရာကိုဖြစ်လို့ အင်း ပြောချင်တာက ပိုင်ဆိုင်ခဲ့တဲ့အချိနိတုန်းက တံတားစောင့်အကြောင်းပေါ့ ဒီလိုပါ ကျမတို့က ငါးဖမ်းစက်လှေတွေလည်းလုပ်ပါတယ် ဒီတော့ ပင်လယ်ပြင်ကလာပြီဆို တံတားမှာ လူကိုစည်လို့ ငါးဈေးဒိုင်အကြီးတစ်ခုလိုပေါ့ ဖမ်းလာသမျှတွေကို အမျိုးအစားခွဲတယ် ဆိုဒ်ခွဲတယ် Class ခွဲတယ် ကီလိုချိန်တယ် ဈေးဖြတ်တယ် ရောင်းတယ် ဒီလိုမျိုးအချိန်ဆို လူတွေ အစုံအကုန်တွေ့ရတတ်တယ် ကျမတို့ဒီလိုသာလုပ်နေရင်း ခြောက်လမြောက်လောက်မှာ ကျမအမေမောင်ပေါ့ သူက ငါးဖမ်းစက်လှေမှာ လိုက်တာပေါ့ အဖေကလည်း သူ့ယောက်ဖတွေ အကုန် သူ့အလုပ်ထဲထည့်တာ ငါးဖမ်းစင်လှေဝင်လာပြီဆို သူတို့မိန်းမတွေက ပင်လယ်ပြင်ကလာတဲ့ယောကျာ်းကိုလာကြိုကြတာပေါ့ ဒါနဲ့ အလုပ်တွေပြီးတော့ ဦးလေးကလည်း သူ့မိန်းမကို ဆိုင်ကယ်ပေါ်တင်ပြန်မယ်ပေါ့ ဒါနဲ့ သူ့မိန်းမကိုဆိုင်ကယ်ပေါ်တင်တော့ အရမ်းပိန်းပါးလွန်းတဲ့ သူ့မိန်းမဟာ အရင်ကနဲ့ကိုမတူအောင် သူတက်လိုက်တာနဲ့ ဆိုင်ကယ်က အိကျသွားရော ဒါနဲ့ သူလည်းသိပ်သတိမထားမိပါဘူး ဆိုင်ပ ကယ်ကလေးကိုစီး အချစ်ကလေးကိုတင်ပေါ့ လာရင်းနဲ့ သူကစကားတွေပြောလာတာ ဟိုက အင်း အင်း အင်းနဲ့ ပဲ ပါလာတာ မြို့သစ်တံတားအကျော်လောက်မှာ ကုန်းကျော်တံတားလေးတစ်ခုရှိတယ် ကုန်းလေးအကျော်ရောက်ရော ဒုန်းကနဲ အသံကြားတယ် ဒါပေမယ့် သူကဘာမှန်းမသိဘူး နောက်တော်တော်လှမ်းလှမ်းရောက်တော့ အနောက်လှည့်ကြည့်တော့ သူ့မိန်းမမရှိတော့ဘူး သူလည်း ဟာကနဲ ဖြစ်သွားရော ဆိုင်ကယ် အနောက်ပြန်ကွေ့တော့ ကုန်းကျော်တံတားအနားလမ်းဘေးလေးမှာ ခွေခွေကလေး သူ့မိန်းမကိုတွေ့ရော သူကပြာသွားတာပေါ့ သူပြန်ပြောပြတာက အဲ့တုန်းက သူ့ဆိုင်ကယ်က သူ့မိန်းမကျသွားချိန်မှာတောင် မပေါ့သွားဘူးတဲ့ နောက်တော့ အသံအရမ်းတိတ်သွားလို့ လှည့်ုကြည့်မှ မရှိမှန်းသိတာ ဦးလေးလည်း လဲကျနေတဲ့ သူ့မိန်းမကို တွဲပြီးဆိုင်ကယ်ပေါ်တင်တဲ့အချိန်မှာ ဇာတ်လမ်းစတာပဲ အဒေါ်ဟာ တဟီးဟီးနဲ့ စ ညည်းနေတော့ နာလို့ပဲထင်နေတာ နောက်တော့ ခေါင်းကကိုင်းတိုင်းတိုင်းနဲ့ ဦးလေးကတော့ ဘာဖြစ်မှန်းမသိတာ အိမ်ကိုခေါ်လာတော့ အခန်းထဲတန်းဝင်သွားတာ ယောကျာ်းကိုရော သမီးလေးကိုပါ အကပ်မခံဘူး ဦးလေးလည်းထူးဆန်းတယ်ပဲ စိတ်ထဲထင်နေတာ သူထင်တာက ဆိုင်ကယ်ပေါ်ကကျသွားလို့ သူ့ကိုစိတ်ကောက်တယ်ပဲထင်နေတာ ဒါနဲ့ သူကဘာမှမပြောတော့ဘူး ဘုရားစင်ရှေ့မှာ သမီးလေးနဲ့အိပ်နေတာ ညကျတော့ နောက်ဖေးကနေ အသံကြားတော့ထကြည့်တာ အားလားလား သူ့မိန်းမ လှေပေါ်ကယူလာတဲ့ ငါးတွေ အစိမ်းတိုင်းကြီးစားနေတာ ငါးကွန်းရှပ် ( ဘိတ်အခေါ် ဘီးဇင်းပေါ့ ) ခေါင်းကနေစားတာ အရိုးပါဝါးလို့ သူလည်းကြောင်သွားပြီး သူ့မိန်းမကို ကြည့်တော့လည်း ငါးခေါင်းကြီး ကျွတ်ကျွတ်ဝါးလို့ သူက ထအော်တာပေါ့ မင်းဘာဖြစ်တာလဲ ဘာလုပ်တာလဲ ဘာလို့စားတာလဲ လို့မေးတော့ သူဗိုက်ဆာလို့တဲ့ ပြန်ဖြေတာကယောကျာ်းသံကြီး ပြီးတော့ပြောလိုက်သေးတယ် နင်တို့တံတားမှာ ငါစောင့်တာကြာပြီ ငါ့ကိုအစာလည်းမကျွေးဘူး ငါဆာတယ်တဲ့ ဒီတော့မှ ဦးလေးက တစ်ခုခုတော့မှားနေပြီဆိုတော့ မိန်းမကို ပါးချရော တကယ်တော့ လန့်လွန်းလို့လုပ်လိုက်တာ ကျမပြောဖူးတယ်လေ မြိတ်မှာ ညဆို တိတ်ဆိတ်ရောလို့ ဒီတော့ ဒီလိုညနက်ကြီး ဒီလိုမြင်ရတော့ သွေးပျက်တာပေါ့ နောက်သူက သရဲကြောက်တတ်တယ် ဒီတော့ လုပ်မိလုပ်ရာ လုပ်တော့ ဟိုကသူ့ကိုမျက်လုံးပြူးကြီးနဲ့ကြည့်တာ ပြီးတော့ မင်းငါ့အကြောင်းကောင်းကောင်းသိမယ်လို့ ထလိုက်တာ ပထတော့ ဦးလေးက ထွက်ပြေးမလို့ နောက်ပိုင်းဦးလေးကပြောတယ် ဒီအချိန်မှာသူသတိရလိုက်တာက သူ့သမီးလေးအိပ်နေတာဆိုတော့ အိမ်အပေါ်ထပ်တက်ပြေးတော့ ဟိုက လိုက်လာတယ် လှေခါးထစ်တွေ ကဆယ့်ငါးဆယ့်လောက်ရှိတာ တစ်ခါ တစ်ခါ ခုန်တက်တာ သုံးဆစ်တစ်ခါလောက်ခုန်ပြီးလိုက်တာတဲ့ ဦးလေးလည်း ပြေးပြီးဘုရားစင်ရှေ့ကသမီးလေးကိုပွေ့ထားလိုက်တယ် လှေခါးအပေါ်ဆုံးအဆစ်ရောက်တော့ ဟိုကလိုက်မလာဘူးတဲ့ လှေကားမှာထိုင်ပြီး သူ့ကိုမျက်လုံးနီကြီးနဲ့ကြည့်တောက်ခေါက်နေတာ ဦးလေးတို့အိမ်ကဒီလို အောက်ထပ်မှာ ရေချိုးခန်း မီးဖိုချောင် အိမ်ခန်း အကုန်လုပ်ထားပြီး အိမ်ပေါ်မှာ ဘုရားစင်တစ်ခုပဲထားတာ သူ့မိန်းမကိုက ဘုရားတရားသိပ်မလုပ်ဘူး ဝတ်ကျေတမ်းကြေပဲ ဦးလေးလည်း ပင်လယ်မှာချည်းဆိုတော့ ဒါတွေသိပ်ဂရုမစိုက်ဘူး ဘုရားစင်မှာ ပန်းခြောက်တွေတောင်ဖုန်ကပ်လို့ အဲ့လိုနေတာ ဒါပေမယ့် အဲ့ညတုန်းက ဦးလေးကောင်းကောင်းသိသွားတာက သူဒီလို ဘုရားတရားမလုပ်ဖြစ်တာတောင် ဘုရားဆင်းတုတော်လေးက သူ့အသက်ကိုကယ်သွားတာ တကယ်လုပ်ရင်ဆိုတဲ့အတွေးလေးဝင်ပြီး ခုများလုပ်လိုက်တဲ့ဘုရားတရား တကယ်အဟုတ်နော် ကြုံဖူးမှသိတာ ဒါနဲ့ဆက်ပြောမယ်သူတို့အိမ်အပေါ်ထပ်မှာ ဝရံတာလေးထုတ်ထားတာ တကယ်လို့များ လိုက်လာရင် သူခုန်ချမယ်ပေါ့ သူကသမီးလေးကိုပွေ့ထားတာ ဟိုကမလိုက်လာတော့ သူလည်းဘုရားစင်ရှေ့ကမခွာတော့ဘူး တစ်ညလုံးပဲ သူ့မှာ မျက်တောင်တောင်မခတ်ရဲဘူး ဟိုကတောက်ခေါက်လိုက် အံကြိတ်လိုက် လှေကားကို ခြေနဲ့တဒုန်းဒုန်းဆောင့်တာနော် အိမ်ကခါရမ်းနေရော ဒီပိန်သေးသေးလေးက လုပ်တာနော် သူ့ကိုလည်း ကုတ်ချိုးမယ်ဘာမယ်နဲ့ကြိမ်းတာ မနက်လေးနာရီလောက်တော့ သူ့ကိုတောက်ခတ်ပြီး အိမ်အောက်ဆင်းသွားတယ် အိမ်ခန်းထဲဝင်ရော သူလည်းဘာပြောကောင်းမလဲ ပတ်ဝန်းကျင်ကိုခေါ် အကူညီတောင်းတာပေါ့ အိမ်နီးနားချင်းတွေလာတော့ သူအိမ်အောက်မဆင်းရဲတော့ ဟိုက တံခါးကန်ဖျက်ပြီးလာတာ လူအုပ်နဲ့ဆိုတော့ သူ့မိန်းမကငြိမ်လို့ သူပြောပြတော့ ဟိုကဘာမှမသိသလိုအထာနဲ့ မျက်လုံးလေး ကလယ်ကလယ် ( ရွှေမှုန်ရတီမဟုတ် ) ဒါနဲ့ လူတွေကလည်းဘာဖြစ်မှန်းမသိ ဒါနဲ့ သူတို့ရပ်ကွက်ကဆရာခေါ်လာတော့ ပွဲတွေဘာတွေပေးတာပေါ့ ဟိုကအဲ့တော့မှထလာပြီး မီးထွန်းထားတဲ့ ဖယောင်းတိုင်ရော အမွှေးတိုင်ပါ ဝါးစားပါလေရော လာကြည့်တဲ့မိန်းမတွေကအိမ်ပေါ်ကဆင်းပြေးရော ဖြစ်ချင်တော့ ဦးလေးကပွဲပေးမယ်ဆိုတော့ ငါးကင်ထည့်ရမယ်ဆိုတော့ ကင်တုန်းဟိုက ရောက်ချလာတော့ ကြောက်ပြီးငါးကင်တံကိုလွှတ်ချလိုက်တယ် အဲ့ဒီမှာ မီးဖိုထဲက ငါးကင်ကိုလက်နဲ့နှိုက်လိုက်တယ် ပြီးတော့ မီးခဲတွေပါစားရော ဒါမှပိုဆိုးရော ဆရာပါအိမ်ပေါ်ကဆင်းပြေးတော့ ကျန်တဲ့သူတွေလည်း အခြေအနေမဟန်တော့ အကုန်ပြေး ဦးလေးလည်းဘယ်နေမလဲ ပြေးတာပေါ့ ဒါနဲ့အမေ့ဆီရောက်လာတော့ အမေက ကသူလိုက်ကြည့်မယ်ဆိုပြီးသွားတာ အမေက ပရိတ်ကြီး ၁၁ သုတ်အလွှတ်ရတာဆိုတော့ ပရိတ်ရွတ်ပြီးလိုက်သွာတယ် အိမ်ဝရောက်တော့ ဒူးတစ်ချောင်းထောင်ပြီးထိုင်နေတာ အမေ့ကိုမြင်ရော ဆဲတာမှအစုံ နင့်ကိုမမြင်ချင်ဘူးဆိုပဲ အမေက လည်း အိမ်နားမရောက်တရောက်အထိတိုးသွားပြီး နတ်တွေဘာတွေပင့် ပရိတ်ကို အသံထွက်ရွတ်တာ ဒါနဲ့ဟိုကထငိုရော မရွတ်ပါနဲ့တော့ သူ့ကိုသနားပါဆိုပြီး ကြမ်းပြင်ပေါ်လဲချပြီးငိုတာ အဲ့အချိန်မှာ ရပ်ကွက်ထဲကလူတစ်ယောက်က ဘုန်းကြီးပြေးခေါ်တာပဲ ဘုန်းကြီးလိုက်လာတော့ ဘုန်းကြီးကခပ်တည်တည်ပဲ ဘုရားစင်ကိုမေးပြီး အိမ်အပေါ်တန်းတက်သွားပြီး နေရာလုပ်ခိုင်းပြီး ထိုင်ပြီး အဒေါ်ကိုခေါ်လာခိုင်တာ ဟိုကမလိုက်ဘူးပဲငြင်းနေတော့ ယောကျာ်ကြီး သုံးယောက်မနည်းပွေ့ခေါ်ရတယ် ဘုရားစင်ရှေ့ရောက်တော့ ဘုန်းကြီးကမေးတာပေါ့ ဘယ်ကလာလဲ ဘယ်လိုဝင်ပူးကပ်တာလဲပေါ့ဆိုတော့ ဟိုကပြောပြတာက သူကတံတားမှာစောင့်တာတဲ့ တံတားထိပ်ကတိုင်မှာသူနေတယ် စကသူကဘုန်းကြီးကျောင်းမှာနေတယ် ကျောင်းကပြန်အသစ်ဆောက်တော့ ဒီတိုင်ကပါလာတော့ တံတားရောက်တော့ တံတားမှာစောင့်ပေးတယ် သူခြောက်လလောက်စောင့်နေတာ လှေတွေဒီလောက်ဝင်လာလို့ငါးတွေအများကြီးရတာတောင်သူ့ကိုအစာမကျွေးဘူးပေါ့ တစ်နေ့ ဒီမိန်းမက တံတားထိပ်မှာ ငါးကြော်တယ်တဲ့ သူကလည်းစားချင်လို့နှိုက်စားတာပေါ့ သူနှိုက်လို့အောက်ကျသွားတာကို ပြန်ကောက်သွားတော့ အဲ့ဒီကတည်းကမကျေနပ်တာပေါ့ လှေဝင်လာတဲ့နေ့က အဲ့မိန်းမနောက်သူလိုက်လာတာ ကုန်းကျော်တံတားလေးရောက်တော့ သူတွန်းချပြီး ဝင်ပူးကပ်လိုက်တာပေါ့ အကုန်ပြောပြပြီးငိုတော့ ဘုန်းကြီးက ဒီလိုဆိုရင် မင်း ငါးစားရရင် ထွက်မလားဆိုတော့ ခေါင်းညိတ်ပြတယ် ဒါနဲ့ သူ့ကိုဘယ်လိုစားချင်လဲမေးတော့ ငါးအစိမ်းကြီးပဲတောင်းတာ ငါးအကောင်ကြီးခြောက်ကောင်လောက်စားပြီးတော့ အဒေါ်မေ့လဲသွားတယ် ဘုန်းကြီးကသိတယ်ထွက်သွားပြီဆိုတာ ပရိတ်ရေတွေဘာတွေတိုက်တော့ သတိရလာတယ် ဒါပေမယ့် ဘာမှကိုမမှတ်မိတာ နောက်နေ့တော့ တံတားမှာ ပရိတ်ချည်တွေ လိုက်ချည်တယ်ပရိတ်ရွတ်တယ် ကမ္မဝါဖတ်တော့ ဒီလိုမျိုးတွေထပ်မကြုံရတော့တာအမှန်ပါ...

 ပြီးပါပြီ
Read More »

ဗိုလ်ရစ်သရဲ


ဒီဖြစ်ရပ်ကလေးကတော့ ကျုံပျော်မြို့ စစ်တပ်တစ်ခုထဲမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပါတယ်... နာမည်တွေလောက်တော့ လွှဲထားတာပေါ့နော်..
ဗိုလ်စောကျော်စိန်... ကရင်လူမျိုး လူပျိုကြီး .. အင်မတန် အရက်ကြိုက်တတ်တဲ့ ဗိုလ်ကြီးတစ်ယောက်ပေါ့.. သဘောကောင်းသလောက် တစ်ခါတစ်လေ ဒေါသထွက်လာရင် အင်မတန်လက်မြန်တတ်တဲ့လူတစ်ယောက်.. ဒါကြောင့် သူအနားသွားတဲ့လူတွေက သူနဲ့ပေါင်းမယ်ဆို သတိထားပေါင်းရတယ်.. စိတ်နဲ့အခန့်မသင့်ရင် လက်နဲ့မှီရင် လက်နဲ့ ခြေထောက်နဲ့မှီရင် ခြေထောက်နဲ့ လှမ်းဆော်တတ်ပြီး ဘာနဲ့မှ မမှီရင်တော့ တွေ့ရာ နီးစပ်ရာနဲ့ ကောက်ပေါက်တဲ့အထိ စိတ်ကြီးတတ်တယ်.. ကွမ်းလည်း အင်မတန်ကြိုက်တတ်ပြီး သွားတွေက ကွမ်းဂျိုးတွေနဲ့ ရဲနေတာပဲ.. အသားကလည်းဖြူတော့ တစ်ခါတစ်ရဲ ညဘက်ကြီး သူ့ကို မြင်လိုက်ရရင် အသားဖြူဖြူ သွားတွေက ရဲရဲဆိုတော့ လန့်စရာပဲ.. တစ်ခါတုန်းကလည်း တပ်ထဲမှာ အသစ်ဝင်တဲ့ တပ်သားတစ်ယောက် ကင်းစောင့်တဲ့အချိန် သူက ကင်းတွေကို လိုက်စစ်ရင်း ရုတ်တရတ် အနားရောက်လာတော့ ဓါတ်မီးနဲ့လှမ်းထိုးလိုက်တာ သူကလည်း ပြန်ရယ်ပြတာနဲ့ တိုးရော အဲဒီတပ်သား ကြောက်လန့်ပြီး အော်လိုက်တာ.. အားလုံးနှိုးကုန်ရော.. အဲလောက်ထိ... သူ့မှာ သူဆိုးသမျှ ခံတဲ့ လက်ရင်းတပည့်တစ်ယောက်ရှိတယ်.. သူနာမည်က မြမောင်တဲ့.. မြမောင်ကလည်း လူဂလန့် လူဂွစာ.. သူတို့နှစ်ယောက် ဘယ်လိုပေါင်းမိလဲတော့ မပြောတတ်ဘူး.. မြမောင်ခမျာ သူ့ဆရာ စောကျော်စိန်မှ စောကျော်စိန်ဖြစ်နေတယ်.. ဗိုလ်စောကျော်စိန်ကလည်း သူ့တပည့်မှ သူ့တပည့် ကျွေးစရာရှိလည်း မြမောင်.. ခိုင်းစရာရှိလည်း မြမောင်.. ဖြစ်နေတော့ တစ်ခါတစ်လေ မြမောင် မိန်းမ မိဝါက တပွစိစိနဲ့ပေါ့.. မြမောင်ကလည်း မိန်းမကို အသေနိုင်တာ.. ဒါပေမယ့် အရမ်းလည်း ချစ်တယ်.. တစ်နေ့တော့ ဗိုလ်စောကျော်စိန် ရှေ့တန်းကို ပါသွားတယ်.. မြမောင်ကတော့ တပ်ထဲမှာပဲ နေခဲ့ရတယ်... ရှေ့တန်းမသွားခင် ဆရာတပည့်နှစ်ယောက် နှုတ်ဆက်တဲ့ ပွဲလုပ်သွားသေးတယ်.. မြမောင်ကလည်း သူ့ဆရာကို သံယောဇဉ်ကြီးတော့ ဆရာဘေးမသီ ရန်မခဘဲ ပြန်လာခဲ့ဖို့ အတန်တန်မှာတယ်.. ဗိုလ်စောကျော်စိန်ကလည်း သူပြန်လာမယ်လို့ အထပ်ထပ်ကတိပေးပြီး ရှေ့တန်းကို ထွက်သွားတယ်.. ဖြစ်ချင်တော့ ရှေ့တန်းတစ်နေရာမှာ ရန်သူအင်အားတအားများပြီး ဗိုလ်စောကျော်စိန်တို့ဘက်က အလူးအလဲခံနေရတဲ့အခါ ဒေါသကြီးတဲ့ ဗိုလ်စောကျော်စိန်ဟာ ရန်သူ့ခံကတုပ်ကို အသေခံတပ်ပြီး ဖောက်ခွဲခဲ့တယ်.. ဗိုလ်စောကျော်စိန်ကြောင့် အနိုင်ရသွားခဲ့ပေမယ့် အဲဒီတိုက်ပွဲမှာ ဗိုလ်စောကျော်စိန် ကျဆုံးသွားခဲ့ရတယ်.. ဗိုလ်စောကျော်စိန် ကျဆုံးသွားတဲ့ တချိန်တည်းမှာပဲ..
တပည့်ဖြစ်တဲ့ တပ်ကြပ်မြမောင်က ရိက္ခာပေးတဲ့ရက်မို့လို့ တပ်ကနေ အာမီရမ်တို့ ရိက္ခာစိုတွေ ရလာလို့ ၀မ်းသာအားရ အိမ်ကိုပြန်လာတယ်.. အရင်ခေတ်က တပ်မှာ ရိက္ခာစို အသားငါးတွေ ပေးတယ်.. အဲဒီနေ့က မြမောင်က သူ့ဆရာကို အရမ်းသတိရနေတာနဲ့ ဆရာ့ကို သတိရတဲ့အထိမ်းအမှတ်နဲ့ အာမီရမ်လေးနဲ့ အမဲသားကြော်လေးနဲ့ သတိရတဲ့ပွဲလေးကို တစ်ယောက်တည်းလုပ်မယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့.. အချိန်က ညနေ နေ၀င်ရီတရော ဖြစ်နေပြီ.. အိမ်ရောက်တာနဲ့ မြမောင် မိန်းမ မိဝါကို ခေါ်ပြီး အမဲသားစိမ်းကို ကြော်ခိုင်းလိုက်တယ်.. အဲ့လို ကြော်နေတဲ့အချိန်မှာ အမဲကြော်ကို စောင့်ရင်းနဲ့ အိမ်ရှေ့ကွပ်ပျစ်ကလေးမှာ မန်ကျီးသီးစိမ်းလေးနဲ့ ဆားလေးနဲ့ တွဲပြီး အာမီရမ် လေး ဖြေးဖြေးချင်း ဇိမ်ဆွဲသောက်ရင်း အရသာခံနေတာပေါ့.. နဲနဲလေးကောင်းလာတာနဲ့... ပါးစပ်က ပေါက်ကရတွေ လျှောက်ပြောပါလေရော... ဆရာရေ.. ဆရာကို အရမ်းသတိရတာပဲ.. အရင်တုန်းက ဒီအချိန်ဆိုရင် ကျွန်တော်နဲ့ ဆရာ ဆရာတပည့်နှစ်ယောက် ဒီကွပ်ပျစ်ကလေးပေါ်မှာ အတူထိုင်ရင်း အရက်ဖြူလေးကို ဒီလို မန်ကျည်းသီးစိမ်းလေးနဲ့ ဆားလေးနဲ့ တို့ပြီး သောက်နေကျ.. ခုတော့ ဆရာမရှိတဲ့အချိန်မှ အာမီရမ်တွေရပြီး ကျွန်တော်တစ်ယောက်တည်းသောက်နေရတယ်.. ဖြစ်နိုင်ရင် ခုချက်ချင်းကို ဆရာနဲ့ ကျွန်တော် အတူတူထိုင်ပြီး အာမီရမ်နဲ့ အမဲကြော်လေးကို အရသာခံပြီး သောက်လိုက်ချင်ပါတယ် .. ဆရာရယ်.. တပည့်အနားကို ခုပဲ ပြန်လာခဲ့ပါတော့... ဆိုပြီး မျက်ရည်တွေ ဘာတွေ ကျလို့ပေါ့.. သူပြောလို့ သိပ်မကြာလိုက်ပါဘူး.. အိမ်နောက်ဖေးမှာ တဂစ်ဂစ်နဲ့ သူ့မိန်းမ တက် နေတဲ့ အသံကြားလို့ ကမန်းကတမ်းပြေးသွားပြီး ကြည့်လိုက်တယ်.. သူ့မိန်းမ မိဝါမှာ အရင်ကတည်းက အာရုံကြောအားနည်းပြီး တက် တဲ့ ရောဂါအခံရှိတာကိုး... တစ်ခါတစ်ခါ တက်ရင် ဆေးဖိုးကုန်လွန်းလို့ သူလည်း အမြဲတမ်း သတိထားနေရတယ်.. မိန်းမကို ချစ်တာလည်း ပါမှာပေါ့.. အဲ့လို တက် တဲ့အခါ အချိန်မှီ ခြေမတွေ ဘာတွေချိုးပေးနိုင်ရင် သက်သာတယ်လေ.. ဒီလိုမှ အချိန်မမှီလို့ ဆရာဝန်ကိုပြေးခေါ်မိရင်တော့ ပိုက်ဆံကုန်တော့တာပဲ.. အဲဒါကြောင့် သူအမြဲသတိထားစောင့်ကြည့်နေရတာ.. မြမောင်သွားကြည့်လိုက်တော့ မိဝါက အိမ်နောက်ဖေး ရေကပြင်မှာ ဆန့်ဆန့်ကြီး ဖြစ်နေပြီ.. အရင်တုန်းက တက် တဲ့အခါလို အကြောဆွဲတာတို့ ဘာတို့တော့မဖြစ်ဘူးတဲ့.. အဲဒါနဲ့ မြမောင်လည်း စိတ်ပူသွားပြီး မိဝါအနားပြေးလည်းသွားရော.. အနားရောက်တာနဲ့ မိဝါက ငေါက် ခနဲ ထထိုင်ပါလေရော... ထိုင်ပြီးတာနဲ့ သူ့ဆံပင်ကို ဖြန့်ချလိုက်ပြီး ထမီကို ပုဆိုးကြီးလို ပြင်ဝတ်လိုက်တယ်.. ပြီးတာနဲ့ အနားက ကြောင်နေတဲ့ မြမောင်ကိုကြည့်ပြီး ယောင်္ကျားသံကြီးနဲ့..
" ဟူးးးး စောင့်ရတာ မောလိုက်တာ.. ရေတစ်ခွက်လောက် အရင်တိုက်စမ်းပါ... " တဲ့.. မြမောင်လည်း အံ့သြသွားပြီး ကျောက်ရုပ်တစ်ရုပ်လို ငေးကြည့်နေမိတယ်.. ဟုတ်တယ်လေ.. သူ့မိန်းမ ပါးစပ်ကထွက်တဲ့အသံကြီးက ယောင်္ကျားသံကြီး နောက်တစ်ခုက စကားသံက ခပ်ဝဲ၀ဲ..ဒီလို စကားသံမျိုး သူကြားဖူးပါတယ်.. ဘယ်မှာ ကြားဖူးပါလိမ့်လို့ စဉ်းစားနေတုန်း
" ဟေ့ကောင် မြမောင်.. မင်း ဘာကြောင်ကြည့်နေတာလဲ.. ငါ မင်းဆရာ စောကျော်စိန်လေ.. မင်းပဲ စောစောက တနေပြီးတော့.. မင်းကတော့ ထုံးစံအတိုင်း တော်တော်ငေးငေးငိုင်ငိုင် နိုင်တာပဲ.. မင်း ရေမတိုက်လည်း နေ.. ငါ့ဘာသာသွားသောက်မယ်ဆိုပြီး သောက်ရေအိုးထဲက ရေတွေ တစ်ခွက်ပြီးတစ်ခွက် ခပ်သောက်နေတော့တယ်.. မိဝါ ရဲ့ စကားသံကို မြမောင်ကြားမိတော့ မူးနေတဲ့အရှိန်လေးတောင် ပျောက်သွားပြီး လူလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတယ်.. မိဝါ ရေသောက်ပြီးတာနဲ့ မြမောင်ဘက်လှည့်လာပြီး
" ဒါနဲ့ ပြောရအုန်းမယ်.. မင်း စောစောက အာမီရမ်တွေ ယူလာတာ ငါတွေ့လိုက်တယ်.. အခု အဲဒါတွေဘယ်မှာလဲ .. " လို့မေးတော့တယ်.. မြမောင်လည်း အာစေးမိနေတဲ့လူလို ဖြစ်နေပြီး
" အ.. အရှေ့က ... ကွပ်.. ကွပ်ပစ်ပေါ်မှာပါ... "
နေရာသိတာနဲ့... မြမောင်ကို တိုးဝှေ့ထွက်သွားပြီး သူဦးတည်နေတာက အိမ်ရှေ့ကွပ်ပျစ်ကလေးဆီကို.. ရောက်တာနဲ့.. မိဝါက ခပ်တည်တည်ပဲ အရှေ့မှာချထားတဲ့ အာမီရမ် ပုလင်းကို ပြွတ် ကနဲ မြည်အောင် တစ်ချက် နမ်းလိုက်ပြီး ခွက်ထဲကို အားရပါးရထည့်... မော့နေတာများ တကယ့် အရက်မသောက်ရတာ ကြာလို့ အဆက်ပြတ်နေတဲ့ အရက်သမားက အရက်ပုလင်းပြန်တွေ့လိုက်သလိုပဲ.. အငမ်းမရကို သောက်နေတာ.. မြမောင်လည်း ကြောင်တောင်တောင်ဖြစ်ပြီး ပြောင်းလဲသွားတဲ့မိဝါပုံစံကို တအံ့တသြနဲ့ အနားလည်း မသွားရဲဘဲ တံခါးအကွယ်လေးကနေ ချောင်းကြည့်နေရတာပေါ့... မိဝါကတော့ မြမောင်ကို ဂရုမစိုက်နိုင်အားသေးဘူး.. လောကကြီးမှာ သူရယ်.. အာမီရမ်ပုလင်းရယ် ပဲရှိသလို သောက်ကောင်းနေတုန်း... မြမောင် တော်တော်အံ့သြနေတယ်.. အရင်တုန်းက အရက်ဆိုရင် သိပ်မုန်းတဲ့မိဝါ.. အရက်နံ့ရရင်တောင် အဝေးကနေ သိတဲ့မကြိုက်တဲ့မိဝါ.. သူများ အရက်သောက်လာရင် အိပ်ယာခွဲအိပ်တဲ့အထိ အရက်ကိုမုန်းတာ.. ချစ်တာက ချစ်တာသက်သက်ပဲ.. အရက်ကို မုန်းတာက မုန်းတာသက်သက်ပဲလို့ ကြွေးကြော်ထားတဲ့ သူ့မိန်းမ.. အခုတော့ တစ်ခါတစ်ခါ အရက်ငှဲ့ရင် တစ်ခွက်ကို လေးပက်နှုန်းလောက်နဲ့ ငှဲ့ ငှဲ့ပြီး အာမီရမ် ပြင်းပြင်းကြီးကို ကစ်နေလိုက်တာများ ကြွက်တွင်းထဲ ရေနွေးပူလောင်းသလိုပဲ တဲ့.. ( ကြွက်တွင်းထဲ ရေနွေးပူလောင်းတယ်ဆိုတာ အထဲက ကြွက်ကို သေစေချင်တဲ့ဒေါသနဲ့ တရမန်းကြမ်းလောင်းထည့်တာကို ပြောတာ.. ) မြမောင် နည်းနည်းပဲသောက်ရသေးတဲ့ အာမီရမ် ပုလင်းက မိဝါလက်ချက်နဲ့တင် သုံးပုံ နှစ်ပုံလောက် ကုန်သွားတယ် .. အမယ်.. မန်ကျည်းသီးလေးကိုတောင် ဆားလေးနဲ့တို့ပြီး ဂွပ် ခနဲ ဂျွတ်ခနဲ ကိုက်နေလိုက်ပုံများ.. ကြည့်ရင်းနဲ့တောင် ဗိုလ်စောကျော်စိန်နဲ့ တူလာသလိုလို .. မြမောင်လည်း သူ့မိန်းမ မိဝါ အရက်ကို အားရပါးရသောက်နေတာမြင်တော့ သူလည်း ကြောက်စိတ်တွေ ပြယ်ပြီး အရက်သောက်ချင်တဲ့စိတ်တွေ ပြန်ဖြစ်လာတော့တယ်... အဲဒီအချိန်မှာ မိဝါက..
" ဟေ့.. မြမောင်.. လာလေကွာ..မကြောက်ပါနဲ့ကွာ..ငါ မင်းဆရာ စောကျော်စိန်ပါ.. မင်းပဲ စောစောက တနေပြီးတော့ ငါလည်း ခုမှပဲ အာသာပြေသွားတော့တယ်ကွာ.. " ဆိုပြီး လှမ်းခေါ်လိုက်တယ်.. အဲဒီအချိန်မှာ .. မြမောင်လည်း အရက်အရမ်းသောက်ချင်နေပြီလေ.. မီးစင်ကြည့်ကမှ .. ဆိုပြီး..
" ဟုတ်ကဲ့.. ဗိုလ်ကြီး.. " ဆိုပြီး အားရပါးရ အနားပြေးသွားလိုက်တယ်.. အဲဒီအခါ မိဝါက
" အေးလကွာ.. အဲ့လို လုပ်စမ်းပါ... အရက်ဆိုတာ အဖော်လေးနဲ့ သောက်တာမှ အရသာရှိတာကွ... အိမ်နောက်ဖေးက အမဲကြော်တွေလည်း ယူခဲ့ကွာ.. နောက်ပြီး မင်းအတွက် ခွက်ပါ ယူခဲ့.." ဆိုပြီး အသက်ရှင်စဉ်ကလိုပဲ ရင်းရင်းနှီးနှီးကြီး ခိုင်းလိုက်တယ်.. မြမောင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ အိမ်နောက်က အမဲကြော်တွေ သွားယူတယ်.. အမဲကြော်တွေတော်တော်များများက ကျက်လို့ ပန်းကန်ထဲတောင် ထည့်ပြီးနေပြီ.. သူ့မိန်းမ မိဝါက အမဲကြော်ပြီးလို့ လက်ဆေးမလို့ အိမ်နောက်က ရေကပြင်သွားရင်း မေ့လဲသွားခဲ့တာလေ.. အဲဒါနဲ့ မြမောင်လည်း သူ့အတွက် ခွက်ကလေးပါ ဆွဲရင် မိဝါတစ်ဖြစ်လဲ သူ့ဆရာစောကျော်စိန် ရှိရာ အိမ်ရှေ့ကွပ်ပြစ်ကလေးဆီသို့ ခပ်မြန်မြန်လေးလျှောက်လှမ်းလိုက်ခဲ့လိုက်ပါတော့တယ်....
အိမ်ရှေ့ ကွပ်ပျစ်ကိုလည်းရောက်ရော အမဲကြော်ပန်းကန်ကို ဗိုလ်စောကျော်စိန်ရှေ့ကို ချပေးလိုက်တယ်.. ပြီးတော့ သူ့အတွက် ခွက်ထဲကိုလည်း အရက်ငှဲ့တာပေါ့.. ဗိုလ်စောကျော်စိန်က အရက်ကို ပထမပိုင်းသောက်သလောက် မသောက်တော့ဘဲ အရက်ကလေးသောက် အမဲကြော်လေး တမြုံမြုံဝါးရင်း မျက်လုံးလေး မှေးစင်းပြီး ဇိမ်ခံနေတယ်... နောက်တော့ သူ့တိုက်ပွဲအတွေ့အကြုံတွေကို အားရပါးရ ဖောက်သည်ချပါလေရော..
သူရှေ့တန်းမှာတုန်းက ရန်သူတွေနဲ့ သူတို့တပ်တွေ အင်အားမမျှတော့ စိတ်ကြီးတဲ့ သူ့ဗီဇအတိုင်း ရန်သူတွေကို ဖိပစ်လိုက် ၀ပ်လိုက်လုပ်နေတာ ကြာတော့ စိတ်မရှည်တော့ဘဲ.. မတ်တပ်ရပ်ပြီး သူကိုင်တဲ့ အော်တိုစက်သေနတ်ကြီးကို ကိုင်ပြီး ထဆွဲတာ.. ရန်သူဘက်က ငါးယောက်လောက်ကျသွားတဲ့အကြောင်း၊ နောက်.. ရန်သူ့ဘက်က ခံတပ်ကြီးတစ်ခုကြောင့် သူတို့တပ်ဖွဲ့က အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ကျသွားတာကို မြင်ခဲ့ရတဲ့အကြောင်း၊ နောက်ဆုံး အဝေးပစ်တပ်စိတ်ကို ပစ်ကူပေးဖို့ ခေါ်ထားပေမယ့် အချိန်ကြာနေတာကြောင့် စိတ်မရှည်တော့ဘဲ မိကျောင်းလိုတွားသွားခဲ့တဲ့အကြောင်း၊ ရန်သူ့ဘက်က ကျည်ဆန်တွေကလည်း သူ့အနားမှာ ပိတုန်းကောင်တွေလို တ၀ီဝီနဲ့ ဖြတ်သန်းသွားနေကြောင်း၊ နောက်ဆုံး လက်ပစ်ဗုံးနဲ့ ရန်သူ့ခံတပ်ထဲ ပစ်လိုက်တဲ့အချိန်မှာပဲ ရန်သူ့ဘက်က ပစ်လိုက်တဲ့ ကျည်ဆန်တွေက သူ့ခန္ဓာကိုယ်ထဲ ဖောက်ထွင်းဝင်ရောက်သွားပြီး သူ ကျဆုံးခဲ့ရတဲ့အကြောင်းကို တဖွဲ့တနွဲ့ ပြောပြရှာတယ်.. ဒါပေမယ့် သူ့မျက်နှာကိုကြည့်ရတာ တိုက်ပွဲမှာ ကျဆုံးခဲ့ရလို့ ၀မ်းနည်းနေတဲ့ပုံ တစ်စက်မှ မရှိဘူး.. သူက တစ်ကိုယ်တည်းလူပျိုကြီးပဲလေ..
ဗိုလ်စောကျော်စိန်က စိတ်လဲရဲတယ်.. လုပ်ရဲခံရဲတဲ့ သတ္တိလည်းရှိတယ်..
" ငါ့ ကိုယ်မှာ ဒီလောက် ကျည်ဆန်တွေမှန်သွားလိုက်ကတည်းက ငါသေမယ်ဆိုတာ သိလိုက်ပြီပေါ့.. ဒါပေမယ့်.. ငါတို့ရဲ့ ရန်သူကောင်တွေကိုပါ ငါနဲ့အတူ ခေါ်သွားနိုင်တာ ၀မ်းသာတယ်ဝေ့.. အဲဒီစစ်ဖြစ်တဲ့နေရာမှာ ငါတို့ဘက်က သေတဲ့ကောင်တွေ တချို့ရော ရန်သူ့ဘက်ကသေတဲ့ကောင်တွေရော တောထဲမှာ ဟိုပြေးဒီပြေးနဲ့ပေါ့ကွာ.. နောက်ပြီး ငါတို့စစ်ဖြစ်နေတဲ့နားမှာ ရပ်ကြည့်နေကြတဲ့ လူလိုလို မျောက်ဝံလိုလို အကောင်နီနီကြီးတွေလည်း ရှိတယ်ဝေ့.. ဘာကောင်လဲတော့ ငါလည်းမပြောတတ်ဘူး.. ငါလည်း တစ်ခါမှ မမြင်ဖူးဘူးလေ.. နောက် ဒီလောက် သေနတ်တွေ ပစ်ခတ်နေတဲ့ကြားမှာ သေတဲ့အကောင်တွေက ထွက်တဲ့ သွေးစသွေးနတွေနဲ့ ၀မ်းတွင်းကလီစာတွေကို လျှာနဲ့ ၀င်ဝင်လျက်နေတဲ့ အကောင် မည်းမည်းကြီးတွေကိုလည်း တွေ့ရတယ်ကွာ.. ဒီအကောင်တွေကို ဘယ်သူမှ မမြင်ရဘူးကွ.. ငါတောင် သေသွားလို့တွေ့ရတယ် ထင်တာပဲကွာ.. ဒီမြင်ကွင်း မြင်ရတာ တစ်စက်မှ စိတ်ချမ်းသာစရာမရှိပါဘူးကွာ... ငါလည်း ဆက်မကြည့်ချင်တော့တာနဲ့ ငါ့အပေါင်းအသင်းတွေကို နှုတ်ဆက်မယ်ဆိုပြီး တပ်ရင်းကို ပြန်လာခဲ့လိုက်တယ်... လမ်းမှာလည်း စောစောကမြင်ခဲ့တဲ့အကောင်တွေလို မည်းမည်းကောင်တွေရော ပိန်သေးသေးကောင်တွေရော အရပ်ရှည်ရှည်ကောင်တွေရော မျိုးစုံပဲ မြင်ခဲ့ရတယ်.. နောက်ဆုံး တပ်ရင်းကို ပြန်ရောက်တာတောင် သူ့အပေါင်းအသင်းတွေနဲ့ ချက်ချင်းတွေ့လို့မရလို့ တပ်ရင်းထိပ်က ညောင်ပင်ကြီးမှာ နေခဲ့ရတယ်.. နောက်ဆုံး မင်း ရိက္ခာရုံကနေ အမဲသားတွေ အာမီရမ်တွေ အများကြီး သယ်လာတာတွေ့လို့ ငါ့ တပည့်နဲ့ အတူသောက်ချင်လို့ လိုက်လာတာကွ..." လို့ သူ့အဖြစ်ကို ပြောပြနေတယ်..
မြမောင်ကတော့ အရက်သောက်ဖို့တောင်မေ့ပြီး သူ့ ဆရာပြောပြတဲ့အကြောင်းအရာတွေကိုသာ မျက်လုံးထဲ ပုံဖော်ရင်း အရက်ခွက်ကို ကိုင်ပြီး တွေတွေကြီးနားထောင်နေပါတယ်..
ဗိုလ်စောကျော်စိန်က စကားလည်း ဆုံးရော ဘေးကိုကြည့်လိုက်တဲ့အခါ ငေါင်တောင်တောင်ကြည့်နေတဲ့ မြမောင်ကိုလည်းတွေ့ရော..
" ဟေ့ကောင်... သောက်ကွာ ဒီတိုင်းကြီးမနေနဲ့. .Cheer ချကွာ.. "
ဆိုပြီး မြမောင်ကို လောကွတ်လုပ်ပါတယ်.... သူ ကိုယ်တိုင်လဲ တွယ်တာပေါ့.... ဒါနဲ့ တညလုံး ည ၈ နာရီလောက်တည်းက ထိုင်သောက်လိုက်တာ မနက် နှစ်နာရီလောက်အထိ ထိုးသွားပါတယ်..မြမောင်ကတော့ အစပိုင်းမှာ ထူးဆန်းတယ်ဆိုပြီး စကားတွေ ပြောလိုက် သောက်လိုက် လုပ်နေပေမယ့်.. ကြာတော့ ပျင်းလာပါတယ်.. အပူးခံနေရတဲ့ သူ့ မိန်းမ အတွက်လဲ စိတ်ပူလာတယ်လေ.
ဒါနဲ့... စောကျော်စိန် စကားစလာတာနဲ့ "သောက် ဆရာ သောက် "ဆိုပြီး.. အတင်းထိုးတိုက်တော့တယ်.. ဗိုလ်စောကျော်စိန်ကတော့ မမောသေးပါဘူး.. သူ့တပည့်နဲ့ ပြန်တွေ့ရတာရော အရက်တ၀ကြီးသောက်နေရတာရော ကြောင့် လက်ရှိဘ၀ကိုတောင် မေ့နေသလိုပါပဲ..
ဟိုးးးးးးးးးး သူငယ်ငယ်လေးဘက် သွား အကြောင်းကနေ သူ အသက်တစ်ဖြည်းဖြည်းကြီးလာလို့ ဘ၀အတွေ့ အကြုံ ရတဲ့ အကြောင်းတွေပြောပြနေပါတော့တယ်.. သူ့ အမေ ကဘယ်လို သူ့ အဖေက ဘယ်လို .. သူက ဘယ်လိုစသည်ဖြင့် ပြောနေလိုက်တာ..
မပြီးတော့ပါဘူး.. ဒါကြောင့် မြင့်မောင်က အရက်ကုန်ရင်လည်းကုန်ပါစေ.. ဒီလူကြီး မူးပြီးမှောက်သွားရင် ပြန်ထွက်သွားမှာပဲ ဆိုတဲ့ သဘောနဲ့ ဗိုလ်စောကျော်စိန် ခွက်ထဲမှာ ကုန်တာနဲ့ သောက်.. သောက် ဆရာ.. ဆိုပြီး အရက်တွေကို အဆက်မပြတ်ကြီး ထပ်ထပ် ငှဲ့ပေးပါတယ်..ဗိုလ် စောကျော်စိန် ခမျာလည်း စကားကို ကောင်းကောင်း မပြောနိုင်တော့ပါဘူး .. မြမောင် အရက်ငှဲ့ ဘယ်လောက်သွက်လဲ ဆိုရင်ငါ ဟိုးးးး ရှမ်းပြည်သွားတုန်းကပေါ့ကွာ... လို့ ဆိုပြီး စကားစလိုက်တာနဲ့.. သောက်ဆရာ သောက်.. .ဆိုပြီး ထည့်ပေးပြန်ရော.. အဲဒီ တစ်ခွက်လည်းကုန်ရော... အဲ့ဒါနဲ့ ရှမ်းပြည်မှာလေ... လို့ စကားဆက်ပြန်ရင် သောက် ဆရာသောက် ဆိုပြီး မြင့်မောင်က ထပ်ငှဲ့ပေးပြန်ရော.. ဒီလိုနဲ့ ဗိုလ်စောကျော်စိန်တစ်ယောက်လည်း သုံးခွန်းပြည့်အောင်တောင်မပြောနိုင်ဘူးဆိုပဲ.. ဒီလိုနဲ့ မြမောင်ရိက္ခာရလာတဲ့ အာမီရမ်ငါးလုံးလုံး ဟာ တစ်ပိုင်းလောက်ပဲ ကျန်ပါတော့တယ်..ဗိုလ်စောကျော်စိန်ဝင်ပူးနေတဲ့ မိဝါ ကချည်းသောက်တာ လေးလုံး ကျော်ကျော်လောက်ရှိတယ်... ဒီလိုနဲ့ အချိန်တဖြေးဖြေးလင့်လာပြီးတော့ မနက် လေးနာရီထိုးတော့မယ်.. ကြက်တွန်သံတွေ စကြားလိုက်တာနဲ့ ဗိုလ်စောကျော်စိန်ဝင်ပူးခံနေရတဲ့ မိဝါက ဇတ်ခနဲဖြစ်သွားပြီး
" အေး.. မင်းနဲ့ စကားပြောလို့လည်း ကောင်းတယ်.. အရက်သောက်ရတာလည်း ကောင်းတယ်.. ဒါပေမယ့် ငါပြန်ဖို့အချိန်ရောက်ပြီ.. ငါလည်းတော်တော်ကြီးကောင်းသွားပြီ.. မင်း ငါနေတဲ့ နေရာကိုလိုက်ပို့.." ဆိုပြီး ပြောပါတယ်.. အဲဒီအခါ မြမောင်က ၀မ်းသာသွားပြီး
" ဘယ်ကိုလိုက်ပို့ရမလဲ ဆရာ.. "
" ငါနေတဲ့ တပ်ထိပ်က ညောင်ပင်ကြီးကိုပေါ့.. "
" အော် ဟုတ်ကဲ့ပါ.. " ဆိုပြီး မိဝါတစ်ဖြစ်လဲ ဗိုလ်စောကျော်စိန်ကို တွဲပြီး ညောင်ပင်ကြီးကိုလိုက်ပို့တယ်.. လမ်းတလျှောက်လုံးလည်း ခွေးတွေက ဟောင်တဲ့ကောင်ကဟောင် အူတဲ့ကောင်က အူတာပေါ့.. ညောင်ပင် အစပ်လည်း ရောက်ရော.. မိဝါပါးစပ်ကနေ.. ငါ သွားပြီလို့ တစ်ခွန်းတည်းပြောပြီး ပုံလျက်သားလဲကျသွားတယ်.. အဲဒီအခါ မြမောင်လည်း မိဝါကိုပွေ့နေတုန်း မိဝါ သတိပြန်ရလာတယ်.. သတိရလာလာချင်းပဲ ရှိုက်ကြီးတငင် ငိုကြွေးပြီး သူ နောက်ဖေးရေကပြင်မှာ လက်ဆေးနေတုန်း ဗိုလ်စောကျော်စိန် ရောက်လာကြောင်း သူကလည်း ရှေ့တန်းက ပြန်လာပြီထင်ပြီး လှမ်းနှုတ်ကဆက်မိကြောင်း၊ ထိုအခါ ဗိုလ်စောကျော်စိန်မှ နင့်ဆီ ငါခဏလာမလို့ လို့ ပြောတဲ့အခါ.. လာပေါ့ဆိုပြီး ပြီးစလွယ် ပြောလိုက်မိတဲ့ခဏမှာ ရေကပြင်အောက်ကနေ သူ့ရှေ့ချက်ချင်းရောက်လာလို့ ကြောက်လန့်ပြီး အော်ဟစ်ရန်ပြင်လိုက်စဉ် နောက်ပိုင်းအဖြစ်အပျက်တွေ သူ ဘာမှ သတိမရတော့ကြောင်း အခု ဒီနေရာကို ရောက်လာမှ အသိစိတ်ပြန်ဝင်လာခဲ့တာဖြစ်ကြောင်း ပြောပြတယ်.. မိဝါပုံစံက အာမီရမ်ငါးလုံးနီးပါး သောက်ထားပေမယ့် မူးနေတဲ့အရိပ်အယောင် မမြင်ရဘူးလေ.. အဲဒါနဲ့ မြမောင်လည်း မိဝါကို အိမ်ပြန်ခေါ်သွားပြီး ဘုရားသောက်တော်ရေများကို စွန့်ပယ်ပြီး သောက်စေတယ်.. သူလည်း သောက်တယ်.. အဲဒီနောက်ပိုင်း မြမောင်လည်း အရင်ကလို အရက်မသောက်ဖြစ်တော့ဘဲ ဘုရားတရားပိုလုပ်လာတယ်.. မိဝါကလည်း ယောင်္ကျားရဲ့ပြောင်းလဲလာတဲ့အဖြစ်ကို ၀မ်းသာကျေနပ်နေရှာတာပေါ့... ဒီလိုနဲ့ ဗိုလ်စောကျော်စိန်နဲ့ အဆက်အသွယ် ပြတ်သွားလိုက်တာ နောက် သုံးလလောက်ကြာတဲ့အခါ မြမောင်အိမ်မက်ထဲကို ဗိုလ်စောကျော်စိန် ရောက်လာပါတော့တယ်.. ပြီးတော့ ပထမတော့ မြမောင်အနေနဲ့ ဘုရားတရားအလုပ်တွေလုပ်လာတဲ့အတွက် သူ မြမောင်တို့အိမ်ကိုလာလို့မရတော့ကြောင်း၊ အခုလည်း အိမ်စောင့်နတ်ကို အတန်တန်ခွင့်ပန်တောင်းပန်ပြီးမှ မြမောင်ရဲ့အိမ်မက်ထဲကိုလာရတာဖြစ်ကြောင်း၊ အခုတစ်ခါ လာတာက အရင်တစ်ခေါက်ကလို မဟုတ်ဘဲ သူ ဒီဘ၀မှာနေရတာ မပျော်တော့တဲ့အတွက် အကူအညီတောင်းဖို့ဖြစ်ကြောင်း ပြောပြတယ်.. ထိုအခါ မြမောင်က ဘာကူညီရမလဲ.. သူတတ်နိုင်တာဆိုရင် ကူညီပေးပါ့မယ်လို့ ပြောတဲ့အခါ သူနေတဲ့လူပျိုဆောင်တန်းလျားရဲ့ လှေခါးအဆင့်ခြေရင်းမှာ သူ စုဆောင်းထားတဲ့ငွေကြေးလေးများကို ၀ါးကျည်ထောက်တစ်ခုထဲထည့်ပြီး မြုပ်နှံထားကြောင်း၊ အဲဒါလေးကို ပြန်လည်တူးဖော်ပြီး သူ့အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးစေလိုကြောင်း၊ အလှူလုပ်ပြီး အမျှဝေတဲ့အခါမှာလည်း သူနေတဲ့ ညောင်ပင်ကြီးကိုလာပြီး သူနာမည်နဲ့ခေါ်စေလိုကြောင်းပြောကြားပြီး ပျောက်ကွယ်သွားပါတယ်... မြမောင်ကလည်း သူ့ဆရာအတွက် စိတ်မကောင်းဖြစ်မိပြီး အိမ်မက်ထဲကအတိုင်း အထက်လူကြီးများနဲ့ တိုင်ပင်ပြီး လူပျိုဆောင် လှေခါးရင်းကို တူးဖော်ကြည့်တဲ့အခါ အိမ်မက်ထဲကအတိုင်း ဗိုလ်စောကျော်စိန် ပြောတဲ့ ၀ါးကျည်တောက်ကြီးတွေ့ပြီး ခွဲကြည့်တဲ့အခါ ငွေကြေးများကိုတွေ့ရတဲ့အတွက် အားလုံးပေါင်းစုပြီး ဗိုလ်စောကျော်စိန်အတွက် ထပ်ဆင့်အမိန့်စာပြန်ပေးရန်နှင့် အလှူလုပ်ပြီး အမျှဝေပေးရန်ပြုလုပ်ဆောင်ရွက်ကြပါတော့တယ်.. ညောင်ပင်ကြီးကို သွားပြီး ဗိုလ်စောကျော်စိန် နာမည်ကို ခေါ်ရာမှာ ညောင်ကိုင်းတစ်ကိုင်းတည်းက လေမတိုက်ပါဘဲ သိသိသာသာကြီးလှုတ်ရှားသွားတာ အားလုံးတွေ့မြင်လိုက်ရပါတယ်.. အဲဒီနောက်မှာတော့ အမျှဝေပွဲလုပ်ပြီး သာဓုခေါ်တဲ့အချိန်မှာလည်း ဗိုလ်စောကျော်စိန်အတွက် သီးသန့်နေရာခင်းထားတဲ့အခင်းက လူတစ်ယောက်ထိုင်နေသလို တွန့်ကြေနေပြီး တရားနာလာတဲ့ပရိတ်သတ်ထဲက တချို့က ဗိုလ်စောကျော်စိန်ကို ပရိသတ်ထဲမှာ ရိုးတိုးရိပ်တိတ်မြင်လိုက်ရကြောင်း ပြောပြကြပါတယ်.. အမျှဝေပြီး သာဓုခေါ်တဲ့အချိန်မှာလည်း အသံသြသြကြီးဖြင့် သာဓုခေါ်သံကို ထူးထူးခြားခြားကြားလိုက်ကြရပြီး အားလုံးကြက်သီးမွှေးညင်းများပါ ထသွားရပါတော့တယ်.. အမျှဝေပြီးပြီးတာနဲ့ တစ်ခါတည်း ထပ်ဆင့်အမိန့်ပြန်တဲ့ကြော်ငြာစာတမ်းကို အထက်လူကြီးများမှ ဖတ်ကြားပါတော့တယ်.. အဲဒီနောက်ပိုင်းမှာတော့ မြမောင်ရဲ့ အိမ်မက်ထဲကို ဗိုလ်စောကျော်စိန်တစ်ယောက် ပျော်ရွှင်စွာရောက်လာပြီး သူဒီဘ၀က ကျွတ်လွတ်သွားတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ပြောဆိုပြီး ပျောက်ကွယ်သွားပါတော့တယ်.. မြမောင်လည်း ဆရာ့အတွက် ကျေနပ်ဝမ်းသာခြင်းများစွာဖြင့် အရက်ဖြတ်လိုက်ပြီး ဘုရားတရားအလုပ်ကို ပိုမိုလုပ်ကိုင်ရင်း အေးချမ်းစွာနေထိုင်သွားပါတော့တယ် ခင်ဗျာ..
Read More »

"လှေကားတ၀က် ....မီးအပျက်ဝယ်"

 
ဘဝမှာ မှတ်မှတ်ရရ ပရလောကသားတွေနဲ့ ကြုံတွေ့ခဲ့ဘူးတာကတော့ ကျွန်မ အသက် (၁၆) နှစ်လောက်တုန်းကပေါ့။ အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့ ဖွားဖွားနှာခေါင်း ခွဲစိတ်ကုသမှုခံယူဖို့အတွက် ရန်ကုန်၊ တာမွေမြို့နယ်ထဲက ဆေးရုံတခုမှာ တက်ရတယ်။ အခုပြောပြချင်တဲ့ ဇာတ်လမ်းက ဆေးရုံမှာ အဖွားကို လူနာစောင့်ရင်းနဲ့ ကြုံရဆုံရတာပါ။ အဖွား ဆေးရုံတက်ချိန်မှာ ကျွန်မရဲ့ ဖခင်က သူ့ယောက္ခမ၊ ကျွန်မဖွားဖွားကို သူတာဝန်ယူ ညအိပ်စောင့်ပေးမယ်ဆိုပြီး ကျန်ခဲ့တယ်။ ထုံးတမ်းစဉ်လာအရ အမျိုးသမီးလူနာကို အမျိုးသား လူနာစောင့် ထားခွင့်မရှိပေမယ့် ကျွန်မ ဖခင် ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရခဲ့တယ်ဆိုတာကိုတော့ ဒီနေရာမှာ ရေးပြဖို့ မလိုအပ်ဘူး ထင်လို့ ချန်လှပ်ထားခဲ့ပါ့မယ်။ အဖွား ရတဲ့အခန်းက ဆေးရုံရဲ့ ဒုတိယထပ်ထောင့်စွန်းအကျဆုံး အခန်းပါ။ ဖြစ်ချင်တော့ အပေါ် ထပ်ကပ်လျက် အခန်းကလည်း လူနာမရှိဘူး။ အောက်ထပ်ကတော့ ဟောခန်းကြီးပေါ့နော်။ ဘေးခန်းတွေမှာလည်း လူမရှိဘူးလေ။ ဒီလိုနဲ့ အဖွားခွဲစိတ်ခန်းထဲကထွက်လာတော့ အချိန်က ညနေ(၆) နာရီခွဲ ပတ်ဝန်းကျင်လောက်တော့ ရှိနေပါပြီ။ မှောင်ရိပ်ပျိုးနေပြီဆိုတော့ ကျွန်မရဲ့ အမေရယ်၊ အဒေါ်ရယ်ကလည်း အိမ်ကိုပြန်ရောပေါ့။ အဖေပဲ စောင့်ပေးနေတာ။ မေ့ဆေးပြယ်ပြီး သတိရတဲ့အချိန်မှာ အဖွားက ပြူတင်းပေါက်နားမှာဆိုတော့ အပြင်ကိုလှမ်းကြည့်ပြီး ကျွန်မရဲ့ အဖေကို...... "ဟဲ့မောင်မြင့်ဋ္ဌေး ဓာတ်မီးတိုင်ကလူတယောက်ခိုစီးနေတလိုပဲ လှုပ်နေတယ်" လို့ပြောတယ်။ အဖေလည်းတွေ့တယ်။ ဒါပေမယ့် ခွဲခန်းထဲက ထွက်လာကာစမို့ (Surgical Stress) နည်းနည်း ရှိနေတဲ့ အဖွား စိတ်ခြောက်ခြားပြီး အားငယ်နေမှာ စိုးရိမ်တာကြောင့် "မဟုတ်ပါဘူး။ အမေကလည်းခွဲပြီးခါစမို့စိတ်ထင်တာပါ " လို့ ပြန်ပြောလိုက်ရတယ်။ အဖေလှမ်းကြည့်လိုက်တော့လည်း အဲဒီဓာတ်မီးတိုင်က တတိုင်ပြီးတတိုင် ကူးပီးလှုပ်သွားတာတဲ့။ အဲဒီနေ့မှာပဲ ပထမဦးဆုံးနေ့ဆိုတော့ အဖေလည်း ဆေးရုံအထာတွေ သိပ်မသိသေးဘူးထင်ရဲ့။ ညသန်းခေါင် ၂ချက်တီးလောက်ကြီးမှာ ရေအိမ်သွားချင်ပါလေရော။ ရိုင်းရိုင်းပြောရရင်တော့ အိမ်သာတက်ချင်လာတာပေါ့။ အိပ်ယာကနေ ထပြီးကြည့်လိုက်တော့ အိမ်သာတံခါးကဟနေတယ်။ ပြီးတော့ မီးပွင့်ပြီးရေသံတွေကြားနေရတာတဲ့။ အဖေလည်းသူနာပြုထင်ပြီးစောင့်တာပေါ့။ ၁၅ မိနစ်လည်းမဟုတ်၊ နာရီဝက်လည်းမဟုတ်နဲ့ အိမ်သာတက်ချင်တဲ့ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရာက ဘယ်လိုမှ မမြိုသိပ်နိုင်တော့အဆုံး တံခါးခေါက်ပြီး ဖွင့်ကြည့်လိုက်တော့မှ မီးလည်းပိတ်သွားပြီး ရေသံလည်းမကြားရတော့ဘူးတဲ့။ အဖေ့ အလှည့်ပြီးလို့ ကျွန်မကြုံရတဲ့ အလှည့်ကတော့ နောက်(၃)ရက်မြောက်နေ့ရဲ့ ညဦးပိုင်းမှာပါ။ ကျွန်မတို့ မိသားစုတွေ အဖွားဆီကို နာလန်ထလူမမာ သတင်းမေးဖို့ သွားကြတဲ့ အချိန်။ အဲတုန်းက အဖေက ကျွန်မတို့ ကလေးတွေကို သေချာမှာပါတယ်။ ဆေးရုံထဲမှာလျှောက်မသွားနဲ့နော် တဲ့။ ကိုယ့်သမီးအကြောင်းကိုယ်သိလို့နဲ့တူပါတယ် ဟီဟိ။ သမီးဖြစ်သူ ကျွန်မကလည်း မိဘစကားကို မြေဝယ်မကျ နားထောင်တတ်ရှာတာကိုး။ အဖေပြောပြီးလို့ ဘာမှတောင်မကြာ ဘူး။ အမေ့ဆီကို ဖုန်းဝင်လာတယ်။ အဖွားအမျိုးတွေ ဆေးရုံဝင်းရှေ့ရောက်နေပြီတဲ့။ အခန်းမသိလို့လာခေါ်ပါတဲ့။ အဲဒီအချိန်က အဖွားက ခွဲစိတ်ဒဏ်ရာအနာသက်သာအောင် ဆေးထိုးထားလို့ ခုတင်ပေါ်မှာမှိန်းနေတဲ့အချိန်။ ကျွန်မရဲ့မောင်လေးကလည်း အဖွားဘေးနားမှာအိပ်နေရော။ အဲဒါနဲ့အဖေနဲ့အမေက ဆေးရုံဝင်းဆီသွားပြီး အမျိုးတွေကို သွားကြိုကြတယ်လေ။ အဲ့အချိန်မှာ ကျွန်မလည်း စကားပြောဖို့ အဖော်လည်းမရှိ၊ တယောက်ထဲဆိုတော့ ပျင်းနေတာပေါ့။ ပြုတင်းပေါက်ကလှမ်းကြည့်လိုက်တော့ ကျွန်မ အမေနဲ့ အဖေတို့က ဆွေမျိုးတွေနဲ့ စကားလက်ဆုံ ပြောလို့မကုန်ဖြစ်နေကြလေရဲ့။ ကျွန်မလည်း စိတ်ကူးပေါက်တာနဲ့ လိုက်သွားမယ် စဉ်းစားပြီး ဟောခန်းကိုသွားရော။ အဲ့မှာ လှေကားအကြီးကြီးဆင်းရတာ ကျောချမ်းစရာကြီးရယ်။ ကျွန်မကတော့ ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိဘူး။ လှေကားကဆင်းလာလို့ လမ်းတဝက်ပဲရောက်သေးတယ်။ ရုတ်တရက် မီးကဖြတ်ဆိုပျက်သွားပါလေရော။ ကျွန်မက လှေကားမှာတယောက်ထဲ ။ အနီးအနားမှာလည်း တယောက်တလေမှမရှိ။ ဘာကိုမှလည်း အသေအချာ သဲသဲကွဲကွဲ မမြင်ရ။ အသံဗလံတွေ တိတ်ဆိတ်လို့။ ကျွန်မက အဲ့ဒီအချိန်တုန်းက အသက်(၁၆)နှစ်ပတ်ဝန်းကျင်ဆိုတော့ ကလေးသာသာပဲလေ။ နည်းနည်းတော့ လန့်လာတာပေါ့။ မှတ်မှတ်ရရ ကြက်သီးမွေးညင်း တွေထလာရော။ စိတ်ထဲကတော့ ဘာလည်းဟပေါ့။ နောက်ပြီး ကိုယ့်နောက်မှာ တယောက်ယောက်က ကိုယ့်ကို စူးစူးစိုက်စိုက် ကြည့်နေသလို ခံစားလာရတယ်။ ကိုယ့်စိတ်ကိုယ် ပြန်အားတင်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ပါတယ်။ ဘာမှမတွေ့ဘူး။ အဲအချိန်မှာ ကျွန်မပခုံးပေါ်ကို ဖတ်ဆိုပြီး အေးစက်တဲ့ အထိအတွေ့နဲ့ အရာတခု လာထိလိုက်တာ ခေါင်းထဲမှာ ဒိုင်းကနဲပဲ။ အရမ်းကိုလန့်သွားတာ။ ဘာဘုရားစာမှရွတ်ချိန်မရှိဘူး။ လူကကျက်သေသေနေပြီ။ အဲအချိန်မှာပဲ ကျွန်မကို တိုက်ချသွားတာ။ အဲတော့မှ ဘာမှမတွေးတော့ဘူး ။ ဟောခန်းထဲလည်းမဖြတ်ရဲတော့ဘူး။ ကျန်တဲ့လှေကားတဝက်ကို အပေါ်ပြန်တက်ပြေးတာ။ အဖွားရှိတဲ့အထပ်ကိုပေါ့နော်။ အဖွားအခန်းက ထောင့်စွန်းအခန်း ဖြစ်နေတော့ မှန်းရလွယ်တယ်လေ။ အဲလိုပြေးနေရင်းနဲ့ ကျွန်မနားထဲမှာ စကားပြောသံတွေကို ကြားလိုက်ရတယ်။ အဲတော့မှ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေရှိနေပါသေးလားလို့ စိတ်အားတင်းလို့ရပြီး အကြောက်နည်းနည်းပြေသွားတော့တယ်။ ကိုယ့်ဟာကိုလည်းရယ်ချင်သွားတယ်။ တယ်ကြောက်တတ်တဲ့ ငါပါလားနော်ဆိုပြီး။ ကျွန်မလည်း အဖေတို့ကို စိတ်ပူမိတာနဲ့ အခန်းပေါက်ဝမှာ တယောက်တည်း ထိုင်စောင့်နေမိတယ်။ ခဏလောက်အကြာမှာ မီးပြန်လာပါတယ်။ အဖေတို့လည်း အပေါ်ထပ်ကို ပြန်တက်လာကြတယ်။ ပြီးတော့ ကျွန်မကိုမေးတယ်။ "မီးပျက်သွားတယ်မဟုတ်လား???? "တဲ့။ ကျွန်မ ဟုတ်တယ်လို့ ပြန်ဖြေတော့ အဖေထပ်မေးလိုက်တာက လှေကားတဝက် ရောက်မှဖြစ်တာလား????? ဆိုပြီး ဒဲ့ဒိုးကြီးမေးချလိုက်ရော။ ကျွန်မ လည်း ရုတ်တရက်ဆိုတော့ ဘာပြန်ဖြေလို့ ဖြေရမှန်းတောင် မသိပဲ ကြောင်သွား တာပေါ့။ အမေကလည်း ဘာဖြစ်တာလည်းပဲ တမေးတည်းမေးနေရော။ အဖေက အဖွားဆေးရုံဆင်းမှပြောမယ်တဲ့။ ကျွန်မကတော့ ပြောလိုက်ပါတယ်။ ဘေးခန်းက လူတွေစကားပြောနေသံကြားမှ အကြောက်ပြေတာဆို တော့ အဖေကပြူးကြည့်တယ်(မျက်စိ)။ပြီးတော့ ဆက်မေးတယ်။ ဘယ်ဘေးခန်းကလဲ???တဲ့။ အဖွားဘေးခန်းကပေါ့လို ကျွန်မပြန်ပြောတော့ အဖေကရယ်တယ်။ ဘယ် ဘေးခန်းမပြောနဲ့ အပေါ်အောက် ပတ်ပတ်လယ်တခန်းမှလူမရှိဘူးတဲ့။ အေးရော။ အဲတုန်းက ဧည့်သည်တွေကလည်း အဖွားအခန်းထဲမှာ။ နောက်တော့အဖွားဆေးရုံဆင်းရော။ ဆေးရုံကဆင်းလာလို့ အိမ်ပြန်ရောက်လာတာတောင် အဖွားကို နာလန်ထ သတင်းလာမေးတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက ကုန်နိုင်သေးဘူး။ အဲအဖွားနဲ့စကားတွေပြောနေတော့ ကျွန်မလည်း အဖွားအိမ်ရောက်နေတာနဲ့ ဒီလိုပဲပျင်းတော့လူကြီးစကားဝိုင်းထဲဝင်နားထောင်တယ်ပေါ့နော်။ အဲဒီမှာ အဖွားကိုဆေးရုံသတင်းမေးလာတဲ့ ဧည့်သည်လင်မယားက အဖွားကို ဆေးရုံတက်တုန်းက ဘာမှမဖြစ်ဘူးလားတဲ့။ အဖွားက ဘာကိုလဲလို့ ပြန်မေးတော့ သူတို့ဆေးရုံလာမေးတုန်းက ပြုတင်းပေါက်အပြင်မှာ လင်မယား၂ယောက်နဲ့တူတယ်။ ရပ်ပြီး ကော်ရစ်ဒါကိုလက်ညိုးထိုးပြီးစကားပြောနေကြတယ် တဲ့လေ။ သူတို့ကိုတွေ့တော့ ရယ်တောင် ရယ်ပြလိုက်သေးတယ်တဲ့။ သူတို့ကလည်း သြော်....ဒီဆေးရုံကိုလူနာကြည့်လာတယ်ပဲ မှတ်တာတဲ့။ အဲဒါဆိုလည်း ဘာလို့ဆေးရုံအပြင်က ပြုတင်းပေါက်မှာ လာချောင်းနေရတာလဲပေါ့။ ဝင်လာတာ မဟုတ်ဘူးဆိုပြီး...တွေးနေတာတဲ့။ နောက်မှ အဖွားအခန်းထဲကို ဝင်ပြီးပြုတင်းပေါက်ကိုကြည့်တော့မှ ဒုတိယထပ်မှန်း သတိထားမိတာတဲ့။ အဲတော့မှကျောချမ်းတာတဲ့။ အဲဒါနဲ့အဖေလည်းသူ့ရဲ့ ဆေးရုံအတွေ့အကြုံကို ဝင်ပြောပြပါတော့တယ်။ အဖေနဲ့ ဖွားဖွား အဲ့ဒီဆေးရုံမှာ ခြောက်လှန့်ခံရတဲ့ အကြောင်းအရာတွေ နောက်ပိုင်းတွေလည်းရှိပေမယ့် အစားမက်ပြီး အပြင်ထွက်၊မုန့်ထွက်ဝယ်လိုက်တော့ သူတို့ဆက်ပြောကြတဲ့ အကြောင်းအရာတွေကို ကျွန်မ သိခွင့်မရလိုက်ပါဘူး။ ဒါပေမယ့် လက်လှမ်းမီသလောက်တော့ ပြန်မေးကြည့်ပြီး ထပ်ရေးပေးပါဦးမယ်။
Read More »

Friday, September 11, 2015

ရှေးထုံးကိုပယ်မိရာဝယ်

ကျွန်တော်ဆယ်တန်းဖြေတဲ့နှစ် (၂၀၀၄- ၂၀၀၅) ပညာသင်နှစ်မှာပေါ့။ ကျွန်တော်နေတဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ အထက(၁)နဲ့ အထက(၂) ဆိုပြီး အထက်တန်းကျောင်း နှစ်ကျောင်းရှိတယ်ဗျ။ ကျွန်တော်ကတော့ အထက(၁)မှာ ကျောင်းတက်ခဲ့တာ။ခုပြောပြမယ့်အကြောင်းအရာကို ခုနှစ်နဲ့တွဲမှတ်မိတယ်ဆိုတာကလည်း ဆယ်တန်းတက်တဲ့နှစ်မှာ ကြုံခဲ့တာမို့ပါ။ ကျွန်တော်တို့မိသားစုက ကွမ်းခြံကုန်းမြို့နယ်၊ စ,လုံး (၂) လမ်းထဲမှာ နေကြတယ်။ စလုံး (၂)လမ်းဆိုတာ စင်ကာပူကို အတိုခေါက် ကင်ပွန်းတပ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာက အက္ခရာစဉ်နဲ့ လမ်းနာမည်တွေ ပေးထားလို့ အခုလို ဂဂျိုးဂဂျောင် နာမည်ဖြစ်နေတာ။ ကျွန်တော်တို့နေတဲ့နေရာက တောပိုင်းလို့မဆိုနိုင်ပေမယ့် မြို့လယ်ပိုင်းတော့လည်း မကျပြန်ဘူး။ နည်းနည်း ဆင်ခြေဖုန်းဆန်တယ်လို့ ပြောရင်တော့ မှန်လေမလားပဲ။ မွေးကတည်းက အဲ့ဒီလမ်းမှာနေခဲ့တာ ကျွန်တော် ဆယ်တန်းရောက်ချိန်အထိ တစ္ဆေသရဲနဲ့ပတ်သက်လို့ လမ်းထဲမှာ ဘာဘာညာညာ တခါမှ မကြုံ၊ မကြားခဲ့ရဘူး။ ကြုံဆုံဖို့ ဖြစ်လာပြန်တော့လည်း တလမ်းလုံး အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့ရတဲ့ အဖြစ်ကတော့ လမ်းထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ဆေးရုံတက်မီးဖွားရာကနေ စခဲ့တာပါပဲ။ ဖြစ်ပုံကတော့...........။ အဲ့ဒီ အမျိုးသမီးက ဆေးရုံမှာမီးဖွားရင်းကနေ ကလေးအသက်ပဲ ရလိုက်တယ်။ မိခင်အသက်ကိုတော့ ဆရာဝန်တွေ စွန့်လွှတ်လိုက်ရတယ်ဗျာ။ အဲ့ဒီအမျိုးသမီးရဲ့နာရေးသတင်းကို သူ့မိသားစုဝင်တွေကလွဲလို့ ကျွန်တော်တို့လမ်းထဲမှာနေတဲ့လူတွေ အဲ့ဒီအချိန်မှာ ဘယ်သူမှ မသိကြသေးဘူး။ သူတို့မိသားစုအချင်းချင်း တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးတော့ ကွယ်လွန်သူရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို အိမ်ပြန်သယ်ဖို့ လုပ်ကြတယ်ဗျ။ ဒီကိစ္စတွေကလည်း နောက်ပိုင်း ရပ်ကွက်ထဲမှာ ပြဿနာတွေကြုံလာချိန်မှာမှ ကာယကံရှင်မိသားစုတွေက ဝန်ခံလို့ သိကြရတာ။ ကျွန်တော်တို့ဆီမှာက ရပ်ရွာပြင်ပမှာ အဖိတ်အစင်ဖြစ်ရင် အလောင်းကို အရပ်ထဲ၊ လမ်းထဲ ပြန်သယ်လာတာမျိုးကို လက်သင့်မခံချင်ကြဘူးလေ။ ရွာနာတယ်၊ လာဘ်တိတ်တယ်ဆိုပြီး အယူအစွဲတွေရှိကြတယ် မဟုတ်လား။ ဒါပေမယ့် သူတို့မိသားစုတွေမှာလည်း ရပ်ရွာကို ထိခိုက်စေချင်တဲ့ စိတ်မျိုးမရှိကြလောက်ပေမယ့် သူ့အကြောင်းနဲ့သူမို့ အလောင်းကို ပြန်သယ်ဖို့ စီစဉ်ကြပါလေရော။ ဆုံးတဲ့လူက ညနေခင်းလောက်မှာ ဆုံးသွားပြီ။ ဒါပေမယ့် ကျွန်တော်တို့လမ်းထဲက လူတွေကို အဲ့ဒီသတင်းကို လုံးဝမပေါက်ကြားအောင် သူတို့က လျှို့ဝှက်ထားတာ။ ညသန်းခေါင် လူခြေတိတ်ပြီဆိုတော့မှ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကြီးကို ဆိုက်ကားပေါ်မှာတင်ပြီး ဆေးရုံကနေဆင်းလာတဲ့ စတိုင်နဲ့ ပြန်သယ်လာကြတာ။ အိမ်ရောက်ပြီဆိုတော့မှ အမလေး အစ်မရဲ့ ၊ ညီမလေးရဲ့ အဖြစ်ဆိုးလှချည့်လား ဆိုပြီး အိမ်မှာဆုံးသလိုပုံစံဖမ်းပြီး ဝိုင်းငိုကြတော့တာပဲဗျို့။ အဲ့ဒီတုန်းကတော့ ကျွန်တော်တို့လမ်းထဲက လူတွေကတော့ ဘာဘာညာညာလည်း မမေး၊ မတွေးပဲ ကူညီစရာ ဝိုင်းကူညီရင်း အလောင်းမြေကျ၊ အသုဘကိစ္စတွေ ပြီးခဲ့ရော ဆိုပါတော့။ အဲ့ဒီအိမ်က အသုဘ ရက်မလည်ခင်ကတည်းက ကျွန်တော်တို့လမ်းထဲမှာ ခါတိုင်းနဲမတူတာတခု ဖြစ်လာတယ်။ အဲ့ဒါကတော့ လမ်းထဲက ခွေးတွေ ညနေစောင်း နေဝင်ချိန်ရောက်ပြီဆိုတာနဲ့ ပယ်ပယ်နယ်နယ် အူကြတော့တာပဲ။ အူချက်ကလည်း ခါတိုင်းလို မဟုတ်ဘူး။ ဆွဲဆွဲငင်ငင်နဲ့ အူတယ်။ ပြီးရင် တခုခုကို တွေ့တဲ့ပုံစံမျိုးနဲ့ ထိုးဟောင်ကြတယ်။ ရက်မလည်ခင်အထိတော့ သူ့ကလေးကို အစွဲရှိနေလို့ လာတာပဲဖြစ်မှာပါလေဆိုပြီး အရပ်ထဲကလူတွေက နားလည်ပေးကြပါသေးတယ်။ ရက်လည်ပြီးနောက်နေ့တွေမှာလည်း ခွေးအူသံတွေကို သူတို့အိမ်ပတ်ဝန်းကျင်မှာတင်မဟုတ်တော့ပဲ တလမ်းလုံးမှာ ဆက်တိုက်ကြားနေရတော့ တခုခုတော့ အမှားအယွင်းရှိနေပြီဆိုတာ သတိထားမိလာကြရော။ သူတို့သတိထားမိလာတဲ့ အမှားအယွင်းကို ပိုပြီးသေချာသွားစေခဲ့တာကတော့ စပါးဒိုင်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်ယောက်ဖကြောင့်ပါပဲ။ ကျွန်တော့်အစ်မလတ်ရဲ့ ယောက်ျား အလုပ်က စပါးအဝယ်ဒိုင်ဗျ။ သူ့အလုပ်က အမြဲတမ်းနီးပါး အိမ်ပြန်နောက်ကျတတ်တယ်။ ပြန်လာပြီဆိုရင်လည်း ဆရာသမားက တခွက်တဖလားတော့ ညတိုင်းနီးပါး မော့လာတတ်တယ်။ ဒါပေမယ့် လူစိတ်ပျောက်အောင် သောက်တာမျိုးတော့လည်း မဟုတ်ဘူး။ ရေချိန်ကိုက်ပြီး စက်ဘီးနင်းလို့ကောင်းရုံလောက်ပဲ သောက်လာတတ်တာ။ သူစီးတဲ့ စက်ဘီးက ဆိုက်ကားတွေမှာ တွဲတဲ့ မောင်ဗမာ ယောက်ျားစီး စက်ဘီးပါ။ တညတော့ ခါတိုင်းလိုပဲ သူလည်း အလုပ်ကနေ ညအတော်မှောင်မှ စက်ဘီးလေးနင်းပြီး အိမ်ပြန်လာတယ်။ ခါတိုင်းညထက် ထူးခြားတာတခုကတော့ အဲ့ဒီနေ့က နွားပေါ်တဲ့နေရာကနေ ရလာတဲ့ အမဲသားအစိမ်းတွေကို ငါးဆင့်ချိုင့်ထဲမှာထည့်ပြီး စက်ဘီးလက်ကိုင်မှာ ချိတ်ရင်း အိမ်ကို ပြန်လာတာ။ ညည့်အချိန်မတော်ဆိုပေမယ့် ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ ထွန်းထားတဲ့ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်လေးရှိနေတော့ လမ်းပေါ်မှာ အရမ်းတော့ မမှောင်နေပါဘူး။ သူစက်ဘီးနင်းလာရင်းနဲ့ ကျွန်တော်တို့ စလုံး (၂) လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်ကိုရောက်လာတယ်။ အဲ့ဒီက္ကိုပင်ကြီးကလည်း ကျွန်တော်တို့ ယောက်ျားသုံးဖက်လောက်ရှိတယ်ဗျ။ နေ့ခင်းနေ့လည်ပိုင်းတွေတောင် တယောက်တည်း အပင်အောက်က ဖြတ်သွားတဲ့အခါကျရင် တယောက်ယောက်က အပင်ပေါ်ကနေ ကိုယ့်ကို လှမ်းကြည့်နေသလိုမျိုး ခံစားရတယ်။ ခုတော့ အဲ့အပင်ကြီးလည်း မရှိတော့ပါဘူး။ နာဂစ်ဒဏ်ကြောင့် ထင်းဘဝကို ပြောင်းသွားပြီ။ ကုက္ကိုပင်အောက်လည်း ရောက်ရော သူ့စက်ဘီးကို အနောက်ကနေ ရုတ်တရက် အားနဲ့ ဆောင့်ဆွဲတာကို ခံလိုက်ရပြီး စက်ဘီးရော၊ လူပါ ပစ်လဲကျသွားတော့တာပဲ။ ကျွန်တော့်ယောက်ဖရဲ့ အလုပ်က စပါးအဝယ်ဒိုင်အလုပ်ဆိုတော့ ငွေတွေကိုင်ပြီး သွားလာနေရလို့ သူ့လုံခြုံရေးအတွက် သွားလေရာ ဆောင်သွားတတ်တဲ့ ဓါးမြှောင်တချောင်းရှိတယ်ဗျ။ စက်ဘီးပေါ်ကနေ အောက်ကို ပြုတ်ကျကျချင်းပဲ သူ့ခါးကြားထဲက ဓါးမြှောင်ကို ဆွဲထုတ်ပြီး သူ့စက်ဘီးကို နောက်ကနေဆောင့်ဆွဲတဲ့ကောင်ကို ပြန်သမဖို့အတွက် ကုန်းထပြီး လှည့်အကြည့်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ယောက်ဖခမျာ ကျွတ်ကျနေတဲ့ သူ့ပုဆိုးတောင် ပြန်ကောက်ဝတ်မအားပဲ အသံကုန်အော်ဟစ်ပြီး ချာခနဲ နေအောင် ကျွန်တော်တို့အိမ်ဖက်ကို လှည့်ပြေးလာတော့တယ်။ သူမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူ့စက်ဘီးလက်ကိုင်မှာ ချိတ်ထားတဲ့ အမဲသားထည့်ထားတဲ့ ငါးဆင့်ချိုင့်ကြီးကို လူအကောင်အထည်မမြင်ရပဲ လက်တဖက်တည်းက လေထဲကို ဆွဲမြှောက်သွားပြီး ကုက္ကိုပင်ကြီးဆီကို ရွေ့သွားတာ။ ခွေးတွေဟောင်ချက်၊ အူချက်ဆိုတာလည်း တလမ်းလုံး ဝက်ဝက်ကို ကွဲရောဗျို့။ ကျွန်တော့်ယောက်ဖရဲ့ မရှုမလှ မြင်ကွင်းကိုပဲ ဟောင်တာလား ၊ တခြားဘာကို ဟောင်တယ်ဆိုတာတော့ သူတို့အချင်းချင်းကလွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ အိမ်ပေါ်ရောက်တော့ ကျွန်တော့်ယောက်ဖခမျာ ဘုရားကျောင်းဆောင်ဆီအတင်းပြေးသွားပြီး ဘုရားသောက်တော်ရေတခွက် ကပျာကသီစွန့်ပြီး သောက်ချလိုက်ပြီးမှ သူကြုံလာတဲ့ အကြောင်းတွေ ပြန်ပြောပြလို့ ကျွန်တော်လည်း ခုလို ပြောပြနိုင်တာပါ။ ရွှေယောက်ဖလည်း လန့်ဖျား ဖျားသွားလိုက်တာ တလလောက်နေမှ အဖျားပျောက်တော့တယ်။ ကျွန်တော့်ယောက်ဖရဲ့ သတင်းက တလမ်းလုံး ပျံ့သွားပြီးကတည်းက ညနေစောင်းပြီဆိုတာနဲ့ လမ်းပေါ်မှာ လူသွားလူလာ မရှိတော့လောက်တဲ့အထိကို ဖြစ်ကုန်တယ်။ နေပူပူမိုးရွာရွာ လမ်းတကာလှည့်ပြီး သူများအတင်းတုတ်တတ်တဲ့ အဒေါ်ကြီးတွေလည်း ညနေငါးနာရီမထိုးခင် ကိုယ့်အိမ်ကို မြန်မြန်ရောက်အောင်ပြန်ကြတယ်။ မိမနိုင်၊ ဖမနိုင် မျောက်လက်မှိုင်ချရလောက်အောင် ဆော့တဲ့ လမ်းထဲက မျောက်လွှဲကျော် ကလေးတွေလည်း ခါတိုင်းလို နေဝင်မိုးချုပ်ထိ လမ်းပေါ်မှာ မဆော့ရဲကြတော့ဘူး။ ပြောရမယ်ဆိုရင် ညနေစောင်းတာနဲ့ ကျွန်တော်တို့နေတဲ့ စလုံး(၂)လမ်းကြီးက တိတ်ဆိတ်ခြောက်သွေ့သွားလိုက်တာများ စိတ်ချောက်ချားဖို့တောင် ကောင်းလာတယ်။ ပိုပြီးတော့ မှောင်လာပြီဆိုရင်တော့ လမ်းထဲက ခွေးတွေက ကုက္ကိုပင်ကြီးဆီကနေ စ ပြီးတော့ ခွေးဆင့်ကမ်း အူလိုက်တာ လမ်းဆုံးတဲ့အထိ။ အဲ့လို တညလုံး အူသံပေးတာ မနက် ဘုန်းကြီးကျောင်းက အာရုံတက် တုံးမောင်း (အုံးမောင်း) ခေါက်တော့မှပဲ အသံတွေ တိတ်သွားတော့တယ်။ တချို့လူကြီးတွေဆီကနေ တိုးတိုးတိတ်တိတ်ကြားရတာတခုရှိသေးတယ်။ တချို့ညတွေဆိုရင် လမ်းပေါ်မှာ မိန်းမအရိပ်တခုကို မပီမသနဲ့ တွေ့တွေ့နေရတယ်တဲ့ဗျ။ အဲ့လိုအခြေအနေတွေအတိုင်း ရေရှည်ဆက်သွားနေရင် မသင့်တော်ဘူးဆိုပြီး လမ်းလူကြီးတွေက တခုခုလုပ်ဖို့ စဉ်းစားကြတယ်။ ကျွန်တော်တို့ ကွမ်းခြံကုန်းနဲ့ ငါးမိုင်လောက်ကွာတဲ့ တရုတ်ကုန်းမှာ နာမည်ကြီး အထက်လမ်းပယောဂဆရာတယောက်ရှိတယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်တို့လမ်းထဲက လူကြီးတွေ အဲဒီကိုသွားပြီး လမ်းထဲမှာ ကြုံနေရတဲ့ အကျိုးအကြောင်းတွေကို သွားပြောကြရော။ လမ်းထဲမှာ ဟိုနေရာလည်းပါ၊ သည်နေရာလည်းပါတတ်တဲ့ ငပွကြီး ကျွန်တော်လည်း တရုတ်ကုန်းကိုလိုက်သွားတာပေါ့။ ဟိုရောက်တော့ ပယောဂဆရာကို အကြောင်းစုံပြောတဲ့အခါကျတော့ လမ်းလူကြီးတွေကို ဆရာပြောလိုက်တာက ..... လမ်းထဲကို အသုဘအလောင်းတခုကို သွင်းလာတာရှိလိမ့်မယ်.. အဲ့ဒီအလောင်းသယ်လာချိန်မှာ ပရလောကသားတယောက်ကပ်ပါလာတာ.....တဲ့။ အဲ့ အမျိုးသမီးက ကျွန်တော်တို့လမ်းထိပ်က ကုက္ကိုပင်ကြီးမှာ နေနေတာတဲ့။ ပြီးတော့ ထပ်ပြောတာရှိသေးတယ်။ အဲ့ဒီကပ်ပါလာတဲ့ ပရလောကသားက အမျိုးသမီးတယောက်ပဲ ... တဲ့။ သူ့လက်မှာလည်း အနှီးနဲ့ထုပ်ထားတဲ့ကလေးတယောက်ပါသေးတယ်... ဆိုပဲ။ ကျွန်တော်တို့လမ်းထဲမှာ လောလောလတ်လတ် သေထားတဲ့ ကလေးတယောက်ကလည်း မကျွတ်မလွတ်နဲ့ ရှိနေတယ် လို့ သေချာတပ်အပ်ပြောတာဗျ။ အရပ်လူကြီးတွေက ... မရှိပါဘူး.. ဆိုပြီး ပြန်ပြောတော့ ဆရာက .... သူပြောတာ မယုံရင် ကျွန်တော်တို့လမ်းထဲမှာ မကြာသေးခင်က နောက်ဆုံးအသုဘလုပ်ခဲ့တဲ့ အိမ်ကို သေချာပြန်သွားမေးကြည့်လိုက်....ဆိုလို့ အသုဘအိမ်ရှင်ကိုပါ လူလွှတ်ပြီးတော့ တရုတ်ကုန်းကို ဆင့်ခေါ်လိုက်ရတယ်။ အသုဘအိမ်က လူတွေ ရောက်လာတော့ ဆရာက.... မင်းတို့ လုပ်တာ မင်းတို့ အသိဆုံးပဲနော်. ကိုယ်လုပ်တဲ့ကိစ္စကြောင့် မင်းတို့လမ်းထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မင်းတို့လည်း သိမှာပဲ.... ကိုယ့်အပြစ်ကို ဖုံးမထားချင်စမ်းနဲ့ ......ဆိုတော့မှ ဒုတိယစာပိုဒ်မှာ ရေးခဲ့ပြီးသားဖြစ်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့အားလုံး သိလိုက်ကြရတာ။ ပယောဂဆရာက ကျွန်တော်တို့လမ်းထဲက လူတွေအားလုံး အိမ်တိုင်းအိမ်တိုင်း လုပ်ရမယ့် အစီအစဉ်တွေကို တခါတည်း ပြောပြပေးလိုက်တယ်။ ညနေ (၆) နာရီထိုးမှာ အိမ်တိုင်း ဖယောင်းတိုင်ထွန်း ပြီး သံပုံးတီးရမယ်။ ပြီးတော့ သမ္ဗုဒ္ဓေဂါထာတော်ကိုလည်း ရွတ်ကြပါလို့ မှာလိုက်တယ်။ နောက်ပြီးတော့ ဆက်မှာလိုက်တာ တခုရှိနေသေးတယ်။ အဲ့ဒါကတော့ လမ်းထဲမှာ နေထိုင်မကောင်းတဲ့လူတွေ အထူးသဖြင့်တော့ လေဖြတ်ထားတဲ့ လူမမာတွေ ရှိနေရင် အထူးဂရုစိုက်စောင့်ကြည့်ပါတဲ့။ ကျွန်တော်တို့လမ်းထဲမှာ လူတွေ အဖိတ်အစင်ထပ်ဖြစ်လိမ့်ဦးမယ် သတိထားနေကြ ... လို့လည်း သေချာမှာလိုက်သေးတယ်ဗျ။ လမ်းထဲကို အလောင်းပြန်သယ်တဲ့ကိစ္စကိုတော့ ကာယကံရှင်မိသားစုက ဝန်ခံလိုက်လို့ ပြဿနာတခုရှင်းသွားပေမယ့် မရှင်းနိုင်သေးတဲ့ ကိစ္စတခုတော့ ကျန်နေသေးတယ်။ အဲ့ဒါကတော့ ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တို့လမ်းထဲမှာ ကလေးအသေအပျောက်ရှိတယ်ဆိုတာ ကျွန်တော်လုံးဝမကြားမိသေးတာပဲ။ ဒါကြောင့်ပဲ ကျွန်တော်က အဲ့ဒီပယောဂဆရာကို ကလေးသေတာမရှိပါဘူးလို့ ဝင်ငြင်းလိုက်မိပါသေး။ အဲ့ဒီဆရာကလည်း သူပြောတာဟုတ်မဟုတ် သေချာပြန်စုံစမ်းကြည့်လိုက်။ မဟုတ်ဘူးဆိုရင် သူနေတဲ့အိမ်ကို ကျွန်တော်အပိုင်ယူလိုက်ဆိုပြီးတော့ ပြန်ပြောပါလေရော။ သူ့ဘက်ကလည်း တကယ့်သေချာပေါက်ပြောနေတာဆိုတော့ ကျွန်တော်လည်း စိတ်ထဲကနေပြီး နေနှင့်ဦးပေါ့။ သူပြောတာမှားနေလို့ကတော့ လမ်းထဲကလူတွေကို ခေါ်လာပြီး သူ့အိမ်ကို အပိုင်သိမ်းပြီး အရှက်ခွဲပစ်ဦးမယ် လို့ ကျိန်းဝါးရင်းနဲ့ ကွမ်းခြံကုန်းကို ပြန်လာခဲ့ကြပါလေရော။ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်မှာ မသာစစ်တမ်းကောက်ယူရေးစီမံချက်ကို တကိုယ်တော်ရေးဆွဲပြီး လမ်းထဲက သိသမျှအိမ်တွေကို လိုက်မေးတော့တာပေါ့ဗျာ။ ဟိုအိမ်မေးလည်း ကလေးသေထားတဲ့အိမ်မရှိ၊ သည်အိမ်မေးလည်း ကလေးမသာမရှိဆိုတာတွေနဲ့ပဲ တွေ့နေတော့ ဒီတချီတော့ ကျွန်တော်တော့ သေချာပေါက် အိမ်ပိုင်တလုံးရပဟဲ့လို့ စိတ်ထဲက တွေးရင်းနဲ့ ကျွန်တော့်အဒေါ်အရင်းခေါက်ခေါက်ရဲ့ အိမ်ကိုရောက်ရော။ သူတို့အိမ်ရောက်လို့ အကျိုးအကြောင်းပြောရုံရှိသေးတယ်။ အဒေါ့်ရဲ့သား ကျွန်တော့်အစ်ကိုဝမ်းကွဲဝင်ပြောလိုက်တဲ့ စကားသံကိုကြားလိုက်ရမှ ကျွန်တော်လည်း အဲ့ဒီပယောဂဆရာကို အထင်မသေးရဲတော့ဘူး။ ကျွန်တော့်အစ်ကိုပြောလိုက်တာက သူ့မိန်းမ မီးဖွားတော့ကလေးက အဖတ်မတင်လို့ ညတွင်းချင်း သဂြိင်္ုဟ်လိုက်ကြတာ ဘာမှတောင် မကြာသေးဘူးတဲ့ဗျို့။ ပယောဂဆရာပြောလိုက်တာတွေက အမှန်တွေချည်းပဲလို့ တထစ်ချ မယုံကြည်သေးပေမယ့် ယုံကြည်ရလောက်တဲ့ ဖြစ်ရပ်တွေက လမ်းထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါပဲ။ ဆရာမှာလိုက်တဲ့အတိုင်းပဲ ညနေစောင်းမှာ အိမ်တိုင်း အိမ်တိုင်း မီးတိုင်ထွန်း၊ သံပုံးတီး ၊ သမ္ဗုဒ္ဓေရွတ်လိုက်ကြလို့ ခါတိုင်းလို ခွေးတွေညလုံးပေါက် အူတဲ့အသံတွေကို မကြားရတော့ပေမယ့် သိပ်မကြာခင်မှာပဲ လမ်းထဲက လေဖြတ်ထားတဲ့ လူမမာတယောက် ဆုံးသွားတော့တာပဲ။ အဲ့ဒီလူပြီးတော့ နောက်တရက်လည်း ရှေ့ဆင့်နောက်ဆင့် ဆုံးသွားပြန်တယ်။ အဲ့ဒီဒုတိယအိမ်က အသုဘ ရက်မလည်သေးခင်မှာပဲ နောက်တအိမ်မှာ နောက်တယောက် ထပ်ဆုံးသွားပြန်တယ်။ ဒီလိုနဲ့ လမ်းထဲမှာ မသာအိမ်တွေ တအိမ်ပြီးတအိမ်တိုးပွားလာလိုက်တာ တချို့ဆို ကျွန်တော်တို့လမ်းထဲမှာ မနေရဲကြတော့လို့ အိမ်လုံးကျွတ်တခြားနေရာမှာ သွားနေကုန်တဲ့ အခြေဆိုက်ကုန်ပါလေရော။ နောက်ဆုံးတော့ ဘုရားကု ကုတဲ့နည်းကိုပဲ သုံးကြရတော့တယ်။ လမ်းထဲကို ဘုန်းကြီးတွေပင့် ပရိတ်တရားနာ၊ အမျှဝေ၊ ရေစက်ချ၊ အသံမစဲပဌာန်းပွဲတွေပါ လုပ်ကြတော့မှပဲ ကျွန်တော်တို့လမ်းလည်း အရင်အခြေအနေအတိုင်း ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ အရာရာအရင်လို ပြန်ဖြစ်သွားခဲ့ပေမယ့် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့တာ တခုတော့ရှိတယ်။ အဲ့ဒါကတော့ ကုက္ကိုပင်အောက်ကနေ ပုဆိုးမပါ အောက်ပိုင်းဗလာနဲ့ တကိုယ်တော်မာရသွန်ပွဲကို ဆင်နွှဲခဲ့ရှာတဲ့ ကျွန်တော့်ရွှေယောက်ဖကြီး အရက်ကို ရာသက်ပန် စွန့်လွှတ်သွားခြင်းသာ ဖြစ်ပါကြောင်း။
Read More »