လွန်ခဲ့တဲ့နှစ် သုံးဆယ်ကျော်လောက်လောက်ကပေါ့ဗျာမြောက်ဥက္ကလာပကျောက်ရေတွင်းရပ်ကွက်ထဲဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်။အဲဒီအချိန်ကဆိုခုလိုစည်ကားနေတာမဟုတ်ဘူးလူတွေလည်းနည်းပြီညနေ ၇နာရီဆိုလူအလွန်ပြတ်ပြီမှောင်မဲနေတာပေါ့။ဘုန်ကြီးကျောင်းကလည်းဝါးကျောင်း လေး ရပ်ကွက်ကလည်းတအိမ်နှင့်တအိမ်အဝေးကြီး။ဆွမ်းစားကွမ်းစားပင့်ဖိတ်တယ်ဆိုတာတစ်လနေ ၁ခါ၂ခါ လောက်ဘဲ ရှိတတ်ပါတယ်။ ကျောင်းမှာ အသက်ကြီးမှသံဝေဂရပြီးရဟန်းဝတ်ပြီးနေတဲ့တောထွက်ကြီး ၃ ပါးနေကြတယ် တနေ့ ညဘက်မှာ ကျောင်းအပြင်ဘက်က ဘုန်းကြီး ဘုန်းကြီး ဘုရား လို့ခေါ်သံကြားရလို့ ဘယ်သူလဲဟ လာကြလာကြ ကျောင်းပေါ် လာကြ ကျောင်းပေါ်လူနှစ်ယောက်တက်လာတာကိုဘုန်းကြီးက လေ့လာကြည့်လိုက်တယ် ရုပ်ကဇတ်ပွဲမှာတွေ့ရတဲ့အဝတ်အစားမျိုးလုံချည်နီစိမ်းအကွက်ကြီးဝတ်ဆင်ထားတဲ့လူကြီးတယောက် နားမှာလဲနာတောင်းပန်ထားသေးတယ် နောက်လူငယ်တယောက်သူကတော့အဝတ်နွမ်းနွမ်းလေးနှင့်တက်လာကြတယ် တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားတဲ့လူကြီးက ဘုန်ကြီးဘယ်နှစ်ပါးရှိပါသလေးဘုရား? ၃ ပါးရှိတယ် တကာ တပည့်တော်တို့က၅ ပါးပင့်ချင်တာဘုရား တကာတို့ကိုအယင်ကမမြင်ဘူးပါဘူးဘယ်နားမှာလဲ လို့ဘုန်းကြီးကမေးတယ် မှန်ပါဘုရားတပည့်တော်တို့ကဆရာတော်တို့ကိုမပင့်ဘူးပါဘုရား အိမ်သစ်တက်မင်္ဂလာအတွက်ပင့်ဖိတ်တာပါဘုရား အာရုဏ်ဆွမ်းလာပင့်တာပါဘုရားလို့ယဉ်ကျေးစွာပင့်လျောက်လိုက်တယ် ဘုန်းကြီးကဘယ်နှစ်ပါးလဲတခြားကျောင်းကကောပါသေးသလား? မပါပါဘူးဘုရား နောက်တကြိမ်တော့ ၅ ပါးပင့်မှာပါ ခုကရက်ကောင်းရွေးပြီးဘုန်းကြီးတို့ ကျောင်းရှိသံဃာဘဲပင့်တာပါမနက် စောစောလာပင့်ပါမယ်အဆင်သင့်စောင့်နေပါလို့ပြောပြီးပြန်သွားကြလေသည်။ နောက်နေ့မနက်အစောစော ၄နာရီမှာဘုန်းကြီးကျောင်းကိုအဝတ်နွမ်းနွမ်းဝတ်ထာုး့သူရယ်နောက် တစ်ယောက်ရယ်ကျောင်းကိုရောက်လာပြီးဆရာတော်ကိုကန်တော့ပြီး သူတို့ရဲ့  သခင်ကြီးကကတော့လိုက်ပါတယ်ဆိုပြီးငွေတွေတထပ်ကြီးကပ်လှုပါတယ် ဘုန်းကြီးကထုံးစံအတိုင်းမဟုတ်ဘူးဆိုတာကိုသတိတော့ ထားမိတယ်။ငွေကိုအလှူခံယူပြီးကျောင်းမှာထားခဲ့တာပေါ့။ လမ်းမှာ ဘုန်းကြီးက ဒကာတို့  ဒီ မှာနေတာ ကြာပြီလား ကြာပါပြီဘုရား နို့  မင်းတို့ ပြောတာသခင်ကြီးဆိုတော့တို့ နားထဲမှာတမျိုးဘဲကွဲ့  တပည့်တော်တို့ရဲ့ သခင်ကြီးဖြစ်လို့ သခင်ကြီးခေါ်တာပါဘုရား ဘာထူးခြားလို့လဲဘု ရား အင်းထားပါတော့ကွာ ဟော ဆရာတော်ရောက်ပါပြီဘုရား ဘုန်းကြီးကလှမ်းကြည့်လိုက်တော့မီးထွန်းထားပြီးနှစ်ထပ်အိမ်ကြီးတစ်ဆောင်ပေ ၂၀၀ လောက်အကွာအဝေးမှာတွေံရတယ် သူတို့ လျှောက်လာတာငါးမိနစ်လေက်ဘဲရှိသေးတာကိုသတိထားမိတယ်ဒီအိမ်ကိုလည်းယခင်ကမတွေ့ဘူးတာကိုလဲသတိထားမိပြန်တယ် အိမ်ပေါက်ဝမှာ မနေ့ ကလူကြီးနှင့်မိန်းမပျိုတဦးကအသင့်ကြုနေတာတွေ့ရပါသည်။ ကြွပါခင်ဗျား ကြွပါ လူကြီးအင်ကျီအစိမ်းရောင် လုံချည်အနက်အစိမ်းအကွက်ကြီးအဆင်ဝတ်ထားပြီး အမျိုးသီးကအဝါရောင်ဝမ်းဆက်အဝါရောင်ပန်း၃ ပွင့်ပန်ဆင်ထားသည်ရှေးအဝတ်ဒီဇိုင်းဖြစ်သည်။ အပေါ်ထက်ကို ကြွပါခင်ဗျား အောက်ထပ်တွင် ရှေးခေတ်အသုံးအဆောင် ပရိဘောဂ များဖြင့် ခမ်းခမ်းနားနားပြင်ဆင်ထားသည် ထူးခြားချက်က ဘီလူးခေါင်းအောက် စလွယ်ဓါးနှစ်လက်ကို ကြက်ချေခတ်ထါးခြင်းဖြစ်သည်။ တဆစ်ချိုးလှေကားမှတက်လာပြီးအေါ်ထပ်သို့ ရောက်သွား သောအခါ့  အငွေ့ တထောင်းထောင်း ထနေသော စားသောက်ဖွယ်ရာများ ပြင်ဆင်ထားသည်ကိုတွေ့ ရသည်။ ဆွမ်းအရင် ကပ်ပါရစေဘုရား ပြီးမှတရားဟော တရားနာချင်ပါတယ်ဘုရာ့း့  ရပါတယ်ဒကာ ဒါဆိုလဲ ဆွမ်းအရင်ကပ်ပေါ့  ပြောပြောဆိုဆိုဘုနးကြီးများထိုင်လိုက်ကြပြီး ဆွမ်းကပ်ကြသည် ဒကာလိုက်ဆိုပါ ဤကောင်းမှုကြောင့့်  အသက်ရှည်ခြင်း အဆင်းလှခြင်း ခွန်အားကြီးခြင်း ညာဏပညာကြီးမားခြင်း ကျန်းမာခြင်းနှင့်ပ်ြည့ စုံပါစေသတည်း။ အသက်ကြီးမှ ဘုန်းကြီးကပါဋ္ဌိ မပါဘဲမြန်မာလို တိုင်ပေးပြီး အိမ်ပိုင်ရှင်နှင့်စုစုပေါင်း၅ဦး ကလိုက်ပြီးဆိုကာ သာဓုခေါ်ဆိုလိုက်ကြပါတော့တယ။သာ ဓု သာဓု သာဓု့းးးးးးး သာဓုခေါ်ဆိုသံမှာ လူအများကြီး၏အသံဖြစ်သဖြင့်ဘုန်းကြီးစိတ် တမျိုးဖြစ်သွာုးမိသော်လည်း အပေါ်ထပ်တက်ခွင့်မရှိသူများကအောက်ထပ်ကနေသာဓုခေါ်တာဘဲဟုယူဆပြီးဆိပဆိပ်နေလိုက်တော့သည်။နောကလိုက်ဘုန်းကြီးနှစ်ပါးကတောင်ကြည့်မြောက်ကြည့် ဖြစ်နေကြသည်။ အိမ်ကြီးတခုလုံးခေတ်တတိပ်ဆိပ်သွားသည့့်  အဟမ်း အဟမ်း ကဲ ကဲ ကိုယ်တော်တွေ ဆွမ်းဘုန်းကြ တိတ်ဆိပ်မှုကို ဖြိုခွင်းလိုက်သော ဘုန်းကြီးအသံနှင့်အတူ ကျန်ကိုယ်တော် များကလည်း ဆွမ်းစတင် သုံးဆောင်ကြတော့သည်။ံ့းးးးးးး ဆွမ်းမှာလွန်စွာအရသာရှိပြီး အားရပါးရသုံးဆောင် သုံးဆောင်နေရင်း ငိုက်လာကြပြီး မျက်လုံးဖွမရတော့ဘဲ အိပ်ပျော်သွားကြလေတော့သည်။ အိပ်ပျော်နေရာမှ ပထမဆုံးအကြီးဆုံးဘုန်းကြီးစတင်နိုးလာခဲ့၍မှေးနေသောမျက်လုံးဖြင့်ဖွင့်ကြည့်လိုက်သောအခါ ---==-= မျက်လုံးပြူးသွားပြီးအိပ်ချင်သည့်စိတ်လုံးဝပျောက်သွားတော့သည်----- မပျောက်ခံနိုင်ရိုးလား--==သူယခုရောက်နေသောနေရာမှာသစ်ပ ပင်တပင်၏ ဂွ တခုပေါ်ရောက်နေပြီ ထိုခွမှာအကိုင်းအခက်များယှက်ကာ စင်သဖွယ်ဖြစ်နေကာထိုစင်ပေါ်သို့ သူတို့ွ ရောက်နေသည်ကိုသိလိုက်ရတော့သည်။ ထိပ်လန့်စွာဖြင့် ဟေ့ ဟေ့ ထ ထ ဘေးနားတွင်ခွေကာအိပ်ပျော်နေသော ကိုယ်တော်နှစ်ပါးကိ်ုခြေဖြင့် နိုးလိုက်ပြီးအောက်ကိုကြည့်လိုက်သောအ ခါပေ ၂၀ လောက်မြင့်ကြောင်းတွေ့ လိုက်ရသည်။ကိုယ်တော်တွေ ပြူးတူးပြဲတဲနှင့်ကမန်းကတမ်းအောက်သို့ ဆင်းလိုက်ကြပြီးနေရာကိုလေ့လာကြည့်လိုက်ရာ(ယခုမ/ဥ မှတောင်ဒဂုံသို့ဖေါက်လုပ်ထားသောတံတားနေရာ)ချောင်းနေရာဖြစ်ကြောင်းသိလိကိုကါ လူအလွန်ပြတ်သည့်နေရြာ်သည့်နေရာဖြစ်သောကြောင့် မိမိတို့နေရာဖြစ်သောမယ်လမုဘက်ကျောင်းရှိရာသို့မပြေးရုံတမယ်သုတ်သုတ် သုတ်သုတ် ဖြင့်ပြန်လာကြရာ မိနစ် ၂၀ ကျော်ကြာမှရောက်လေတော့သည်။ ကိုယ်တော် ဘယ်လိုထင်သလဲ' ' တပည့်တော်ကြောက်တာဘဲသိတယ်မပြောတတ်ပါဘူး အငယ်ကိုယ်တော် ၂ ပါးတပြိုင်နက်ဖြေလိုက်ကြသည် အင်း ထူးတာတော့အမှန်' သူတပါးပြောဘို လဲခက်တော့တာဘဲ ဘုန်းကြီးဖြစ်ပြီးသရဲခြောက်ခံရတယ်လို့  ငါ့ ဥပဇ္ဈယ်ဆရာလျောက်ထားကြည့်မယ် ဟေ့ ဟေ့ မနေ့ ကလှူခဲ့တဲ့ဝတ္ထုငွေ သွားကြည့်ပါအုန်း --------- ကိုယ်တော်တပါး အခန်းထဲဝင်ပြီး ကမန်းကတမ်းပြန်ထွက်လာပြီး ဒီမာ ဒီမှာဘ ဘ ရား သူလက်ထဲတွင် ဗါတာရွက်ဖြင့်ထုတ်ထားသည်ကိုသာတွေ့ရတော့သည် အထဲတွင်ကား မကျည်းရွက်များ---------------------- မင်းတို့နေခဲ့ ငါဆရာဆီသွားမယ် တပည့်တော်တို့လဲ လိုက်မယ် လိုက်မယ် --===-------=---------------- ဟေ့ ဦးဇင်းကြီးစောစောစီးစီးဘာကိစ္စ' ' ဒီလိုပါဘုရား''' ''''' အင်း အဲဒါ ကျပ် ဆိုတဲ့ ပရ လောကသား တွေကွ မင်းတို့နှင့်ဘဝဟောင်းကဆွေမျိုး တွေချစ်ခင်နီးစပ်ခဲ့ကြလို့ အကူအညီတောင်းသူတို့တတ်နိင်သလောက်ကုသိုလ်ပြုကြတာနေမှာပါကြောက်စရာမလိုပါဘူး '''' အင်း သနားစရာပါ မိမိပြုလုပ်ခဲ့တဲ့ကောင်းမူတွေ ပြုလုပ်ဆဲ ပြုလုပ်လတံ့သောကောင်းမူတွေ ကိုအမျှဝေပေါ့ကွာ------- မင်းတို့သတိထားမိလား နောက်မှပရိတ်တရားနာမယ်လို့ သူတို့ ပြောတာ'''' မှန်ပါ ပရိတ်မရွတ်ခင် နတ်ကောင်းနတ်မြတ်တွေပင့်ရတယ်မဟုတ်လား ဒါဆိုသူတို့ ပြေးရပြီပေါ့ဗျား သရဏဂုဏ်တို့ ပဋ္ဌာန်းတို့ ဆိုရင်တော့အထူးဘဲ '''မင်းတို့ လဲပွါးပြီးသားဘုရားဂုဏ်တော်မမေ့ကြနဲ့ စရဏ အကျင့်မပျက်ကြစေနှင့် ကဲ ကဲ သွားကြပေအုန်းးးးးးးးှး့ နောက်အဆင်ပြေရင် ပျဉ်းမနား ကျတ်ကုန်းနှင့် သံလျင် ကျတ်ကုန်းအကြောင်းတင်ပေးမယ် like ကြရင်ပေါ့ သရဲဆိုတာဘာလဲ?အဆင်ပြေရင်ရေးပါမယ် thanks Credit - U Kovida KL
Monday, August 24, 2015
ကျတ်ကုန်း
လွန်ခဲ့တဲ့နှစ် သုံးဆယ်ကျော်လောက်လောက်ကပေါ့ဗျာမြောက်ဥက္ကလာပကျောက်ရေတွင်းရပ်ကွက်ထဲဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်။အဲဒီအချိန်ကဆိုခုလိုစည်ကားနေတာမဟုတ်ဘူးလူတွေလည်းနည်းပြီညနေ ၇နာရီဆိုလူအလွန်ပြတ်ပြီမှောင်မဲနေတာပေါ့။ဘုန်ကြီးကျောင်းကလည်းဝါးကျောင်း လေး ရပ်ကွက်ကလည်းတအိမ်နှင့်တအိမ်အဝေးကြီး။ဆွမ်းစားကွမ်းစားပင့်ဖိတ်တယ်ဆိုတာတစ်လနေ ၁ခါ၂ခါ လောက်ဘဲ ရှိတတ်ပါတယ်။ ကျောင်းမှာ အသက်ကြီးမှသံဝေဂရပြီးရဟန်းဝတ်ပြီးနေတဲ့တောထွက်ကြီး ၃ ပါးနေကြတယ် တနေ့ ညဘက်မှာ ကျောင်းအပြင်ဘက်က ဘုန်းကြီး ဘုန်းကြီး ဘုရား လို့ခေါ်သံကြားရလို့ ဘယ်သူလဲဟ လာကြလာကြ ကျောင်းပေါ် လာကြ ကျောင်းပေါ်လူနှစ်ယောက်တက်လာတာကိုဘုန်းကြီးက လေ့လာကြည့်လိုက်တယ် ရုပ်ကဇတ်ပွဲမှာတွေ့ရတဲ့အဝတ်အစားမျိုးလုံချည်နီစိမ်းအကွက်ကြီးဝတ်ဆင်ထားတဲ့လူကြီးတယောက် နားမှာလဲနာတောင်းပန်ထားသေးတယ် နောက်လူငယ်တယောက်သူကတော့အဝတ်နွမ်းနွမ်းလေးနှင့်တက်လာကြတယ် တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားတဲ့လူကြီးက ဘုန်ကြီးဘယ်နှစ်ပါးရှိပါသလေးဘုရား? ၃ ပါးရှိတယ် တကာ တပည့်တော်တို့က၅ ပါးပင့်ချင်တာဘုရား တကာတို့ကိုအယင်ကမမြင်ဘူးပါဘူးဘယ်နားမှာလဲ လို့ဘုန်းကြီးကမေးတယ် မှန်ပါဘုရားတပည့်တော်တို့ကဆရာတော်တို့ကိုမပင့်ဘူးပါဘုရား အိမ်သစ်တက်မင်္ဂလာအတွက်ပင့်ဖိတ်တာပါဘုရား အာရုဏ်ဆွမ်းလာပင့်တာပါဘုရားလို့ယဉ်ကျေးစွာပင့်လျောက်လိုက်တယ် ဘုန်းကြီးကဘယ်နှစ်ပါးလဲတခြားကျောင်းကကောပါသေးသလား? မပါပါဘူးဘုရား နောက်တကြိမ်တော့ ၅ ပါးပင့်မှာပါ ခုကရက်ကောင်းရွေးပြီးဘုန်းကြီးတို့ ကျောင်းရှိသံဃာဘဲပင့်တာပါမနက် စောစောလာပင့်ပါမယ်အဆင်သင့်စောင့်နေပါလို့ပြောပြီးပြန်သွားကြလေသည်။ နောက်နေ့မနက်အစောစော ၄နာရီမှာဘုန်းကြီးကျောင်းကိုအဝတ်နွမ်းနွမ်းဝတ်ထာုး့သူရယ်နောက် တစ်ယောက်ရယ်ကျောင်းကိုရောက်လာပြီးဆရာတော်ကိုကန်တော့ပြီး သူတို့ရဲ့  သခင်ကြီးကကတော့လိုက်ပါတယ်ဆိုပြီးငွေတွေတထပ်ကြီးကပ်လှုပါတယ် ဘုန်းကြီးကထုံးစံအတိုင်းမဟုတ်ဘူးဆိုတာကိုသတိတော့ ထားမိတယ်။ငွေကိုအလှူခံယူပြီးကျောင်းမှာထားခဲ့တာပေါ့။ လမ်းမှာ ဘုန်းကြီးက ဒကာတို့  ဒီ မှာနေတာ ကြာပြီလား ကြာပါပြီဘုရား နို့  မင်းတို့ ပြောတာသခင်ကြီးဆိုတော့တို့ နားထဲမှာတမျိုးဘဲကွဲ့  တပည့်တော်တို့ရဲ့ သခင်ကြီးဖြစ်လို့ သခင်ကြီးခေါ်တာပါဘုရား ဘာထူးခြားလို့လဲဘု ရား အင်းထားပါတော့ကွာ ဟော ဆရာတော်ရောက်ပါပြီဘုရား ဘုန်းကြီးကလှမ်းကြည့်လိုက်တော့မီးထွန်းထားပြီးနှစ်ထပ်အိမ်ကြီးတစ်ဆောင်ပေ ၂၀၀ လောက်အကွာအဝေးမှာတွေံရတယ် သူတို့ လျှောက်လာတာငါးမိနစ်လေက်ဘဲရှိသေးတာကိုသတိထားမိတယ်ဒီအိမ်ကိုလည်းယခင်ကမတွေ့ဘူးတာကိုလဲသတိထားမိပြန်တယ် အိမ်ပေါက်ဝမှာ မနေ့ ကလူကြီးနှင့်မိန်းမပျိုတဦးကအသင့်ကြုနေတာတွေ့ရပါသည်။ ကြွပါခင်ဗျား ကြွပါ လူကြီးအင်ကျီအစိမ်းရောင် လုံချည်အနက်အစိမ်းအကွက်ကြီးအဆင်ဝတ်ထားပြီး အမျိုးသီးကအဝါရောင်ဝမ်းဆက်အဝါရောင်ပန်း၃ ပွင့်ပန်ဆင်ထားသည်ရှေးအဝတ်ဒီဇိုင်းဖြစ်သည်။ အပေါ်ထက်ကို ကြွပါခင်ဗျား အောက်ထပ်တွင် ရှေးခေတ်အသုံးအဆောင် ပရိဘောဂ များဖြင့် ခမ်းခမ်းနားနားပြင်ဆင်ထားသည် ထူးခြားချက်က ဘီလူးခေါင်းအောက် စလွယ်ဓါးနှစ်လက်ကို ကြက်ချေခတ်ထါးခြင်းဖြစ်သည်။ တဆစ်ချိုးလှေကားမှတက်လာပြီးအေါ်ထပ်သို့ ရောက်သွား သောအခါ့  အငွေ့ တထောင်းထောင်း ထနေသော စားသောက်ဖွယ်ရာများ ပြင်ဆင်ထားသည်ကိုတွေ့ ရသည်။ ဆွမ်းအရင် ကပ်ပါရစေဘုရား ပြီးမှတရားဟော တရားနာချင်ပါတယ်ဘုရာ့း့  ရပါတယ်ဒကာ ဒါဆိုလဲ ဆွမ်းအရင်ကပ်ပေါ့  ပြောပြောဆိုဆိုဘုနးကြီးများထိုင်လိုက်ကြပြီး ဆွမ်းကပ်ကြသည် ဒကာလိုက်ဆိုပါ ဤကောင်းမှုကြောင့့်  အသက်ရှည်ခြင်း အဆင်းလှခြင်း ခွန်အားကြီးခြင်း ညာဏပညာကြီးမားခြင်း ကျန်းမာခြင်းနှင့်ပ်ြည့ စုံပါစေသတည်း။ အသက်ကြီးမှ ဘုန်းကြီးကပါဋ္ဌိ မပါဘဲမြန်မာလို တိုင်ပေးပြီး အိမ်ပိုင်ရှင်နှင့်စုစုပေါင်း၅ဦး ကလိုက်ပြီးဆိုကာ သာဓုခေါ်ဆိုလိုက်ကြပါတော့တယ။သာ ဓု သာဓု သာဓု့းးးးးးး သာဓုခေါ်ဆိုသံမှာ လူအများကြီး၏အသံဖြစ်သဖြင့်ဘုန်းကြီးစိတ် တမျိုးဖြစ်သွာုးမိသော်လည်း အပေါ်ထပ်တက်ခွင့်မရှိသူများကအောက်ထပ်ကနေသာဓုခေါ်တာဘဲဟုယူဆပြီးဆိပဆိပ်နေလိုက်တော့သည်။နောကလိုက်ဘုန်းကြီးနှစ်ပါးကတောင်ကြည့်မြောက်ကြည့် ဖြစ်နေကြသည်။ အိမ်ကြီးတခုလုံးခေတ်တတိပ်ဆိပ်သွားသည့့်  အဟမ်း အဟမ်း ကဲ ကဲ ကိုယ်တော်တွေ ဆွမ်းဘုန်းကြ တိတ်ဆိပ်မှုကို ဖြိုခွင်းလိုက်သော ဘုန်းကြီးအသံနှင့်အတူ ကျန်ကိုယ်တော် များကလည်း ဆွမ်းစတင် သုံးဆောင်ကြတော့သည်။ံ့းးးးးးး ဆွမ်းမှာလွန်စွာအရသာရှိပြီး အားရပါးရသုံးဆောင် သုံးဆောင်နေရင်း ငိုက်လာကြပြီး မျက်လုံးဖွမရတော့ဘဲ အိပ်ပျော်သွားကြလေတော့သည်။ အိပ်ပျော်နေရာမှ ပထမဆုံးအကြီးဆုံးဘုန်းကြီးစတင်နိုးလာခဲ့၍မှေးနေသောမျက်လုံးဖြင့်ဖွင့်ကြည့်လိုက်သောအခါ ---==-= မျက်လုံးပြူးသွားပြီးအိပ်ချင်သည့်စိတ်လုံးဝပျောက်သွားတော့သည်----- မပျောက်ခံနိုင်ရိုးလား--==သူယခုရောက်နေသောနေရာမှာသစ်ပ ပင်တပင်၏ ဂွ တခုပေါ်ရောက်နေပြီ ထိုခွမှာအကိုင်းအခက်များယှက်ကာ စင်သဖွယ်ဖြစ်နေကာထိုစင်ပေါ်သို့ သူတို့ွ ရောက်နေသည်ကိုသိလိုက်ရတော့သည်။ ထိပ်လန့်စွာဖြင့် ဟေ့ ဟေ့ ထ ထ ဘေးနားတွင်ခွေကာအိပ်ပျော်နေသော ကိုယ်တော်နှစ်ပါးကိ်ုခြေဖြင့် နိုးလိုက်ပြီးအောက်ကိုကြည့်လိုက်သောအ ခါပေ ၂၀ လောက်မြင့်ကြောင်းတွေ့ လိုက်ရသည်။ကိုယ်တော်တွေ ပြူးတူးပြဲတဲနှင့်ကမန်းကတမ်းအောက်သို့ ဆင်းလိုက်ကြပြီးနေရာကိုလေ့လာကြည့်လိုက်ရာ(ယခုမ/ဥ မှတောင်ဒဂုံသို့ဖေါက်လုပ်ထားသောတံတားနေရာ)ချောင်းနေရာဖြစ်ကြောင်းသိလိကိုကါ လူအလွန်ပြတ်သည့်နေရြာ်သည့်နေရာဖြစ်သောကြောင့် မိမိတို့နေရာဖြစ်သောမယ်လမုဘက်ကျောင်းရှိရာသို့မပြေးရုံတမယ်သုတ်သုတ် သုတ်သုတ် ဖြင့်ပြန်လာကြရာ မိနစ် ၂၀ ကျော်ကြာမှရောက်လေတော့သည်။ ကိုယ်တော် ဘယ်လိုထင်သလဲ' ' တပည့်တော်ကြောက်တာဘဲသိတယ်မပြောတတ်ပါဘူး အငယ်ကိုယ်တော် ၂ ပါးတပြိုင်နက်ဖြေလိုက်ကြသည် အင်း ထူးတာတော့အမှန်' သူတပါးပြောဘို လဲခက်တော့တာဘဲ ဘုန်းကြီးဖြစ်ပြီးသရဲခြောက်ခံရတယ်လို့  ငါ့ ဥပဇ္ဈယ်ဆရာလျောက်ထားကြည့်မယ် ဟေ့ ဟေ့ မနေ့ ကလှူခဲ့တဲ့ဝတ္ထုငွေ သွားကြည့်ပါအုန်း --------- ကိုယ်တော်တပါး အခန်းထဲဝင်ပြီး ကမန်းကတမ်းပြန်ထွက်လာပြီး ဒီမာ ဒီမှာဘ ဘ ရား သူလက်ထဲတွင် ဗါတာရွက်ဖြင့်ထုတ်ထားသည်ကိုသာတွေ့ရတော့သည် အထဲတွင်ကား မကျည်းရွက်များ---------------------- မင်းတို့နေခဲ့ ငါဆရာဆီသွားမယ် တပည့်တော်တို့လဲ လိုက်မယ် လိုက်မယ် --===-------=---------------- ဟေ့ ဦးဇင်းကြီးစောစောစီးစီးဘာကိစ္စ' ' ဒီလိုပါဘုရား''' ''''' အင်း အဲဒါ ကျပ် ဆိုတဲ့ ပရ လောကသား တွေကွ မင်းတို့နှင့်ဘဝဟောင်းကဆွေမျိုး တွေချစ်ခင်နီးစပ်ခဲ့ကြလို့ အကူအညီတောင်းသူတို့တတ်နိင်သလောက်ကုသိုလ်ပြုကြတာနေမှာပါကြောက်စရာမလိုပါဘူး '''' အင်း သနားစရာပါ မိမိပြုလုပ်ခဲ့တဲ့ကောင်းမူတွေ ပြုလုပ်ဆဲ ပြုလုပ်လတံ့သောကောင်းမူတွေ ကိုအမျှဝေပေါ့ကွာ------- မင်းတို့သတိထားမိလား နောက်မှပရိတ်တရားနာမယ်လို့ သူတို့ ပြောတာ'''' မှန်ပါ ပရိတ်မရွတ်ခင် နတ်ကောင်းနတ်မြတ်တွေပင့်ရတယ်မဟုတ်လား ဒါဆိုသူတို့ ပြေးရပြီပေါ့ဗျား သရဏဂုဏ်တို့ ပဋ္ဌာန်းတို့ ဆိုရင်တော့အထူးဘဲ '''မင်းတို့ လဲပွါးပြီးသားဘုရားဂုဏ်တော်မမေ့ကြနဲ့ စရဏ အကျင့်မပျက်ကြစေနှင့် ကဲ ကဲ သွားကြပေအုန်းးးးးးးးှး့ နောက်အဆင်ပြေရင် ပျဉ်းမနား ကျတ်ကုန်းနှင့် သံလျင် ကျတ်ကုန်းအကြောင်းတင်ပေးမယ် like ကြရင်ပေါ့ သရဲဆိုတာဘာလဲ?အဆင်ပြေရင်ရေးပါမယ် thanks Credit - U Kovida KL
Wednesday, August 12, 2015
မပြီးသေးသော ပန်ချီကား
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ ဦးတင်ထွန်း ဒီအိမ်ကိုစရောက်ကတည်းက စိတ်အဝင်စားဆုံး ကဒီပန်းချီ ကားပဲ။စုတ်ချက်တွေကကြမ်းပေမယ့် ဘာရယ်ကြောင့်မှန်းမသိဘူး သည်ပန်းချီကားကို ကြည့်ပြီးရင်းကြည့်ချင်နေမိတယ်။ အိမ်ကြီးက နှစ်ထပ်အိမ်ကြီး ကျယ်ကျယ်ဝန်းဝန်း နဲ့ ၊ခြံကြီးကလည်းအကျယ်ကြီး၊ရှေ့မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းနဲ့ အလွန်ကို ပနံ ရပါတယ်။စပြီး ဝယ်ကတည်းကအိမ်ရှင်က ရှိသမျှပစ္စည်းတွေအားလုံးကိုထားသွားတယ်။သူတို့ကတစ်ခြားမြို့ကိုပြောင်းမှာဆိုတော့ ဘာပစ္စည်းမှသယ်မသွားချင်ကြဘူးလေ။ဆက်တီ၊မီးဖိုချောင်ပစ္စည်း၊ကုတင် အစရှိသဖြင့် အိမ်အသုံးအဆောင်ပစ္စည်းတော်တော်စုံစုံလင်လင်ပါ။သူစိတ်ဝင်စားတဲ့ ပန်းချီ ကား က အပေါ်ထပ်က ဧည့်ခန်းမှာချိတ်ထားတယ်။ပန်းချီ ကားထဲမှာက အခုလက်ရှိနေတဲ့ အိမ်ကိုပြန်ဆွဲထားတယ်လို့ထင်တယ်။အိမ်ရှေ့ကမြက်ခင်းစိမ်းလေးရယ်၊လ လေးကတစ်ဝက်သာနေတယ်။ညဘက်မှာဆွဲထားတာထင်ပါတယ်။ ဦးတင်ထွန်းကတစ်ယောက်တည်းသမား။ဘမောင်ဆိုတဲ့တပည့်လေးတစ်ယောက်နဲ့အတူနေတယ်။ဒီအိမ်ကိုပြောင်းလာတော့ အရင်အိမ်ရှင် တွေငှားထားတဲ့ ထမင်းချက်နဲ့မာလီ လင်မယားနှစ်ယောက်ကိုဆက်ခေါ်ထားလိုက်တယ်။သူတို့ကလည်း အရင်အိမ်ရှင်တွေနဲ့အတူတစ်ခြားမြို့ ကိုလိုက်မသွားနိုင်တော့ ဦးတင်ထွန်းက "ဆက်လုပ်နိုင်မလား "လို့မေးပြီးတော့သူတို့နေချင်တာနဲ့ အတော်ဖြစ်သွားတယ်။ ၃ ရက်မြောက်နေ့မှာ ဦးတင်ထွန်းပန်းချီ ကားကိုကြည့်မိတော့ အောက်နားအစပ်ကလူခေါင်းလိုလို ပုံသဏ္ဌန် တစ်ခုကိုတွေ့မိတော့ ဘာများပေသွားပါလိမ့်လို့ သေချာကြည့်မိတယ်။ဆေးစက် လို့ပဲကောက်ချက်ချ မိတယ်။ဘယ်ကလာတဲ့ဆေးစက်ဖြစ်မလဲလို့တွေးကြည့်တယ်။တွေးလို့မရတာနဲ့ အိမ်က တပည့်လေးနဲ့ မာလီလင်မယားကိုခေါ်မေးတော့လည်း သူတို့မသိပါဘူး ဆိုတဲ့အဖြေပဲရတယ်။ဒါနဲ့ "ငါ့အခန်းထဲယူထားတာပဲစိတ်ချရပါတယ်" ဆိုပြီး အခန်းထဲ ယူချိတ်ထားလိုက်တယ်။နေ့လည်ဘက် အလုပ်ကိစ္စနဲ့အပြင်သွားပြီးပြန်လာတော့ ညနေတော်တော်စောင်းနေပြီ။ အခန်းထဲ တန်းဝင်ပြီးတော့ကုတင်ပေါ်ခြေပစ်လက်ပစ် အိပ်လိုက်တယ်။ အဲဒီမှာ မျက်လုံးက ပန်းချီကားပေါ်ရောက်သွားတဲ့အခါ တွေ့လိုက်ရတဲ့ အရာကြောင့် ထထိုင်မိသွားတယ်။ပြီးတော့သေသေချာချာအနီးကပ်သွားကြည့်လိုက်မိတယ်။ လူတစ်ယောက် ကိုယ်တစ်ပိုင်း ပုံ နောက်ကျော ကိုမြင်လိုက်ရတယ်။အိမ်ဘက်ကိုကြည့်နေတယ်လို့ထင်တယ်။"ဒါတော့ထူးဆန်းသွားပြီ ငါ့အခန်းကိုသော့ခတ်ထားခဲ့တာပါ ဘယ်သူမှဝင်လို့မရလောက်ပါဘူး" ဒါနဲ့မကျေနပ်သေးဘူး အိမ်ရှိလူကုန် အခန်းထဲဝင်သေးလား လိုက်မေးလိုက်သေးတယ်။ "ဟာ ဆရာကလည်း ဆရာ့အခန်းကသော့ခတ်ထားတာကျနော်တို့ဘယ်လိုဝင်လို့ရမလဲ ကျနော်တောင်သန့်ရှင်းရေးဝင်လုပ်ပေးမလို့ ကိုတံခါးဖွင့်လို့မရတာနဲ့ ဆရာ့ကိုစောင့်နေတာ ဘာဖြစ်လို့လဲဆရာ" "ဘာမှ မဟုတ်ပါဘူးကွာ " ဟု ခပ်မဆိတ်ပဲနေနေလိုက်တယ်။ စိတ်ထဲမှာတော့တော်တော် ထူးဆန်းလို့စိတ်ဝင်စားနေပြီ။"တစ်ခုခုတော့တစ်ခုခုပဲ။ဘာလုပ်ရရင်ကောင်းမလဲ အင်းး ဆက်စောင့်ကြည့်လိုက်ပါဦးမယ်" တစ်ယောက်တည်းမေးတစ်ယောက်တည်းဖြေရင်း ခဏမှိန်းနေလိုက်တယ်။ပန်းချီ ကားကိုတော့ယူပြီးတော့ ကုတင်ဘေးကစားပွဲပေါ်ယူတင်ထားလိုက်တယ်။ ည ၁၁ နာရီလောက်မှာပြန်နိုးလာတယ်။ထမင်းမစားပဲအိပ်ပျော်သွားတော့ဗိုက်ထဲကဆာလာတာနဲ့ အောက်ထပ်ဆင်းပြီး ထမင်းစားပွဲကိုတန်းသွားလိုက်တယ်။စားပွဲ ပေါ်မှာထမင်းဟင်း အားလုံးခူးခပ်ပြီးတော့ အုပ်ဆောင်းလေးနဲ့အုပ်ပေးထားတယ်။ဗိုက်ဆာဆာနဲ့စားလိုက်တာ ခူးထားပေးသမျှအကုန်ပြောင်သွားတာပဲ။စားပြီးတာနဲ့ အပေါ်ပြန်တက်ပြီးအခန်းထဲဝင် "ပြန်အိပ်လိုက်ဦးမယ်လေ" ဆိုပြီးကုတင်ပေါ်တက်ရင်း မျက်လုံးက ပန်းချီ ကားကိုရောက်သွားပြန်ရော။ ဟင်......... ဒီတစ်ခါ ပါးစပ်ကထွက်ကျလာတဲ့ အာမေဋိတ် ကတော်တော်လေးကျယ်သွားတယ်။ တွေ့လိုက်ရတာက လူတစ်ယောက်မိုးကာအကီင်္ျီ ဝတ်ပြီး အိမ်ထဲကိုဝင်နေပြီ။ "ဘုရား ဘုရား ငါအမြင်များ မှားနေတာလား" ညအိပ်ပျော်သွားတော့ မီးမပိတ်မိဘူး တစ်ခန်းလုံးလင်းထိန်နေတာပဲ။နောက်တစ်ခေါက် အနီးကပ်ဆွဲယူပြီး ကြည့်မိတယ်။ဒီအတိုင်းပဲ။ "ငါ ဘာဆက်လုပ်ရမလဲ ဒီပန်းချီကား ကတစ်ခုခုတော့ တစ်ခုခုပဲ။သြော် ငါ့သူငယ်ချင်း ကိုကျော်ကြီး ကဒီနားမှာနေတာပဲ ခေါ်လိုက်ရရင်ကောင်းမယ်ထင်တယ် ဒီလိုကိစ္စမျိုးတွေက ငါ့တပည့်တွေကိုပြောလို့လည်းမကောင်းဘူး မယုံရင်ငါ့ကိုပျက်ရယ်ပြု လိမ့်မယ်။နောက်ကွယ်မှာရယ်နေလိမ့်မယ်။ငါနဲ့စိတ်တူကိုယ်တူဖြစ်ပြီးအတော့်ကိုစဉ်းစားဥာဏ်ကောင်းတဲ့သူကိုဖွင့်ပြောပြမှအကူအညီရလိမ့်မယ်ကိုကျော်ကြီးကိုခေါ်လိုက်တာကောင်းမယ်ထင်ပါတယ် ဒါပေမယ့် ခုလိုညသန်းခေါင်ခေါ်လို့တော့ မတော်ပါဘူးလေ မနက်မှဖုန်းဆက်ခေါ်လိုက်တာပေါ့" ဦးတင်ထွန်းတစ်ယောက်တည်း အကြာကြီးစဉ်းစားခန်းဝင်ပြီးတော့ ဆုံးဖြတ်ချက်ချ ပြီးမှ ပန်းချီကားကိုမကြည့်တော့ပဲ မီးပိတ်၍ အိပ်လိုက်လေတော့သည်။ မနက်စောစောထပြီး ညတုန်းကအစီအစဉ်ချထားတဲ့အတိုင်း ကိုကျော်ကြီးကိုဖုန်းဆက်မခေါ်တော့ပဲ ကိုယ်တိုင်ပဲသွားတော့မည် ဆိုကာ မျက်နှာသစ်၊ရေမိုးချိုး၊အဝတ်အစားလဲပြီး အပြင်ထွက်ခါနီး ပန်းချီကားကိုတစ်ချက်ကြည့်မိလိုက်သေးသည်။ "ဟင် ဟိုလူဘယ်ရောက်သွားပါလိမ့် " ပန်းချီကားထဲတွင်လူရုပ် ရှိမနေတော့ ။ ဘာမှဆက်မစဉ်းစားတော့ပဲ ကိုကျော်ကြီးဆီသို့သာခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။ ၁၅ မိနစ်ခန့်လျှောက်မိသောအခါ ကိုကျော်ကြီးနေထိုင်ရာအိမ်သို့ ရောက်ရှိလာခဲ့သည်။ "ဟာ ကိုတင်ထွန်း လာလာ ခင်ဗျားဗျာ အတော်နေနိုင်တဲ့လူ ကျုပ်ဆီမလာတာဘယ်လောက်ကြာနေပြီလဲ။" "ကိုကျော်ကြီးရေ ကျနော်ခင်ဗျာတို့ရပ်ကွက်ကိုပြောင်းလာပြီဗျ။မလာဖြစ်သေးလို့ပါဗျာ အိမ်အသစ်ဆိုတော့ပစ္စည်းတွေနေရာချနေရသေးတော့ ၊ခုလာတာတော့ထူးဆန်းတဲ့ ကိစ္စတစ်ခုတိုင်ပင်မလို့ဗျို့"ဟုအစချီကာအဖြစ်အပျက်အစုံကိုပြောပြလိုက်လေသည်။ "ဟာဒါဆို ကိုတင်ထွန်း ခင်ဗျားကိစ္စ ကျနော်လည်းစိတ်ဝင်စားတယ် ညနေ ကျရင်ကျနော်လာခဲ့မယ်ဗျာ ခင်ဗျားအိမ်မှာညအိပ်ရင်းစောင့်ကြည့်ကြမယ်လေ " "အိုကေ ကိုကျော်ကြီး ကျနော်စောင့်နေမယ်နော်ဆက်ဆက်သာလာခဲ့ပါ ညစာအတွက်တော့မပူနဲ့ဗျို့ အစားအသောက်အကုန်ရစေရမယ်" "စိတ်မပူနဲ့ဗျို့ လာဖြစ်အောင်ကိုလာခဲ့မှာ ကျနော်လည်းစိတ်ဝင်စားတဲ့ ကိစ္စဆိုတော့" ကိုကျော်ကြီးနဲ့စကားပြောပြီးတော့ အိမ်ကိုမပြန်သေးပဲ ဝယ်စရာရှိသောပစ္စည်းများကို ဈေးသို့သွားရောက်၍ ဝယ်ခဲ့လေသည်။နေ့လည်လောက်ကျမှအိမ်သို့ပြန်ရောက်ခဲ့လေသည်။ အိမ်ပြန်ရောက်တာနဲ့ တပည့်တွေပြင်ပေးတဲ့ နေ့လည်စာစားပြီး အပေါ်ထပ်သို့တက်ခဲ့တော့သည်။အပေါ်ထပ်မှာက ဦးတင်ထွန်းတစ်ယောက်ပဲနေသည်။ကျန်တဲ့သူတွေက အလုပ်မရှိလျှင်အပေါ်သို့ဘယ်သူမှမတက်ကြ။သန့်ရှင်းရေးလုပ်ရန်၊ဦးတင်ထွန်း၏အဝတ်အစားများလျှော်ဖွတ်ရန် လိုအပ်မှသာတက်လေ့ရှိသည်။ အခန်းတံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ကြည့်လိုက်မိတာက စားပွဲပေါ်မှာတင်ထားတဲ့ ပန်းချီကား ပဲဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ "ဟော ဘာလဲဟ" ပန်းချီကားကိုသေသေချာချာယူကြည့်မိပြန်သည်။ ပုံထဲ၌ကား မိုးကာအကျီင်္ီဝတ်ထားသောလူပဲ အိမ်ထဲမှတစ်ခုခုကိုဆွဲလာသလိုလို ပုံသဏ္ဌန်ကိုမြင်လိုက်ရလေတော့သည်။မနိုင်မနင်း ဒရွတ်တိုက်ဆွဲ လာသောအရာမှာ ဘယ်အရာနည်း။နောက်မှပါလာသောအရာမှာ မည်သည့်အရာဝတ္ထု ဖြစ်သည်ဟုမမြင်ရပေ။ ဒီအခါမှာတော့ ဦးတင်ထွန်းရဲ့အသက်ရှူ သံမှာမြန်ဆန်နေပြီး ရင်ခုန်သံများလည်းတစ်ဒုန်းဒုန်းနဲ့ မြည်ဟီးနေလေပြီ။ု ဦးတင်ထွန်းအောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ဒီပန်းချီကား၏ရာဇဝင်ကိုသိချင်စိတ်ပြင်းပျလာသည်။ဘယ်ကသိနိုင်မလဲ စဉ်းစားကြည့်သည်။အောက်ထပ်သို့ရောက်သောအခါ မာလီလင်မယားကိုတွေ့ရသောအခါမှ သတိရမိသည်။ "ဒီလင်မယားကိုမေးကြည့်ရင်သိနိုင်မယ်ထင်တယ် သူတို့က အရင်ကတည်းက နေလာကြတဲ့ သူတွေဆိုတော့ ဟုတ်ပြီ" ဦးတင်ထွန်းလက်ဖျောက်တစ်ချက်တီးလိုက်သည်။ကိုယ့်စိတ်ကူးကိုယ်သဘောကျမိသွားသည်။ " ဟာ ဆရာဘာလိုလို့လဲ ခင်ဗျ ကျနော်ဘာလုပ်ပေးရမလဲ" "အေး ကွ မင်းတို့ကိုမေးစရာရှိလို့ ဘာမှလုပ်ပေးစရာမလိုပါဘူး" " ဟုတ်ကဲ့ ဆရာ မေးပါ ကျနော်တို့သိသလောက်တော့အကုန်ပြောပြပါ့မယ်" " အရင်ကဒီအိမ်မှာ မိသားစုဘယ်နှစ်ယောက်နေသလဲ ပြီးတော့ပန်းချီဆွဲတတ်တဲ့ သူရောရှိလား" " ဟုတ်ကဲ့ ဆရာ ဒီအိမ်ကြီးမှာ မိသားစု ၃ ယောက်နေခဲ့ပါတယ်။သူတို့သားလေးက ၁၃ နှစ်အရွယ်လောက်ပေါ့ ။အဲ့ဒီ ကလေးက ပန်းချီဆွဲ တာသိပ်ဝါသနာ ပါတယ်။သူ့မိဘတွေက စီးပွားရေးအဆင်မပြေဖြစ်လာတော့ ဒီအိမ်ကြီးကိုရောင်းရတော့မယ်ဆိုတော့သူအရမ်းစိတ်မကောင်းဖြစ်သွားတယ်။သူကဒီအိမ်ကြီးကိုသိပ်ခင်တွယ်တယ်။ဒါပေမယ့်လည်း မိသားစုအဆင်ပြေဖို့အတွက်ဆိုတော့ဘာပြောလိုရမလဲလေ။အစားအသောက်လည်းသိပ်မစားတော့ဘူး တစ်ဖြေးဖြေးနဲ အားနည်းလာတယ်။ဆရာတို့ကိုရောင်းတော့မယ်ဆိုတော့ သူတော်တော်ဝမ်းနည်းသွားတယ်နဲု့တူတယ်။မျက်ရည်တွေတောင်ဝဲ လို့။တစ်ညမှာတော့အိမ်အပြင်ထွက်ပြီး မြက်ခင်းပြင်ပေါ်မှာ ပန်းချီ ဆွဲတယ်။ကျနော်ကတောင်မေးလိုက်သေးတယ်။"ညမှောင်မှောင်နဲ့ မြင်ရရဲ့လား"လို့မေးတော့ "ကျနော့မျက်စိထဲမှာ ဒီအိမ်ရဲ့ ပုံစံကစွဲနေပြီးသားပါ"တဲ့ ဆရာတို့ကလည်းမကြာခင်ပြောင်းလာကြတော့မှာဆိုတော့ သူ့အိမ်ကို အမှတ်တစ်ရအနေနဲ့ ပန်းချီ ဆွဲ ပြီးယူသွားချင်လို့ လို့ထင်မိတယ်။အဲ့ဒီတစ်ညလုံး သူပန်းချီထိုင်ဆွဲတယ်။ဆောင်းတွင်းဆိုတော့အရမ်းအေးပြီးနေမကောင်းဖြစ်မှာစိုးလို့ သူ့မိဘတွေကအထဲဝင်ဖို့ပြောပေမယ့် အရမ်းခေါင်းမာတဲ့ ကလေးကဘယ်လိုမှခေါ်လို့မရဘူး။အရင်ကတည်းက တစ်ယောက်တည်းမွေးထားတဲ့ကလေးဆိုတော့မိဘတွေကလည်းအလိုလိုက်ထားတော့နည်းနည်းဆိုးချင်တယ်။ပြောလို့မရတဲ့အဆုံးတော့နွေးနွေးထွေးထွေးဖြစ်အောင် အနွေးထည်တွေအထပ်ထပ်ဝတ်ခိုင်း၊ကော်ဖီ ပူပူလေးဖျော်ပေးပြီးတော့ အိမ်ထဲဝင်ခဲ့ကြတယ်။ ည ၂ နာရီလောက်ရှိတော့ဆူဆူညံညံ အသံတွေကြားလို့ ထကြည့်လိုက်တော့ ကလေးကပန်းချီဆွဲရင်း လဲကျနေ တာကိုသူ့မိဘတွေကစိတ်မချလို့ ထကြည့်ရင်းတွေ့တော့တာ။ဆေးရုံတောင်မပို့လိုက်ရပါဘူး ဆုံးသွားရှာတယ်။ဆရာတွေ့ တဲ့ပန်းချီကား လေးကအဲ့ဒီကလေးဆွဲထားတာပေါ့ဆရာ။" ရှည်လျှားစွာ ရှင်းပြလို့ပြီးသွားသောအခါ ဘာကြောင့်ဆိုတာကို ဦးတင်ထွန်းသိသွားသလိုလို ဖြစ်လာခဲ့သည်။ "ကျေးဇူးပဲကွာ သိချင်တာလည်းသိရပြီဆိုတော့ မင်းလုပ်စရာရှိတာဆက်လုပ်လိုက်ဦးကွာ" "ဟုတ်ကဲ့ဆရာ" မာလီလေးထွက်သွားပြီးသောအခါ ဦးတင်ထွန်းသည် အပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ ပန်းချီကားကိုပြန်ကြည့်လိုက်သောအခါ ခုနက မမြင်ခဲ့ရသောအရာမှာယခုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရလေပြီ။၎င်းဆွဲလာသောအရာမှာလူတစ်ယောက်ဖြစ်ကြောင်းအရိပ်ကိုကြည့်၍ခန့်မှန်းမိသည်။တုံးလုံးလဲကျနေသောလူတစ်ယောက်ကို လက်နှစ်ဖက်မှကိုင်၍ ဒရွတ်တိုက်ဆွဲလာခဲ့ပုံကို ထင်ရှားစွာမြင်လာရသည်။ထိုအချိန်မှာ ညနေ နေဝင်ရီတရောအချိန်သို့ရောက်ရှိလာခဲ့လေပြီ။စိတ်ထဲမှာတစ်ခုခုဖြစ်တော့မည်ဟု ထင်နေသည်။ထိုအချိန်တွင် ကိုကျော်ကြီး လည်းရောက်ရှိလာခဲ့လေသည်။ "ခင်ဗျားလာတာနဲ့အတော်ပဲ ကိုကျော်ကြီးရေ လာမြန်မြန်"ဟုအပေါ်ထပ်သို့ခပ်သွက်သွက်တက်လာခဲ့ကြလေသည်။ ကိုကျော်ကြီးအား နောက်ထပ်သိရသောအကြောင်းအရာများကိုပြောပြပြီးနောက် ဘာဆက်လုပ်ရမည်ကို နှစ်ယောက်သားတိုင်ပင်ကြတော့သည်။အချိန်တွေကလည်းတစ်ဖြေးဖြေးကုန်မှန်းမသိကုန်လွန်သွားပြီးညအတော်ပင်နက်ခဲ့လေသည်။ "ဒီအတိုင်းဆို တစ်ယောက်ယောက်ကိုများဆွဲခေါ်သွားမလားမသိနိုင်ဘူးနော်" ကိုကျော်ကြီးမှစဉ်းစား၍ပြောလိုက်၏။ "ဟုတ်တယ်ဗျ ကျနော်လည်းစိတ်ထဲမှာထင့်နေတယ် တစ်ခုခုများဖြစ်တော့မှာလားလို့" "ဒါဆိုဘာဆက်လုပ်ကြမလဲ" ထိုသိုမှပြောပြီးယုံရှိသေး ကိုကျော်ကြီးမှထိတ်လန့်တကြားအသံဖြင့် "ကိုတင်ထွန်း ဒီမှာကြည့်ပါဦးဗျ လူတစ်ကိုယ်လုံး အိမ်ပြင်ရောက်နေပြီဗျ " အားးးးးးးးးးး ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ကောင်းသောအသံနက်ကြီးကိုကြားလိုက်ကြရလေတော့သည်။နှစ်ယောက်သားကမန်းကတန်းအောက်ထပ်သို ပြေးဆင်းလာခဲ့ကြရာ မာလီလင်မယားမှာလည်းပြေးထွက်လာသည်နှင့်ဆုံမိကြလေသည်။ "ဟေ့ ဘာဖြစ်ကြတာလဲ" "ကျနော်တို့လည်းမသိဘူးဆရာ အော်သံကြားလို လာကြည့်တာ" အားလုံး အိမ်ရှေ့ပေါက်ဝသို့ရောက်သောအခါ ဦးတင်ထွန်း၏ တပည့်ကြီးဘမောင်မှာ အိမ်ရှေ့သို့ခေါင်းတည်၍ ဆန့်ဆန့်ကြီးလဲကျနေလေသည်။ "လုပ်ကြပါဦးဟ ဘမောင် ဘမောင်" ဘမောင်မှာ အသက်မရူတော့ပေ။ ဦးတင်ထွန်း နှင့် ကိုကျော်ကြီး မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍အဖြေတစ်ခုခု ကိုယခုပင်သိလိုက်ရပြီးနောက်နောက်ကျသွားပြီဆိုသောအသိနှင့် ရင်ထဲတွင်ဆို့နစ်လာသည်။ဘာလုပ်ရမလဲ ဆိုတာကိုနှစ်ယောက်သားတိုင်ပင်မထားပဲသိလိုက်ကြသည်။ဒီပန်းချီကားကို ဖျက်ဆီးပစ်မှဖြစ်တော့မည်။ ဘမောင်၏ရုပ်အလောင်းကိုရင်ခွဲရုံသို့ပို့ပြီးပြန်လာကြသောအခါမနက် ၈ နာရီထိုးပြီးပြီ။ထို့နောက် ဦးတင်ထွန်းနှင့် ကိုကျော်ကြီး တို့နှစ်ယောက်သားအပေါ်ထပ်မှပန်းချီကား ဆီသို့တန်းလာခဲ့ကြလေသည်။ပန်းချီကား မှာ တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်သည်။ ပထမစတွေ့တုန်းကလို အိမ်ထဲသို့ လူတစ်ယောက်ဝင်လာဟန်ကို မြင်လိုက်ကြရသည်။ ဒီတစ်ခါတော့ နောက်ထပ်အသက်တစ်ချောင်းအဆုံးရှူံးမခံတော့ပြီ။ဘမောင်ကိုမကယ်လိုက်နိုင်ပေမယ့် နောက်တစ်ယောက်ကိုတော့ ဘယ်သူ့အလှည့်မှန်းမသိပေမယ့် ရအောင်ကယ်ရတော့မည်။ ပန်းချီကားကို အိမ်အပြင်သို့ ယူဆောင်လာခဲ့ကြသည်။ ထင်းပုံတစ်ပုံ ပုံပြီး မီးမွှေးလိုက်သည်။ ထို့နောက် အရှိန်တစ်ညီးညီးတောက်လောင်နေသောမီးပုံထဲသို့ ထိုပန်းချီကားကို ပစ်ချလိုက်ကြတော့သည်။ ပန်းချီကားထဲ မှ အော်ညီးသံ ကြားမိသလိုလို။
November Rosy
Tuesday, August 4, 2015
သံဃာဆောင် မောင်မလာချင်တော့ပြီ
ကျနော်ကြုံဖူးတာလေး တခုလောက် ပြောပြပါရစေ။ ကျတော်တို့ ကျောင်းကနေ trip ထွက်ရပါတယ်။ ယောက်ျားလေး ခုနစ်ယောက် မိန်းကလေး ရှစ်ယောက် တဖွဲ့ ပါ။ သွားရတာကတော့ နတ်မောက် ဆိုတဲ့ ဒေသလေးပါ ( ဗိုလ်ချုပ် မွေးရပ်မြေ )။ဟိုရောက်တော့ မြို့ နယ်မှုးက နေရာချပေးတော့ မိန်းကလေးတွေက ဆေးရုံအတွင်းဘက်မှာ နေရာရပီး ကျတော်တို့ ယောက်ျားလေးတွေကိုတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့  သံဃာဆောင်မှာ နေရာချပေးပါတယ်။ အဲဒီအဆောင်က လူနာမထားတာလည်းကြာပီ၊ ဒီအတိုင်းပိတ်ထားတာတဲ့။ အဲဒီအဆောင်မှာ ခုတင်က ၄လုံးရှိတယ်။ အခန်းက တော့ ၃ ခန်း နဲ့ အလယ်မှာ ဘုရားစင် ပါရှိပါတယ်။ ခုတင်ပေါ်မှာတော့ အရင်လူနာဟောင်းတွေ အသုံးပြုထားခဲ့တဲ့ မွေ့ ယာနဲ့ အဲဒီအပေါ်မှာ သွေးစ အချို့ ကို တွေ့ ပါတယ် ။ ကျနော်နဲ့ အကို ၁ယောက်က အဲဒီ မွေ့ ယာတွေကို အကုန်ယူပီးတော့ အခန်းတစ်ခန်းထဲမှာ ထည့်ထားလိုက်ပါတယ်။ ခုတင်က ၄ လေးလုံးရှိပေမဲ့ ကျန်တဲ့ သူတွေက အဲဒီခုတင်ပေါ်မှာ မအိပ်ရဲတာကြောင့် ကျန်အခန်းထဲမှာ ၅ယောက် စုပီးတော့ အိပ်ကြပါတယ်။ ကျနော်နဲ့ အကိုတစ်ယောက်သာ အဲဒီခုတင်တွေပေါ်မှာ အိပ်ကြပါတယ်။အဲဒီဆေးရုံမှာ ကြုံတွေ့ ခဲ့ရတာကတော့ ဘာဖြစ်တယ်လို့ ပြောရမည်မှန်း မသိပါ။ အခုထိလည်း ကျနော်မရှင်းသေးပါ။ ဆက်ဖတ်ကြည့်ပီးတော့သာ သူငယ်ချင်းတို့ ပြောပြပေးကြပါဦးနော်။။။။။။ Day 1 ကျနော် ခရီးပန်းတာကြောင့်ရော နယ်မြေသစ်ရောက်လို့ စူးစမ်းချင်တာရောကြောင့် ကျနော်နဲ့ တခန်းတဲအတူနေတဲ့ အကိုနဲ့ ဘီယာဆိုင်ရှာပုံတော်ဖွင့်ဖို့ ထွက်ခဲ့ကြပါတယ် ( သောက်ချင်ရင် သောက်ချင်တယ်မပြောဖူး ဟီးး ) ။ ဘီယာဆိုင်မရှိဖူးခင်ဗျ၊ တစ်မြို့ လုံးကို နှံအောင်ရှာတာတောင် မတွေ့ လို့ နောက်ဆုံး စားသောက်ဆိုင်လေး တစ်ဆိုင်မှာဘဲ အရက်သောက်ဖြစ်ခဲ့ကြတယ်။ အပြန်တော့ ရေချိန်တော်တော်လေး ကိုက်နေပီဗျ။ ဒီလိုနဲ့ အခန်းထဲ ၀င်အိပ်လိုက်တာ တမ်းပီးတော့ အိပ်ပျော်သွားတာပေါ့။ ခဏနေတော့ ကျနော် လန့် နိုးလာတယ်။ တယောက်ယောက်က ကြည့်နေသလိုခံစားရလို့ ခေါင်းထောင်ပီးတော့ ကြည့်လိုက်တော့ အခန်းဝမှာ လူစိမ်းတစ်ယောက် မတ်တတ်ရပ်နေတယ်။ လူစိမ်းမှ လူစိမ်းစစ်စစ်၊ ဘာလို့ လူစိမ်းလို့ ပြောလည်းဆိုတော့ သူ့ အ၀တ်အစားအားလုံးက အစိမ်းရောင် ဖြစ်နေလို့ ပါ။ ကျနော် သေချာ ထက်ကြည့်မိတယ် ( အိပ်ချင်နေတာရော မူးနေတာရောကြောင့် မသဲကွဲပါ)။ ကောင်မလေး တစ်ယောက်ပဲ ( သူ့ ကိုယ်လုံးကိုပေါက်နဲ့ သူ့ ဆံပင်တွေ ရှည်နေလို့ ပါ) သူ့ မျက်နာကို သေချာထက်ကြည့်သေးတယ် ကောင်းကောင်းမမြင်ရဖူး ဒါပေမဲ့ သူ့ မျက်လုံးတွေကတော့ အစိမ်းရောင်ဆိုတာ သေချာတယ်။ ကျနော် နည်းနည်း ဖြုံသွားတယ် မျက်စိလည်း နည်းနည်း ပြူးသွားတာပေါ့လေ။ သူ့ မျက်နာကို သေခြာမြင်ချင်လို့ မျက်စိ ကို ပွတ်ပီးထက်ကြည့်လိုက်တော့ မရှိတော့ဖူး။ ကျနော်လည်း အော် ငါမူးကြောင်ကြောင်နဲ့ မြင်ချင်တာ မြင်တာနေမှာပါလို့ တွေးပီးတော့ ပြန်အိပ်လိုက်တော့တယ် ( အခုထိလည်း အဲလိုပဲ ထင်မိတုန်းပါ )။ နောက်တစ်နေ့ တော့ ကျတော် ဒီအကြောင်းကို သူငယ်ချင်းတွေကို မပြော ပြမိခဲ့ဖူး အရေးမကြီးဖူးထင်လို့ ပါ။ Day 2 ကျနော်တို့ အဖွဲ့ ကို မီးသတ်ဋ္ဌာန ထမင်းကြွေးဖိတ်ထားလို့ သွားဖို့ ပြင်နေကြတာပေါ့။ ရေးချိုးခန်းနဲ့ အိမ်သာကလည်း ကျတော်တို့ အဆောင်မှာ တွဲရက်ပါတော့ အဆင်ပြေတာပေါ့။ ရေတယောက်တလှည့်ချိုးပီးတော့ နောက်ဆုံးတစ်ယောက်ချိုးနေချိန်မှာ ကျနော်တို့ က ပီးပီးသားဆိုတော့ သူ့ ကို မစောင့်တော့ဖူး အရှေ့ က လက်ဖေ့၇ည်ဆိုင်မှာ ထိုင်စောင့်မယ်လို့ ပြောပီးတော့ သူ့ ကို တံခါးသော့ပေးပီး သော့ခတ်ထားခဲ့လိုက်တယ်။ သိပ်မကြာပါဖူး လက်ဖေ့ရည်ဆိုင်ကို သူပြေးပီးတော့ လာတယ်။ ရေချိုးပုဆိုးကြီးနဲ့  ပီးတော့ ချွေးစီးတွေလည်း စို့ လို့ ။ ကျနော်တို့ က ဘာဖြစ်လာတာလည်းလို့ မေးတော့ သူတော်တော်နဲ့ ပြန်မဖြေနိုင်သေးဖူး။ အရမ်းမောဟိုက်နေတယ်။ သူ့ ကို ရေလေးတိုတ်ပီး ခဏနေမှ သူစကား ပြောနိုင်တော့တယ်။ ပထမဆုံးစပြောတဲ့ စကားကတော့ အရင်းမရှိအဖျားမရှိနဲ့ စဆဲတော့တာပဲ။ ကျနော်တော့အားလုံး ကြောင်သွားတာပေါ့။ ပီးမှသူက ထက်ပြောတယ် မင်းတို့ အဲလိုမနောက်ကျပါနဲ့ တဲ့ ငါက သူရဲကြောက်တတ်တယ်တဲ့ ။ ပိုဆိုးကုန်တာပေါ့ ဘယ်သူမှ ဘာနားလည်ရမှန်းမသိဖြစ်ကုန်တော့တာပေါ့။ ဘာဖြစ်လာတာလည်းဆိုတာ အေးအေးဆေးဆေး ပြောပြပါဟ ဆိုတော့မှ သူကပြောပြတယ်။ သူရေချိုးနေတုန်း အပြင်မှာ ခြေသံလိုလိုကြားတယ်တဲ့ ။ ပီးတော့ သူ့ ရေချိုးခန်း တံခါးကို လာခေါက်တယ်တဲ့ ။ သူက ဘယ်သူလည်းလို့ မေးတော့ ပြန်မဖြေဖူးတဲ့ ။ ကျနော်တို့ သူ့ ကို လာစတယ်မှတ်နေတာပေါ့လေ။ အဲဒါနဲ့ ထွက်ကြည့်တော့လည်း ဘယ်သူမှ မရှိဖူးတဲ့။ အဲဒါနဲ့ သူရေဆက်ချိုးတယ်။ စပ်ပြာတိုတ်မလို့ ကြည့်လိုက်တော့ စပ်ပြာမရှိဖူး၊ ရေခွက်ကလည်း ဘောင်ပေါ်က ပြုတ်ကျပီးတော့ ရေကန်ထဲမှာ နစ်သွားတယ်တဲ့ ။ သူလည်း စပ်ပြာ အခန်းထဲမှာ သွားယူပီးမှ ရေခွက်ကို ပြန်ကောက်တော့မယ် ဆိုပီးတော့ အခန်းထဲကို စပ်ပြာ သွားယူတယ် ကျနော့်အိတ်ထဲမှာ တွေ့ လို့ ယူပီးတော့ ရေချိုးခန်းထဲပြန်ဝင်တော့ ရေခွက်က ရေပေါ်မှာ ပြန်ပေါ်နေတယ်တဲ့။ သူလည်းကြောက်လို့ ထွက်ပြေးလာတာပါလို့ ရှင်းပြတယ်။ ကျနော်တို့ အားလုံး စဉ်းစားရကြပ်သွားတာပေါ့။ တဖွဲ့ လုံးက လူတွေကလည်း လက်ဖေ့ရည်ဆိုင်မှာ အကုန်လုံးထိုင်နေတာ ဘယ်သူမှ ထမသွားဖူး ပီးတော့ သွားပီးတော့စရအောင်လည်း အဆောင်နဲ့ လက်ဖေ့ရည်ဆိုင်ကလည်း တော်တော် လှမ်းတယ်၊ သူ့ ကိုဘယ်သူမှ ဒီလောက်အပင်ပန်းခံပီးတော့ သွားမစတာကတော့ သေချာတယ်။ နောက်တမျိုးစဉ်းစားကြည့်တာကတော့ အပြင်လူတစ်ယောက်ယောက် ဒါမှမဟုတ် သူခိုးလား ? ဒါလည်း သိပ်တော့မဖြစ်နိုင်သေးဖူး ကျနော်တို့ သံဃာဆောင်က ပြတင်းပေါက်တွေက အကုန် သုံတိုင်တွေနဲ့ ကာထားတာ ပီးတော့ အဝင်ပေါက်ကလည်း တစ်ခုတည်းရှိပီးတော့ တံခါးကို ကျနော်တို့ ကိုယ်တိုင်သော့ခတ်ပီး သော့ကို ရေချိုးနေတဲ့ကောင်ကို ပေးထားခဲ့တာလေ၊ ဘာမှလည်း အပျောက်အဆုံးမရှိဖူး။ နောက်ပီး ကျနော် ရေချိုးခန်းက ထွက်တော့ စပ်ပြာကို သေချာထားခဲ့ပါတယ်၊ စိတ်ထဲမှာတောင် ဟိုကောင် စပ်ပြာမပါဖူး ထားခဲ့ဦးမှလို့ မှတ်မှတ်ရရ ထားခဲ့တယ်ဆိုတာကိုတော့ သူ့ ကို မပြောဖြစ်လိုက်ပါဘူး (သူကြောက်မှာဆိုးလို့ )။ ဒီလိုနဲ့ ကျနော်တို့ အဖွဲ့ ထမင်းစားထွက်ခဲ့ပါတော့တယ်။ Day 3 ကျနော်တို့ စီကို အဖွဲ့ ထဲက မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်က မန်းလေးက လိုက်လာပီးတော့ လာလယ်ပါတယ်။ ပွင့်ဖြူ က သူ့ ဇာတိဆိုတော့ သူ့ အိမ်ကို အလယ်လာရင်း ကျနော်တို့ စီကို ဝင်လာတာပါ။ အဲဒီညက သူက ဂိုဒေါင်ခန်း ( ကျနော်တို့ ခုတင်ပေါ်က မွေ့ ယာတွေ ထားထားတဲ့အခန်း ) မှာ အိပ်မယ်ဆိုပီးတော့ သွားအိပ်ပါတယ်။ ကျနော်လည်းသူပျင်းနေမှာဆိုးလို့ သူ့ အခန်းကို ဘီယာပုလင်းဝယ်ပီးတော့ သူနဲ့ ဖဲထိုင်ဆော့နေပါတယ်။ ခဏနေတော့သူက အရမ်းအိပ်ချင်နေလို့ အိပ်နင့်ပီဆိုပီးအိပ်သွားပါတယ်။ ကျနော်လည်း ခဏလောက်ဖဲဆော့ပီးတော့ ကိုယ့်ခုတင်ကိုပြန်လာပါပီး အိပ်ပါတယ်။ မိုးလင်းတော့ သူကျနော့်ကိုလာနိုးပီးတော့ မင်းဘယ်တုန်းက ခုတင်ပေါ်ပြန်သွားတာလည်းဟ ဆိုပီးမေးပါတယ်။ ကျနော်လည်း ဒီလိုပဲရိုးရိုးဖြေလိုက်တာပေါ့ မင်းအိပ်သွားပီး ငါလည်း နောက်တစ်ပွဲဆော့ပီးတာနဲ့ ပြန်လာအိပ်နေတာလို့ ။ သူကြောင်သွားတယ် ပီးတော့ ပြောတယ် ဟာ မဟုတ်ပါဖူးကွာ ငါညက တရေးနိုးတုန်းကကြည့်တော့လည်း မင်းဘေးမှာ ရှိပါတယ်။ နောက်တခါနိုးပီးတော့ သေးထပေါက်လို့ ပြန်လာတုန်းကလည်း မင်းရှိပါတယ်ကွ လို့ ပြောတယ်။ ကျနော်က ဟာ မဟုတ်ရပါဖူးကွာ ငါကိုယ့်ခုတင်မှာ ကိုယ်အိပ်နေတာပါလို့ ဇွတ်ပြန်ပြောရတာပေါ့။ နတ်မောက်မြို့ လေးက မီးကို အလှည့်ကျရတာပါ။ ဆေးရုံဆိုပေမဲ့ မီးပျက်ပါတယ်။ ဆေးရုံက မီးစက်ကို ည ၁၁ နာရီ လောက်မှာ ပိတ်လေ့ရှိပါတယ်။ အဲဒီလိုညမျိုးဆိုရင်တော့ ညတော်တို့ ဖယောင်းတိုင်ထွန်းရတာပေါ့။ အဲဒီညက လည်း မီးမလာတဲ့ညမို့ လို့ သူကျနော်မှန်း ဘယ်လိုသိသလည်းလို့ သိချင်တာနဲ့ မေးကြည့်လိုက်တော့ ဟ ငါ့ဘေးမှာ အိပ်နေတဲ့ သူက ဂတုန်း နဲ့ လေ လို့ပြန်ဖြေပါတယ်။ ( ကျတော်တို့ အဖွဲ့ က ဗိုလ်ချူပ်ဇာတိကိုသွားမယ်ဆိုတော့ ကျနော်အပါအ၀င် ယောက်ကျားလေး ၅ယောက်က ဂတုန်း ဆံပင်ပေါက် ညှပ်လာကျတာလေ) ။။ ကျနော်မဟုတ်ကြောင်းသူ့ ကို သေခြာရှင်းပြပီးတော့ ကျန်တဲ့ သူတွေ လည်း အခန်းထဲက ထွက်လာကျပါတယ်။ သူ တို့ ကို မေးကြည့်တော့လည်း သူတို့ မဟုတ်ဖူးလို့ အားလုံးက ပြန်ပြောကြတယ်။ အားလုံး ကိုယ်အိပ်နေကြနေရာအိပ်ပီးတော့ အဲဒီနေရာက ပဲ ထလာကြတာပါ။ လာလယ်တဲ့ သူငယ်ချင်းက သဘောပေါက်သလို မျက်နှာမျိုးနဲ့ ဘာမှ ထက်မပြောတော့ဖူး ။ (သူက ခဏခဏ သရဲ အခြောက်ခံရသူမို့ ပါ။ နောက်ကြုံမှ သူအခြောက်ခံရတဲ့ အကြောင်းပြောပြမယ်နော် )။ Day 4 ဒီနေ့ ကျနော်တို့ ယောက်ကျားလေးတွေရော မိန်းကလေးတွေရော အားလုံးစုံနေပါတယ်။ သံဃာဆောင်မှာ နောက် သွားရမဲ့ ရွာခရီးစဉ်အတွတ် တိုင်ပင်နေတာပါ။ ညကလည်း ၁၁နာရီတောင် ကျော်သွားပါပီ။ လာလယ်တဲ့ သီငယ်ချင်းကတော့ ဖယောင်းတိုင်လေးကိုယူပီး အဆောင်ရှေ့ မှာ ဂစ်တာတီးနေပါတယ်။ ကျနော်တို့ အဆောင်ရှေ့ မှာ အလွန် ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါတယ် ( ဘာပင်မှန်းတော့မသိဖူး )။ အဲဒီသစ်ပင်ကြီးက အလွန်ကြီးပီး အဆောင် တစ်ခုလုံးကို လွှမ်းထားပါတယ်။ နေ့ ခင်းတောင်မှ ကျနော်တို့ အဆောင်ကို နေမထိုးပါဖူး။ ကျနော်တို့ ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ စကားပြောကောင်းနေကြတာပေါ့လေ။ ခဏနေတော့ လာလယ်တဲ့ သူငယ်ချင်းက ကျနော့်ဘေးနားကို လာထိုင်တယ်။ပီးတော့ သူနဲ့ ခဏလောက် လိုက်ခဲ့ပေးဖို့ ပြောတယ်။ကျနော်လည်း ဘာဖြစ်မှန်းမသိတော့ ချက်ချင်းတော့ ထမလိုက်သွားလိုက်မိဖူး။ တအောင့်နေမှ ကျနော် သူ့ ကို ဘာလည်းလို့ မေးကြည့်မိတယ်။ သူက ပြောပြတယ် ငါအရှေ့ မှာ ဂစ်တာထိုင်တီးနေတုန်း သစ်ပင်ပေါ်က ဆေးထိုးအပ်တွေနဲ့ လှမ်းပေါက်တယ်တဲ့ ။ အစကတော့ အသီးကြွေတာမှတ်နေတာ ပီးတော့မှ ခဏခဏ အပေါက်ခံရတော့ အပေါ်ကို ဖယောင်းတိုင်မြှောက်ပီး ကြည့်လိုက်တော့ ဘာကောင်ကြီးမှန်းလည်းမသိဖူး ဇောက်ထိုးကြီး အောက်ကို တဖြေးဖြေးဆင်းလာတာတွေ့ လို့ အထဲကို ပြန်ပြေးဝင်လာပီး မင်းကို လာခေါ်တာတဲ့ ။။ ကျနော်လည်း ဓါတ်မီးယူပီးတော့ အပြင်ကို ထွက်လိုက်လာတာပေါ့။ သူ့ ထိုင်နေတဲ့ နေရာ မလှမ်းမကန်းမှာ ဆေးထိုးအပ်တွေကို တွေ့ ရတယ်။ သစ်ပင်ပေါ်ကို ဓါတ်မီးနဲ့ ထိုးကြည့်တော့ ဘာမှ မတွေ့ ရဘူး။ သူကပြောတယ် ငါပြန်တော့မယ်တဲ့ ။ နေပါဦးမိုးလည်း ဒီလောက်ချုပ်နေတာကို မနက်ကျမှ ပြန်ပါလို့ ပြောတာ မရတော့ဘူး။ သူမအိပ်တော့ဖူးလို့ တစ်ခွန်းတည်းပြောပီးတော့ အထုတ်တွေ ကိုဝင်ယူတယ်။ ကျန်တဲ့ သူတွေကလည်း ဘာဖြစ်တာလည်း မေးတော့ အကျိုးအကြောင်းပြောပြလိုက်တယ်။ ယောက်ကျားလေးတွေက မျက်နှာတွေ ပျက်နေပီ။ မိန်းကလေးတွေကတော့ ဘာလည်း မသိတော့ ဘာမှ မပြောကျဖူး။ ဒါနဲ့ ကျနော် သူ့ ကို ပြန်လို့ ရအောင် စီစဉ်ပေးလိုက်ရတော့တာပေါ့။ Day 5 ကျနော်တို့ အဖွဲ့ ရွာဖက်ကို ဆင်းရတော့မယ်ဆိုတော့ ဒီနေ့ အားလုံး စောစော အိပ်ယာ ၀င်ဖြစ်ကျတယ်။ ရထားက မနက် ၆နာရီ စီးရမှာလေ။ ဒီလိုနဲ့ ည ၂နာရီလောက်ကျတော့ ကျနော့်ကို ဘေးခုတင်မှာ အတူအိပ်တဲ့ အကိုက လာနိုးတယ်။ ညီလေးထထတဲ့ ငလျှင်လှုပ်နေတာလားမသိဖူးဆိုပီးတော့။ ကျနော်ထကြည့်လိုက်တော့ ဘာမှ မဖြစ်ပါဖူး။ ငလျှင်လည်းမလုပ်ပါဖူး။ ဒါနဲ့အကိုစိတ်ထင်လို့ နေမှာပါလို့ ပြောပီး ပြန်အိပ်လိုက်တယ်။ အိပ်တောင် မပျော်သေးဖူး ထက်နိုးတယ်။ သူအိပ်လိုက်တိုင်း ခုတင်ကြီးက လှုပ်နေတယ်တဲ့ ။ ပီးတော့ ဟိုဘက်အခန်းမှာ အိပ်နေတဲ့ သူတွေလည်း ထလာကြတယ်။ သူတို့ လည်း အိပ်မရဖူးတဲ့။ အိပ်လိုက်ရင် ဖျာဆွဲတယ် စောင်ဆွဲတယ်တဲ့။ ဘယ်သူကဆွဲတာလည်းလို့ မေးတော့ မသိဖူးတဲ့ ။မွှေးနီကပြောတယ် (ရေချိုးခန်းထဲက ကြောက်အားလှန့် အားနဲ့ ပြေးလာတဲ့ သူ) ငါတို့ ဘူတာကို သွားကျရအောင် ငါမနေရဲ တော့ဖူးတဲ့။ ကျနော်လည်း နာရီကြည့်လိုက်တော့ ၄နာရီလောက်ပဲရှိသေးတယ် စောနေသေးတယ်လေ။ ပြန်အိပ်လိုက်ပါဦး ပီးမှ သွားတာပေါ့ ငါတို့ ကို လိုက်ပို့ မဲ့ မြင်းလှည်းလည်းမလာသေးဖူးလို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ အားလုံးက သွားချင်နေကျပီလို့ ပဲ ပြောနေတော့ ကျနော်လည်း မအိပ်ရတဲ့အတူတူ သွားကျတာပေါ့ဆိုပီး မိန်းကလေးတွေကို သွားနိုးတယ် ပီးတော့ မြင်းလှည်းသမားကိုလည်း သွားခေါ်ရတော့တာပေါ့။ ဘူတာသွားတဲ့ခရီးကလည်း ဆိုးပ။ မှောင်မိုက်နေတဲ့ ညမှာ မုန်းချောင်းကို ဓါတ်မီးတွေနဲ့  ခြေလျှင်ဖြတ်ပီးတော့ ဘူတာကို လမ်းလျှောက်ရတာ။ ဘူတာရောက်တော့ ရထားမလာသေးတာနဲ့ ထိုင်စောင့်ရတာပေါ့။ မွှေးနီက သူသောက်မှ ဖြစ်မယ် ဆိုပီ ကျနော့်ကိုဇွတ်ခေါ်လို့  သွားသောက်လိုက်ရသေးတယ်။ မှတ်မှတ်ရရ နေထွက်လာတာကိုကြည့်ပီး အရက်သောက်တာ ပထမဦးဆုံးပဲ ( ဆိုးပဗျာ… မယုံရင်သောက်ကြည့် ) The day at village ရွာမှာ လုပ်စရာရှိတာတွေလုပ်ပီးတော့ တည်းခိုမဲ့နေရာ ပြန်လာကြတာပေါ့။ အဲဒီအိမ်မှာ nurse ၂ဦးက ကျနော်တို့ အတွတ် ထမင်း၊ဟင်း လာချက်ပြုတ်ပေးတယ်ဗျ။ ကျနော်လည်း သူတို့ နဲ့ စကားပြောကြည့်တာပေါ့ ( ချောတာကိုး နာစ်မလေးတွေက ဟိဟိ မြို့ ဆေးရုံက ဟာတွေနဲ့ များ တခြားစီ)။ သူတို့ နတ်မောက်ဆေးရုံမှာ training ဆင်းခဲ့ရကြောင်းနဲ့ ကျနော်တို့ နေရ ထိုင်ရတာ အဆင်ပြေလားလို့ မေးတယ်။ သူတို့ တုန်းက အဲဒီမှာ သူရဲ အခြောက်ခံရတယ်လို့ ပြောတယ်။ကျနော်လည်း စိတ်ဝင်စားလို့ မေးကြည့်တော့ အဲဒီမှာ မိန်းကလေးတစ်ယောက် က သူ့ ချစ်သူနဲ့ အဆင်မပြေလို့ ကိုယ့်ကိုကို သတ်သေလာတာ မသေပဲ ဆေးရုံရောက်ပီး ကုနေတုန်း ကျိုးဆွဲချ သေသွားတယ်လို့ ပြောတယ်။ ထက်မေးမလို့ ပဲ ဒါပေမဲ့ ရွာလူကြီးရောက်လာတာနဲ့ စကားစ ပြတ်သွားတယ်။ မျက်စိထဲမှာလည်း အစိမ်းရောင်နဲ့ ကောင်မလေးကို မြင်ရောင်မိလိုက်တယ်….. The day before the last day ကြားထဲမှာ ဖြစ်တာတွေကတော့ သိပ်မပြောတော့ဖူးနော်။ သူငယ်ချင်းတွေကတော့ တမျိုးမဟုတ်တမျိုးအခြောက်ခံရတယ်လို့ ပြောတယ်။ စာများနေရင် ဖတ်ရတဲ့သူပျင်းနေမှာစိုးလို့ ( အမှန်တော့လက်ညောင်းလို့ )။ ဒီလိုနဲ့ သက်ြန်ရက်နီးလာလို့ ကျနော်တို့ အဖွဲ့ လည်း ပြန်ရတော့မယ်။ အမှန်တော့ နောက်တစ်ပတ် ထက်နေရဦးမှာကို ကျနော်တို့ အဖွဲ့ က မနေချင်ကျတော့လို့ ပြန်ဖို့ စီစဉ်တာပါ။ ဒီအဆောင်မှာ မနေရဲ ကျတော့ဖူးလေ။ အားလုံးလည်း အထုတ်အပိုးတွေ ပြင်ဆင်နေကျလို့ ပီးနေပေမဲ့ ကျနော်က ကျနော်ဝသီအတိုင်း အပျင်းထူးနေတာ။ အ၀တ်အစားတွေကိုလည်း ပြန်ခေါက်ပီးသိမ်း ရဦးမှာ တိုတိုစာစာတွေကို လည်း အိတ်ထဲထည့်ရဦးမှာ။ ပျင်းပျင်းရှိတာနဲ့ အ၀တ်တွေအားလုံးကို ခုတင်ပေါ်မှာ အကုန် လုံးပြစ်တင်ထားပီးတော့ သူငယ်ချင်းတွေ အခန်းထဲကိုလာပီး ဖဲထိုင်ရိုက်နေလိုက်တယ်။ ဒီလိုနဲ့ နေ့ ခင်းဘက်လောက်ရောက်လာတော့ မဖြစ်သေးပါဖူး ဆိုပီးတော့ အ၀တ်တွေ သိမ်းဖို့ ကိုယ့်ခုတင်ကိုပြန်လာလိုက်တော့ ကျနော့်အ၀တ်တွေ တစ်ထည်မှ မရှိတော့ဖူးခင်ဗျ။။ ကျနော် မျက်လုံးပြူးသွားတာပေါ့။ ပီးတော့ အ၀တ်အိတ် ကို ကြည့်လိုက်တော့ နံရံမှာ ထောင်ထားတယ်။ ဇစ်ကလည်း ပိတ်ထားတယ်။ ကျနော်ထားသွားတုန်းက ဇစ်ဖွင့်လျှက်ပါ။ ဒါနဲ့ ကျနော် အ၀တ်အိတ်ကို ဖွင့်ကြည့်လိုက်တော့ ကျနော့်အ၀တ်အစားတွေအားလုံး သပ်သပ်ရပ်ရပ်ခေါက်ထားပီး ကျကျနန စီထည့်ထားတယ်။ ကျနော် ကြောင်သွားတယ်။ ရုတ်တရက် ဘာမှလည်း စဉ်းစားလို့ မရတော့ဖူး။ ဟိုဘက်ခန်းကိုပြန်ကူးသွားပီးတော့ ကျနော့်အ၀တ်တွေ ဘယ်သူခေါက်ပီး သိမ်းပေးထားတာလည်းမေးကြည့်တယ်။ အားလုံးက ရီတာပေါ့။ ယောက်ကျားအချင်းချင်း ဘယ်သူက အားအားယားယား အလုပ်ရှတ်ခံပီး မင်းအ၀တ်တွေခေါက်ပေးရမှာလည်း ပီးတော့အားလုံးက ဖဲဝိုင်းမှာ ထလည်း သေးပေါက်ရုံခဏလေးပဲထကြတာ။ ၀ိုင်းကကောင်းနေတော့ သေးတောင် မြန်မြန်ပေါက်ကျတဲ့သူတွေကြီးပဲလေ။ ပီးတော့ အ၀င်တံခါးကိုလည်း ပိတ်ထားတယ် အပြင်လူဝင်လာစရာကိုမရှိတာကြီး။။ ကျနော် တော်တော်လေး တင်းသွားတယ်။ တောက်ခေါက်လိုက်ပီးတော့ တွေ့ ကြသေးတာပေါ့ သူရဲရာ……………………………………………………. The last day ညရောက်တော့ ကျနော် အရက်ပုလင်း တစ်လုံးယူလာတယ်။ အမြည်းအပြည့်အစုံနဲ့ ဘုရားခန်းနဲ့ မလှမ်းမကန်းမှာ နေရာယူလိုက်တယ်။(မိန်းကလေးတွေကပြောကျလို့  ကျနော်တို့တွေ ဘုရားစင်ရှိတာတောင် သောင်းကျန်းလွန်းလို့ အခြောက်ခံရတယ်ပြောလို့ )။ ဖယောင်းတိုင်တွေလည်း ဘေးပတ်ပတ်လည်မှာ ထွန်းထားလိုက်တယ် ( ခဏနေမီးပျက်တော့မှာကိုး)။ ဘယ်သူမှ အရက်သောက်ဖို့ ထွက်မလာကျဖူး။ အချို့ က ပုတီးစိတ်နေကျတယ်။ အချို့ က ဘုရားစာမရလို့ အခုမှ ၀ယ်လာတဲ့ ဘုရားစာအုပ်ကို အလွတ်ကြက်နေတယ်။ တစ်ယောက်ကတော့ ဖဲထုတ်နဲ့  ဗေဒင်တွတ်နေတယ်။ကျနော်နဲ့ တစ်ခန်းတဲနေတဲ့ အကိုကတော့ ခဏထွက်လာပီးတော့ ဘာလုပ်မို့ လည်းလို့ မေးတယ်။ ကျနော်ကတော့ ရိုးရိုးလေးပဲ ပြန်ဖြေလိုက်ပါတယ် စိန်ခေါ်မလို့ ။သူက ဘာမှ ပြန်မပြောပါဖူး သူ့ အခန်းထဲသူပြန်ဝင်သွားပါတယ်။ ဒီလိုနဲ့ ကျနော် တစ်ယောက်တည်း ထိုင်သောက်လိုက် တောင်ပြောမြောက်ပြောလိုက် ၊ ဇရှိရင် ထွက်ခဲ့လို့ ပြောလိုက်၊ နစ်သစ်ရောက်တော့မှာ လာနှုတ်ဆက်ပါဦးလို့ ပြောလိုက်နဲ့  နောက်တော့ တော်တော် မူးသွားလို့ သိပ်တော့မမှတ်မိတော့ဖူး ( သူငယ်ချင်းတွေ ပြန်ပြောတာကတော့ တော်တော် ကျမ်းတယ်ဆိုပဲ ဟိ)။ နောက်ဆုံး ကြောက်တဲ့သူတွေကလည်း ကြောက်လာကြတော့ ကျနော့်ကို ချော့မော့ပီး အိပ်ဖို့ ဇွတ်ခေါ်တာတော့ မှတ်မိလိုက်တယ်။ အဲနေ့ ညက ကျနော်တို့ တဖွဲ့ လုံး တစ်ခန်းထဲမှာပဲ စုအိပ်ဖြစ်ကျတယ်။ ဒီလိုနဲ့ ညတော်တော်မိုးချုပ်တော့ ( ဘယ်အချိန်လည်း မသိတော့ပါ ) ကျနော်နဲ့ တစ်ခန်းထဲနေတဲ့ အကိုက ကျနော့်ကို နိုးတယ်။ ကျနော်လည်း အိပ်ချင်မူးတူး ( အမူးကလည်း မပြေသေးဖူး) နဲ့ ထပီးတော့ ဘာလည်းလို့ မေးတော့ သူက ဘာမှ မဟုတ်ဖူးတဲ့ ။ လာ ငါ့တို့ အခန်းငါတို့ ပြန်အိပ်ကျဇို့ ဆိုပီးတော့ အတင်း ဆွဲခေါ်သွားတယ်။ ကျနော်လည်း အူလည်လည်နဲ့ ပါသွားတာပေါ့လေ။ အခန်းထဲရောက်တော့ ကျနော့်ကို အ၀တ်အစားတွေ ပေးတယ် မင်းအ၀တ်လည်းလိုက်ဦးတဲ့ ။ ကျနော်လည်း ဘာလို့ လည်းလို့ မေးတော့ မင်းတစ်ကိုယ်လုံး စိုနေတယ်တဲ့ ၊ ငါလည်းစိုနေတယ်တဲ့ ။ ကျနော်ကိုယ့်ကိုကိုပြန်စမ်းကြည့်တော့ ဟုတ်တယ် ရေချိုးထားသလိုကို စိုနေတာ။ မူးမူးနဲ့ များ သေးပေါက်မိသလားလို့ နမ်းကြည့်တော့လည်း ဘာနံ့ မှ မရဖူး။ ကျနော်လုပ်နေပုံကို ဘေးကကြည့်ပီးတော့ သူကပြောတယ် ရေတွေပါတဲ့။ ဘယ်ကရောက်လာလည်း မေးမလို့ ရှိသေး ဟိုအခန်းထဲကကောင်တွေဘာ နိုးလာကျတယ် ၊ သူတို့ အားလုံးလည်း ရွှဲရွှဲစိုလို့ ။ ကျနော်တို့ လည်း ဟိုဘက်အခန်းကို ကူးသွားလိုက်ပီး အားလုံးမျက်နာချင်းဆိုင်လိုက်ကျတယ်။ ဘယ်သူမှ ဒီရေတွေ ဘယ်က ရောက်လာမှန်း မပြောတတ်ကျဖူး။ မျက်လုံးတွေထဲမှာတော့ တခုခုကို နားလည်နေကျသလိုမျိုး ကျနော့်ကို ၀ိုင်းကြည့်နေကျတယ်။ အဲဒီအချိန်မှာပဲ ရေချိုးခန်းထဲက ရေဖွင့်သံကို အားလုံးကြားလိုက်ကျတယ်။ ရေတွေမှ တဝေါဝေါကို မည်လို့ ညအချိန် ချောက်ချားစရာကြီး။ ကျနော်က ရေချိုးခန်းထဲ ရေမပိတ်မိခဲ့လို့ အခုချိန်မှ ရေပြန်လာတာနေမှာလို့ အားပေးလိုက်ပီး ပြန်သွားပိတ်ဖို့ ဓါတ်မီးကို ယူလိုက်တဲ့အချိန်မှာတော့ သူရဲအလွန်ကြောက်သူ မွှေးနီက အခန်းတံခါးစီပြေးပီးတော့ သော့ချထားလိုက်တယ်။ ပီးတော့ ဒီအခန်းထဲက ဘယ်သူမှ လည်း မထွက်ရသလို ဘယ်သူမှလည်း မ၀င်ရဖူးလို့ ဒေါသသံကြီးနဲ့ ပြောပါလေရောဗျာ။ ကျနော်ကလည်း အကျိုးသင့်အကြောင်းသင့်ရှင်းပြရတော့တာပေါ့။ ရေတွေ လျှံနေရင် နောက်နေ့  ဆေးရုံအုပ်နဲ့ ကွိုင်တတ်မယ်ဆိုတာကိုလေ။ ကျန်တဲ့ သူတွေကတော့ ဘာမှ ၀င်မပြောကျဖူး မွှေးနီကိုရော ကျနော့်ကိုရော။ သူ့ ဟာသူ ပုတီးစိတ်တဲ့သူက ပုတီးပြန်စိတ်နေတယ် ။ နောက်ဆုံးတော့ မွှေးနီ တံခါးကို ဖွင့်ပေးဖို့ သဘောတူလိုက်တယ် ဒါပေမဲ့ ပြန်မ၀င်ရဖူးတဲ့။ ကျနော်ကလည်း ကောင်းပီ ရေပိတ်ပီးရင် ကိုယ့်အခန်းကို ပြန်အိပ်ပမယ်လို့ ပြောမှ တံခါးဖွင့်ပေးတယ်။ ကျနော်နဲ့ အတူနေတဲ့ အကိုကတော့ စိတ်မချလို့ လားမသိဖူး ကျနော့်ကို တစ်ယောက်တည်းမလွှတ်ဖူး သူကော လိုက်ခဲ့မယ်ဆိုပီးတော့ ဓါတ်မီးယူပီးလိုက်လာတယ်။ ကျနော်တို့ နစ်ယောက် ရေချိုးတံခါးနားလည်းရောက်ရော ရေသံက ချက်ချင်းတိတ်သွားတယ်။ ရေချိုးခန်းထဲဝင်ကြည့်တော့လည်း ပကတိ တိတ်ဆိပ်လို့ ။ ရေတောင် လှုပ်မနေဖူး။ တစ်ယောက်မျက်နာတစ်ယောက် ကြည့်ပီးတော့ ကျနော်တို့ ကိုယ့်အခန်းကို ပြန်လာကြတယ်။ အခန်းဝရောက်တော့ ရေတွေ တဝေါဝေါ ပြန်ကျပါလေရော။ ပီးတော့ အခန်းမျက်နှာကြပ်ပေါ်မှာ တ၀ုန်းဝုန်းနဲ့ ဖြတ်ပြေးသံတွေ ဆူညံသွားတယ်။ ဟိုဘက်ခန်းက ပိတ်ထားတဲ့ တံခါးကြီးကလည်း သူ့ အလိုလို ၀ုန်းဆိုပီး ဆောင့်ကန်လိုက်သလို ပွင့်ထွက်သွားတယ်။ အထဲမှာ ဟိုကောင်တွေ ငုတ်တုတ်ထိုင်လျှက်သားနဲ့ ပွင့်သွားတဲ့ တံခါးအပြင်ဘက်က ကျနော်တို့ ၂ယောက်ကို ကြောင်ပီးတော့ ကြည့်နေကြတယ်။ ပုတီးစိပ်တဲ့သူကလည်း မစိတ်နိုင်တော့ပဲ ထပီးတော့ ကျနော်တို့ ရပ်နေတဲ့ နေရာကို ပြေးလာတယ်။ ကျန်တဲ့သူတွေကလည်း အသိဝင်လာပီး ကျနော်တို့ စီကို ပြေးလာတယ်။ ပီးတော့ မွှေးနီက သူဘယ်လိုမှ မနေနိုင်တော့ဘာဘူးလို့ သွေးပျက်နေတဲ့အသံကြီးနဲ့ ပြောပီး နံရံကို လက်သီးတွေနဲ့ ဆက်တိုတ်ထိုးနေပါလေရော။မနည်းဝိုင်းဆွဲလိုက်ရတယ် ( သူက သူရဲသာကြောက်တာ လူကြီးက ကျနော်တို့ ၃ဆလောက်ရှိတယ် ပီးတော့ လူမိုက် :P ) ။ ငြိမ်သက်နေတဲ့ လေတွေကလည်း ရုတ်ချည်း တအား တရကြမ်း တဝေါဝေါမည်ဟိန်းသံကြီးနဲ့ အတူ တိုတ်ခတ်လာပါတော့တယ်။ သစ်ရွက်ကြွေတွေက အဆောင်ထဲကို ပလူပျံလာသလို အတားအစီးမဲ့စွာ ၀င်ရောက်လာပါတော့တယ်။ ဖယောင်းတိုင်မီးတွေလည်း ငြိမ်း၊ ဓါတ်မီးကလည်း ကျနော်တို့ ၂ယောက်ကပဲ ခုနက ယူလာမိတော့ အဆောင်ကြီးက ဓါတ်မီးထိုးထားတဲ့နေရာကလွဲရင် အမှောင်အတိဖုံးသွားပါတော့တယ်။ ဘယ်ပြောကောင်းလိုက်မလည်း အားလုံး ကိုယ့်အထုတ်စီကိုပြေးယူပီးတော့ တံခါးသော့ကို ရိုက်မဖြုတ်ယုံတမယ် ဇွတ်အတင်းဖွင့် အဆောင်အပြင်ဘက်ကို ပြေးထွက်ကျတော့တာပေါ့။ ဆေးရုံရဲ့ ရှေ့ မှာအားလုံး ငူငူငိုင်ငိုင်နဲ့  စကားတစ်လုံးမှ မပြောပဲ လာခေါ်မဲ့ကားကိုစောင့်နေကျရတော့တာပေါ့။ နောက်ဆုံးကားမီးလေး ကို မြင်လိုက်တော့မှ အားလုံးက သက်ပြင်းလေးကို ခိုးချပီးတော့ မွှေးနီက တိုးတိုးလေး ရေရွတ်တယ်။ နတ်မောက်ဆိုတဲ့ အသံကိုလည်းမကြားချင်တော့သလို ဘယ်တော့မှလည်း နတ်မောက်ဆေးရုံက သံဃာဆောင်ကိုလည်း မလာတော့ဖူးတဲ့လေ။ ကျနော်အပြန်ကားပေါ်ကနေ ဆေးရုံကြီးကို အလွမ်းပြေကြည့်မိလိုက်သေးတယ်…………………. မျက်လုံးစိမ်းနဲ့ ကောင်မလေးများ လက်ပြနေမလားလို့ လေ………………….. ( ကျနော်အခုထိ ဝေခွဲလို့ မရသေးဖူးခင်ဗျ။ ကျနော်တကယ်သူ့ ကို မြင်ခဲ့တာလား၊ ဒါမှမဟုတ် မူးမူးနဲ့ မြင်ချင်တာကို မြင်ခဲ့တာလားဆိုတာ။ ကျနော်ကိုယ့်တွေ့ ဖြစ်ရပ်လို့ ပြောရရင်လည်းခက် မဟုတ်ဖူးလို့ ပြောရလည်းခက်နေလို့ ပါ။ ကျနော့်သူငယ်ချင်းတွေက အရမ်းအခြောက်ခံရပီး ကျနော်ကျတော့ သူရဲအခြောက်ခံရပါလားဆိုတာကို ယုံဖို့ ခက်နေလို့ ပါ။ အားလုံးက တစ်ယောက်တစ်မျိုးမရိုးအောင်အခြောက်ခံနေရပေမဲ့၊ ကျနော့်ကျတော့ ခြောက်မသွားသလိုပဲ။
Hunter Hlaing Myo & ရွာတော်ရှင်
တစ်ခါ မကတော့သော တစ်ခါများ
******* တစ်ခါကပေါ့ကွာ အမှန်က တစ်ခါနှစ်ခါတော့ မကဘူးကွ **********************************္ဂ တနင်္ဂနွေ နေ့ ညတိုင်း နန်းရှေ့ ရွှေကျောင်းကြီး တောင်ဘက်က ပရဟိတ ၁၀ တန်း အခမဲ့ ကျူရှင်ကို လုပ်အားဒါန Guide သွားပြသေးတယ် နေတာကတော့ အောင်ချမ်းသာ ဘက်လောက်ကပေါ့ဗျာ မန္တလေးတောင် ပတ်ပြီးသွားရတာသိပ်တော့ မသက်သာ လှ ဘူး ဆိုင်ကယ်နဲ့ပါ ၉၅ စစ်တပ်နားကတော့ မီးတွေ ညဘက် လင်းနေတော့ Guide က အပြန် သိပ်ပြီး မကြောက်ရဘူး ကြောက်လည်း မကြောက်တတ်ဘူး ပြန်တာကတော့ ၁၁ ခွဲ ၁၂ ပဲ တစ်ခုပဲဗျ ၉၅ စစ်တပ်မရောက်ခင် မန္တလေးတောင် အရှေ့ကြော လမ်းက သိတဲ့အတိုင်း မှောင်တာမှမဲလို့ လူမပြောနဲ့ ခွေးတောင် မရှိဘူး လမ်း၂ ဘက်လုံး သစ်ပင်တွေ ၉၅ ဂိတ်ပေါက်ကျမှ မီးက လင်းတာ ကျန်တဲ့ နေရာက မီးမှမရှိတာ အချိန်လည်း ကြည့်ဦး ၁၁ ခွဲ ၁၂ တဲ့ ၉၅ ကွေ့က ယာဉ်တိုက်မှုဖြစ်တိုင်း မသာပေါ်တာ ခပ်များများရယ် တလောကလည်း ကောင်မလေးတစ်ယောက် သေတယ်ပြောတာပဲ ကြာပါပြီ အဲ့တုန်းကတော့ တစ်ပတ်လောက်ရှိဦးမှာပေါ့ ပြောကြတာတော့ဗျာ လမ်းကြုံလိုက်စီးတယ် ဆိုလားပဲ ပြီးရင် ပျောက်ပျောက်သွားတာတဲ့ ကံကကောင်းချင်တော့ဗျာ ကျုပ်က ပြန်တာ တစ်ယောက်တည်းဗျ ဆိုင်ကယ် ရှေ့မီးက ဖြစ်ချင်တော့ ပျက်နေတာ ဖုန်းမီးလေးနဲ့ဖြည်းဖြည်းလေး မောင်းရတာပေါ့ အချိန်က ၁၁ နာရီ ၅၀ မိနစ် ကျော်လောက်ပေါ့ဗျာ ၁၂ ထိုးတော့မှာ အဲ့ချိန်မှာ ဆိုင်ကယ်က 125 ထင်တယ် လဲနေတာ လူကတော့ ကုန်းထနေတာ ယောက်ျားတစ်ယောက်ဗျ အသက်က ၂၀ ကျော်လောက်ရှိဦး အင်္ကျီက လက်တိုနဲ့ ဂျင်း ကွာတားဝတ်ထားတာ အဲ့ဒါသရဲတော့ မဟုတ်ပါဘူး လူအစစ်ပါဆိုပြီး ကျုပ်ကိုကျုပ် သတိပေး လိုက်တယ် လမ်းကဘာမှမရှိတော့ အရှေ့ ကိုက် ၂၀၀ လောက် လှမ်းမြင် နေရတာပေါ့ အမှန်က မကြောက်တတ်ဘူး ပြောထားတဲ့ အရှိန်နဲ့မလို့ ဒါပေမယ့် သေတာက မိန်းကလေး ခုဟာက ယောက်ျားလေး ပြောလို့တော့မရဘူး ယောက်ျားလေးတွေ လည်း အရင်က ဂိထားတာပဲဗျ အတွေးတွေ နဲ့ တောင်တွေးမြောက်တွေးရင်း အင်္ကျီ အဝါ လေးနဲ့ ကောင်မလေး တွေ့လိုက်တယ် ညမလို့လား မသိဘူး ဖုန်းမီးနဲ့ထိုးမိတာ လှတာဗျာ ကံကောင်းချင်တော့ ဆိုင်ကယ်တားတာဗျ ရှေ့က လူက သရဲလား လူလား မသဲကွဲသေးဘူး ကောင်မလေးတစ်ယောက်တွေ့ရတော့ ပျော်သွားတာပေါ့ဗျာ ဝတ်ပုံစားပုံက အမျိုးကောင်းသမီး ပုံပါပဲ အတော်တော့ လှတယ် ချမ်းလို့လားမသိဘူး ကြက်သိန်းတွေ ထတာမှ ဖျင်းခနဲ့ ဖျင်းခနဲ ပဲ သူက အသံတိုးတိုး လေးနဲ့ပြောတယ် ညီမလေးဆိုင်ကယ် ပျက်သွားလို့တဲ့ ဘုန်းတော်တိုး ထိပ်ထိ ပို့ပေးပါလားတဲ့ ဒါနဲ့ ကျွန်တော် မေးလိုက်သေးတယ် ဆိုင်ကယ်ရော လို့ ဘယ်ဆိုင်မှာလဲ ကျူရှင်က တပည့်တွေ ယူခိုင်း ပေးရမလားဆိုတော့ မဖြေတော့ဘူး ဒါနဲ့မိန်းကလေး တစ်ယောက် ည၁၂နာရီ တောင်ခြေဘက် ရောက်နေတာ ဟိုလိုဟာတော့ ထင်မိတယ် ဒါပေမယ့် အဲ့အချိန်က တောင်ပြုန်းပွဲနားနီးတော့ တောင်ပြုန်း လာရင်း ဖြစ်တယ်မှတ်တာပေါ့ ညပိုင်းသွားကြတာမှ အများကြီးပါပဲ ဒါပေမယ့် မတ္တရာ လမ်းအတိုင်းသွားကြတာ များပါတယ် ၁၁ နာရီ ၁၂ နာရီထိ ကြိုကြားကြိုကြား သွားနေကြတာလေ ဒါပမယ့် ကူညီလိုက်ပါတယ် တက်ပါညီမလေး အကိုက ကျူရှင် သင်တာပါ ဘာညာဆိုပြီး တက်ခိုင်းလိုက်တယ် ပြီးတော့ ခဏနော် ဆိုင်ကယ်လဲတဲ့လူ မေးလိုက်ဦးမယ် ဆိုပြီး သူ့ကို ခဏဆင်းခိုင်းလိုက်တယ် သူက လမ်းဘေးမှာ ရပ်နေတယ် ဖုန်းမီးလေးဘာလေးတောင် ကိုင်မပေးဘူးလို့ ကျွန်တော် အပြစ်တင်နေတာပေါ့ စိတ်ထဲက ဟိုလဲတဲ့လူက တောင်ပြုန်းက ပြန်လာတာ ပွဲနေ့ဆို တိုးမရလို့ ပွဲမရောက်ခင် ကြိုသွားဆက်တာ လမ်းကျ နည်းနည်းသောက်လာတော့ မှောက်တာပါတဲ့ အဲ့လူကို ထူပေး ဆိုင်ကယ် နည်းနည်းပါးပါးကြည့်ပေးပြီးတော့ အဲ့လူလည်း ကျေးဇူးတင်ကြောင်း ပြောပြီး မောင်းသွားပါလေရော ကျွန်တော်လည်း ယောင်ပြီး ဆိုင်ကယ် ကောက်မောင်းတော့တာပေါ့ ပြီးမှ ဟိုကောင်မလေးကျန်သေးတယ် ဆိုပြီး လှည့်အကြည့် သူက ကျွန်တော့်နောက်မှာ ရုပ်ကဗျာ ဆံပင် တစ်ခြမ်းလေး ဖုံးနေတာ လှသလားတော့ မမေးနဲ့ နောက်တစ်ခါလှည့်ကြည့်တော့ လေကနည်းနည်း တိုက်သွားတယ်ဗျ လူကို မမြင်ချင်ယောင်ဆောင်ပြီး ဆိုင်ကယ်ရှေ့ကြည့် နေလိုက်ရတယ် တော်ရုံလူဆို ဆိုင်ကယ် မှောက်မှာ ဆံပင်တစ်ခြမ်းဖုံးနေတဲ့ဘက်ကို မြင်လိုက်ရတာကိုးဗျ မသိချင်ယောင်က လည်း ဆောင်ထားရသေးတယ် နို့မို့ဆို သူ့ကို သရဲမှန်းသိသွားပြီ ဆိုပြီး မထူးဇာတ်ခင်းပြီး ကျွန်တော့်ကို တစ်ခုခု လုပ်သွားမှာကြောက်တာ ဆိုင်ကယ်က မူမမှန်တော့ဘူးလေ လီဗာ ဇွတ်တင်ပြီး အသားကုန် ကြုံးတော့တာပဲ စိတ်ထဲကတော့ ပြောလိုက်တယ် ဘုန်းတော်တိုးထိပ်ရောက်ရင် ဆင်းပါတော့ဗျာ ကျုပ် ပရဟိတ လုပ် နေတဲ့ ကျူရှင်ဆရာပါဆိုပြီး ပြောမိတယ် သူက ကျွန်တော်စိတ်ထဲက ပြောတာကို ဘယ်လိုသိလဲမသိဘူး အင်းပါတဲ့ အဲ့ကျမှ သေရော ဟန်ကို မဆောင်နိုင်တော့ဘူး ရသမျှဘုရားစာ ရွတ်ဖို့ စိတ်ကူးလိုက်တယ် အရေးဆို သမ္ဗုဒ္ဓေ က အစမေ့နေတာ အဲ့အချိန်ဗျာ လက်အေးကြီးက ခါးလာဖက်တယ် လူကို သေချင်စိတ်ကို ပေါက်သွားတာပဲ ကျွန်တော့် အင်္ကျီ က ပါးပါးရယ် စာသင်တာဆိုတော့ အဖြူ စတစ် လေ လက်ကအေးစက်နေတာ ငါတော့ ဒီသရဲမနဲ့ ညားတော့မယ် ကွာ ဆိုပြီး ကြိတ်မှိတ် နေလိုက်ရတယ် သမ္ဗုဒ္ဓေ ကလည်း စဉ်းစားလို့ကို မရတော့ဘူး သူကအာ့လိုလုပ်လိုက်တော့ သူက လူအနား တိုးပြီးကပ်ထိုင်တယ်ဗျ ကျွန်တော်တစ်ခုပဲ ပြောလိုက်တယ် မလုပ်ပါနဲ့ဗျာ ကြောက်လို့ပါ လို့ ဟုတ်တယ် လူက ချွေးတွေထွက်ပြီး ခေါင်းတွေက မူးနေပြီ အားကို မရှိတော့ဘူး အဲ့ဒါနဲ့ ဘုန်းတော်တိုးထိပ်လည်း ရောက်လာပါလေရော သွားပြီနော်တဲ့ ဆိုက်ကယ်လည်း ပေါ့သွားတယ် အိမ်လည်းရောက်ရော အိမ်ရှေ့က ပန်းအိုး ဝင် ကြုံးမိတော့တာပဲ တံခါးက သော့မခတ်ပါနဲ့ ပြောထားတာ အိမ်က တနင်္ဂနွေ တိုင်း ပြောထားတာကို ခတ်ခတ်ထားတယ်လေ ခါတိုင်းကတော့ တစ်နာရီလောက် အော်နှိုးပြီးစောင့်ပါတယ် ဒီနေ့တော့ တံခါးဆောင့်ကန်ပြီး လူနဲ့တိုက်ဖွင့်တာ ပတ္တာတွေရော ကျိုး သော့လည်း ဘယ်ရောက်မှန်းမသိ အဲ့ကျမှ အိမ်က လူတွေ နိုးပြီး ဗျောက်ဖောက် ပါလေရော သရဲတွေ့လာတာဗျ မသိရငိအသာနေ သရဲပါလာလို့ ဆိုပြီး ပြောပြောဆိုဆို ဘုရားစင်က ရေမန်းဘူးလည်း ကောက်မော့ရော ခုနက တံခါးရိုက်ချိုးလို့ ဆူမယ့်လူတွေ ပါးစပ်ပိတ်သွားပါလေရော နောက်နေ့ကစပြီး ကျုပ်မလာမချင်း တံခါးသော့မခတ် ထားတော့ဘူးဗျ သရဲမလေး ကျေးဇူးပေါ့ဗျာ လေးစားလျှက်
Post by:မောင်မိုးတိမ်
Subscribe to:
Posts (Atom)