Wednesday, February 11, 2015

သတိကြောတ်တတ်သူများ မဖတ်ရ

တစ္ဆေ၊သရဲ ဆိုတာကို ကျွန်တော့် အနေနဲ့ တော့ယုံသည်လဲ မဟုတ် မယုံ သည်လဲ မဟုတ်တဲ့ လူစားထဲ မှာပါ ပါတယ်။ဒါပေမယ့် လဲ ကျွန်တော် မြင်ဖူး ကြားဖူးတာ လေးတွေ ကို လာလည် သူတွေ အတွက် အပျင်းပြေ အပျော် ဖတ် လို့ ရအောင်တင်ပြလိုက် ပါတယ် ကိုယ့်ဘာသာ ကိုယ်သာ စဉ်းစား ချင့်ချိန် ကြပါ ခင်ဗျာ.....။အခု အဖြစ် အပျက်လေး ကတော့ ကျွန်တော့် အမ များ ရန်ကုန် တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေ စဉ်က သူတို့ သူငယ်ချင်း တယောက် ကြုံတွေ့ ခဲ့ရတဲ့ အဖြစ် အပျက်လေးပေါ့ဗျာ....အချိန်က...၁၉၈၀ ဝန်းကျင်.........။ မေ တယောက် ဆရာသင်ခဲ့ သောသင်ခန်းစာ များကို ဘလက်ခ်ဘုတ် ပေါ်မှ ကူးရေး နေခြင်း ကိုအပြီးသတ်လိုက် ပြီး ဘေးဘီကို ကြည့်လိုက် ချိန်မှာတော့ စာသင်ခန်း တွင်းဝယ် မည်သူမှ မရှိတော့ ရာသီဥတု ကလဲ မိုးတွင်းမို့ အုံ့ ဆိုင်းနေ သဖြင့် စာသင်ခန်း တွင်းတွင် မှောင်ရီသန်း နေသည်......မေ လဲ ကြောက်သလို ဖြစ်လာသဖြင့် ပစ္စည်းများ ကိုလွယ်အိတ် ထဲ အမြန် ထိုးထည့်လိုက် ပြီး စာသင်ခန်း တွင်းမှ အမြန်ထွက် လာခဲ့မိသည် စိတ်ထဲမှ လဲ သူ့ ကိုမစောင့်ဘဲ ထွက်သွား ကြတဲ့ သူငယ်ချင်း များကို စိတ်ဆိုးနေ မိသည်.၊စာရေးနှေး သည့်ကိုယ့် ကို ကိုယ် လဲ အပြစ်တင်ရင်း ကော်ရစ်ဒါ မှ တဆင့် လှေကားထစ်များ အတိုင်း ဆင်းလာခဲ့ရာ ဘွဲ့ နှင်းသဘင် လမ်းမပေါ် ထွက်သည့် စာသင်ဆောင် အပေါက်ဝသို့ အရောက် တွင် တချိန် လုံး အုံ့ ဆိုင်းနေ သည့်မိုးက ရွာချလိုက် ပါပြီ...။ မေလဲ ကားဂိတ် အထိ မိုးရွာထဲ လမ်းလျှောက် ရမည့် အရေးကို တွေးရင်း စိတ်ညစ်ညစ် နဲ့ လွယ်အိတ် ထဲ ကထီးကို စမ်းလိုက်ရာ....“ဟင်..ဒုက္ခပါဘဲ အလောတကြီး နဲ့ ပစ္စည်းတွေ သိမ်းလိုက်တာ ထီး မေ့ကျန် ခဲ့ပြီ စိတ်ညစ်လိုက်တာနော် ဒီနေ့ အဆင်ကိုပြေဘူး”....စိတ်ထဲ ကလဲ ပြောရင်း အပေါ်ထပ် စာသင်ခန်း မကို မေ တယောက် ပြန်တက်လာ ခဲ့ရပြန်တော့သည်....။ စာသင်ခန်း မ အရှေ့သို့  အရောက်တွင် လူတယောက် စာသင်ခန်း ထဲ တံမြက်စီးလှဲ နေသည် ကို တွေ့လိုက်ရသ ဖြင့် မေ လဲ အားတက် သွားပြီး စိတ်ထဲက “တော်ပါသေးရဲ့ သန့် ရှင်းရေး သမား ရောက်နေလို့ ”...ထိုလူ တံမြက်စီး လှဲ နေသော နေရာမှာ မေ့ ခုံဘေး ဖြစ်နေ သဖြင့် ထီး ကို ထိုသန့့် ရှင်းရေး သမား များ တွေ့ သွားပြီလား စိုးရိမ်စိတ်ဖြင့် သွက်သွက် ကလေး သွားလိုက် ရာ ခုံရှိရာသို့ အရောက် သန့် ရှင်းရေး သမားက အခြား ဘက်လှည့် သွား သဖြင့် ထိုသူ၏ ကျောပြင်ကို မြင်လိုက် ရသည့် တခဏ မေ လိပ်ပြာလွင့် ထွက်မတတ် ဖြစ်သွားရတာကတော့ “အမလေး ကျောကုန်းကြီးက ဟောင်းလောင်း ပေါက်ကြီး အထဲမှာ လဲ အူ၊အသဲ၊ကလီစာ ဘာဆိုဘာမှမရှိပါလား”...။ မေ..ဘာမှ မသိတော့ပါဘူး ထီးလည်း မယူနိုင်တော့ဘူး သွေးရူး သွေးတန်း နဲ့ ကော်ရစ်ဒါ တလျှောက် အဲဒီက တဆင့် လှေခါး ထစ်များ အတိုင်း ပြေးဆင်း လာမိခဲ့ ပါတော့တယ်..အောက်ထပ် ကို အရောက်မှာတော့ ဆရာ ဖြစ်ဟန် တူတဲ့ လူကြီး တယောက် စာသင်ခန်း တခု အတွင်းမှ ထွက်လာ တာတွေ့ လိုက်ရလို့ အားကိုးတကြီးနဲ့ ပြေးကပ် သွားလိုက် ပြီး “ဆရာ...ဆရာ...အပေါ်ထပ် က သမီးတို့ စာသင်ခန်း ထဲမှာလေ သမီး ကို သရဲ ခြောက် လို့ ”...လူကြီး က ပြန်မေး ပါတယ် “မင်း ကို သရဲခြောက် တယ်လို့ ဆိုရ အောင် ဘာတွေမြင်လို့ လဲ...” မေ..လဲ..“ဆရာ အဲဒီ လူကလေ ကျောက ဟောင်းလောင်း ပေါက်ကြီး အထဲမှာလဲ ဘာမှမရှိဘူး..”လို့ ပြန် ဖြေလိုက်တဲ့ အချိန်မှာ..လူကြီး က “အော် ဒါဆို ဒီလို မျိုးလား ”ပြောပြောဆိုဆို မေ့ဘက် ကိုသူ့ ကျောပြင် ကြီး လှည့်ပြလိုက် တယ် ဆိုရင်ဘဲ.........။ မေ..တယောက် အသံကုန် အော်ဟစ်လိုက် မိပါတော့တယ် ဒါပေမယ့် အသံက လည်ချောင်း ထဲတင် ပျောက်သွား ပြီး အပြင်ကို ထွက်မလာနိုင် တော့ပါဘူး....မေ့ ရဲ့ အသိစိတ် တွေ အမှောင် ကမ္ဘာထဲ တိုးဝင် သွားရင်း နောက်ဆုံး အမှတ် ရလိုက်တာ ကတော့.....“ဒီ..ဒီလူကြီး လည်းကျောမှာ ဟောင်းလောင်း အပေါက် ကြီး နဲ့ ဆိုတာ ကိုပါဘဲ ”......။

Credit : Shwemyotaw
Read More »

ခြောက်ခြားဖွယ်ရာည

ကျွန်တော်တို့ မြန်မာပြည်တွင် အသုဘအိမ်ဆိုလျှင် လူသေပြီး ရက်မလည် မခြင်း ( ၇ )ရက် မပြည့်မခြင်း ညတိုင်း ဖဲဝိုင်းရှိတတ်သည် ။ အသုဘအိမ်တွင်ကစားသော ဖဲဝိုင်းကို ရဲမဖမ်းချေ အိမ်ရှင်ကပင် လိုလိုလားလားဖြင့်ပင် ခွင့်ပြုပြီးသကာလ စားသောက်ဖွယ်ရာများဖြင့်ပင် တည်ခင်းဧည့်ခံတတ်သေးသည် ။ ထို့ကြောင့် ဖဲကစားတာ ဝါသနာပါသူတို့က မိမိတို့နေထိုင်ရာ ရပ်ကွက် (သို့) မြို့တွင်း၌ အသုဘအိမ်ရှိမရှိကို လိုက်လံ နားစွန့်နေတတ်ကြသည် ။ အသုဘအိမ်ရှိပါက ( ၇ ) ရက်မပြည့်မခြင်း ညစဉ်သွား၍ ရိုက်ကြသူများလည်းရှိ၏ ။ အကယ်၍ တစ်စုံတစ်ယောက်က အသုဘ အိမ်တွင် ဘာကြောင့် ဖဲဝိုင်းရှိသလဲ ဘယ်တုန်းက စပေါ်ခဲ့တဲ့ ဓလေ့လဲ ဟုမေးလာပါက တိတိပပ ဖြေနိုင်သူ အင်မတန် နည်းပေလိမ့်မည် ။ ကျွန်တော်ကိုယ်တိုင်လည်း တိတိပပ မဖြေနိုင်ပါ သို့ပေမယ့် ကျွန်တော် စိတ်အထင်အတိုင်း ချရေးပါမည် သဘောမတူနိုင်လျှင်လည်း ကိစ္စမရှိပါ ။ မိသားစု တစ်စုတွင် မိသားစုဝင် တစ်ဦးဦး သေခဲ့ပါက ထိုလူသေ အလောင်းအား အနည်းဆုံးတော့ သုံးလေးရက် ထားတတ်ကြသည် ။ ထိုအခါ မိမိတို့ မည်မျှပင် ချစ်ခင်အားကိုးသောသူ ဖြစ်စေအုံးတော့ ညအိပ်သည့် အခါတွင် အိမ်၌ လူသေအလောင်းကောင်ကြီးရှိနေသောကြောင့် ကြောက်စိတ်တော့ ဖြစ်ကြပေမည် ။ ( သေပြီးသောလူသေသည် ဖုတ်မကောင်းဆိုးဝါးဝင်ပူးကာ ထ၍စားသောက်ဖွယ်ရာများ ယူစားခြင်း လူတို့အား နှိပ်စက်ခြင်း စသော ပုံပြင်များသည် ယနေ့ခေတ်လူငယ်များထိတိုင်ပင် ခြောက်လှန့်နေဆဲ ဖြစ်သလို အကယ်၍ အာဠာဝက ၊ ပုဏ္ဏက စသော အထက်လမ်း အောက်လမ်း ဆရာတို့၏ အစီအရင်ဖြင့်လောကီဆေးများ စုတ်ထိုးထားသော သူသေပါက ၄င်း အလောင်းအား ကြောင်အနက်က ဖြတ်ကျော်ခဲ့လျှင် ပြန်ထတတ်သည်ဟူသော့ အယူအဆကြောင့် လူသေအား သေပြီဆိုတာ သေချာသည်နှင့် မကောင်းဆိုးဝါး ဝင်ပူး၍ ဒုက္ခမပေးစေရန် လောကီနည်း အစီအရင်ဖြင့် လည်းကောင်း ပရိတ်ကြိုးဖြင့်လည်းကောင်း ခြေမ ခြင်းပူးချည်ထားသော အလေ့အထ သည်ယနေ့ထိတိုင် ရှိနေတတ်ကြသည်မှာ မငြင်းနိုင်ချေ ။ ) ယနေ့လို သိပ္ပံပညာ တိုးတက်နေသော ခေတ်တွင်ပင် ၄င်း အယူအဆလေးတွေ မစွန့်ပယ်နိုင်ကြသေးလျှင် ရှေးကဆို ပိုမို၍ အယူသည်းကြောက်လန့်ကြမည်မှာ ဆိုဖွယ်ရာမရှိချေ ။ ထိုသို့သော အယူအဆများကြောင့် အသုဘရှင်များ ကြောက်လန့်အားငယ်ခြင်း မဖြစ်စေရန် ရပ်ထဲ ရွာထဲမှ လူများ ညဘက်တွင် လာရောက် စောင့်ပေးကြပေမည် ။ ထိုအခါ လူတို့ ညဘက်တွင် အိပ်ငိုက်ခြင်း မဖြစ်စေရန် လောင်းကစားရာတွင် ဝါသနာထုံလေ့ရှိကြသော လူတို့၏ အကျင့်အရ ဖဲ သို့မဟုတ် အခြားသော လောင်းကစားနည်းဖြင့် ခြောက်ခြားဖွယ်ရာညကို ဖြတ်သန်းဖို့ စိတ်ကူးရရှိခဲ့ဖြင်းဖြစ်ပေမည် ။ ထိုမှတဆင့် ယနေ့တိုင် အစဉ်အလာ မပျက် အသုဘ အိမ်ဆိုလျှင် ဖဲ ဝိုင်းသည် အလိုအလျောက် ပေါ်ပေါက်လာတတ်စမြဲ ဖြစ်ပေမည် ။ ရန်ကုန်မြို့စွန်တစ်နေရာတွင် ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း တစ်ယောက် ငယ်ငယ်ရွယ်နှင့်ဆုံးပါးသွားရှာလေသည် ။ ၄င်းမှာ မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သောကြောင့် အမေတစ်ခု သားတစ်ခုဘဝသာဖြစ်၍ ၄င်းသေဆုံးသွားသည့် အခါ လုပ်ကိုင်ပေးမည့်သူ မရှိသောကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ကြသော နိုင်ထူး ၊ သံလွင် ၊ မျိုးသက်ပိုင် ၊ သြကာ စည်သူ ၊ ဝင်းမင်းဦး စသောသူတို့သည် အလျှိုလျှိုရောက်လာကြရတော့သည် ။ မိခင်အိုကြီး တစ်ဦးတည်းရှိသောအိမ်ဖြစ်သောကြောင့် အစစ အရာရာ ကျွန်တော်တို့ကပင် တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်ရလေတော့သည် ။ သို့နှင့် ညချမ်းရောက်လာသည့်အခါ အလောင်းကို စောင့်ရန်အတွက် ဖဲဝိုင်းစီစဉ်ရလေတော့သည် လျှပ်စစ် ကျွမ်းကျင်သူ နိုင်ထူးမှာလည်း မီးပျက်သွားပါက အသင့်သုံးရန် မီးစက် ငှားလာခဲ့ကာ မီးဆင်ထားသည် ။ ရပ်ကွက်ထဲမှ နီးစပ်ရာ လူငယ် လေးငါး ဆယ်ယောက်ခန့် လာရောက်၍ မသာစောင့်ရင်း ဖဲရိုက်ကြလေသည် ။ အိမ်မှာလည်း အနည်းငယ်ကျဉ်းသောကြောင့် ဖဲ့ဝိုင်းသုံးဝိုင်းနှင့်ပင် အိမ်ဧည့်ခန်း ပြည့်လုနီးဖြစ်သွားသည် ။ ဆင်းရဲ နွမ်းပါသော အိမ်ဖြစ်သောကြောင့် လူသေ အလောင်းမှာလည်း ခုတင် မရှိ၍ ကြမ်းခင်းပေါ်မှာပဲ ထားရသည် ။ ကျွန်တော်တို့တစ်တွေ လူသေအလောင်းရဲ့ မနီးမဝေး အနေအထားတွင် ဖဲဝိုင်းထောင်၍ ရိုက်ကြလေသည် ။ မောင်သံလွင် ဒိုင်ကိုင်သည့် ဝိုင်းမှာ အခြေအနေမကောင်း ထို့ကြောင့် ည ၁၂ နာရီခန့်တွင်ပင် ပါသမျှ တက်တက်ပြောင်အောင် ကုန်သွားလေသည် ထို့ကြောင့် သစ်ကိုင်းလက်လွတ်ဖြစ်ကာ မြေပေါ်ကျသော မျောက်ကို မျောက် အသိုင်းအဝိုင်းက ဝိုင်းကျဉ်သကဲ့သို့ ဖဲဝိုင်းမှ လူများလည်း သူ့အား ဖဲဝိုင်းနားကပ်ခွင့်မပေးတော့ချေ မောင်သံလွင်မှာ အိမ်ပြန်ယူရမှာလည်း ကြောက်သောကြောင့် ချောင် တစ်ချောင်တွင် ကုပ်၍ နေရရှာလေတော့သည်။ ထို့နောက်တွင် ဖဲဝိုင်းတွင် အားသန်နေကြ၍ မောင်သံလွင်အား မည်သူမျှ ဂရုမပြုမိကြတော့ချေ အကယ်၍ ထိုအချိန်ပင် လူသေအလောင်းထလာလျှင်ပင် ဂရုစိုက်မိမည်မဟုတ်ချေ မီးကလည်း လင်းထိန်နေပြီးလျှင် ဖဲဝိုင်းမှာ အားသန်၍ မဲ နေကြသည်ကိုး … ။ ဒီလိုနှင့် ည ၂ နာရီအရောက်တွင် မီးများပျက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးမည်းသွားလေသည် ထိုအခါနိုင်ထူးမှာ ဆဲဆို၍ ဖဲဝိုင်းမှ ထ သွားပြီးလျှင် မီးစက်ရှိရာသို့ထွက်သွားလေသည် ။ မီးပျက်ပြီး မှောင်မည်းသွားကာမှ ဖဲဈာန်တက်နေသော ကစားသမားများသည် ဖဲ ဈာန်များပျောက်ကွယ်ကာ မိမိတို့လက်ရှိအခြေအနေကို ဂရုစိုက်မိသွားပြီး လူသေအလောင်းသာ ဒီအချိန်ထလာခဲ့ရင် ဆိုသော မယုံမရဲ အတွေးလေးကိုယ်စီနှင့် ကြောက်လန့်ငြိမ်သက်စွာ အမှောင်ထဲတွင် ထိုင်နေမိကြသည် ။ လ ကမသာပေမယ့် အလင်းရောင် အနည်းငယ်ရှိသောကြောင် လူတွေ အခြင်းခြင်း လူလုံးမကွဲပေမယ့် ခပ်ရေးရေးလေးတော့ မြင်နေရသည် ။ နိုင်ထူး မီးစက်နိုးပြီး မီးလင်းလာမည့် အချိန်ကိုစောင့်ရင်း မသိမသာ အလောင်းဘက်ကို အာရုံစိုက်နေမိခိုက်တွင် အလောင်းရှိရာ နေရာမှ ရုတ်တရက် “ ဟီး … ” ဆိုသော ညဉ်းသံပေးကာ ကမန်းကတန်း ထလာသဖြင့် ရှိသမျှလူများ ဆံပင်မွှေးများထောင်အောင် ကြောက်လန့်သွားကာ အသံမျိုးစုံဖြင့် အော်ဟစ်လျက် အိမ်ပေါ်မှ ဝရုန်းသုန်းကား ခုန်ချ ထွက်ပြေးကြလေသည် ။ အောက်မှ နိုင်ထူးကလည်း ဘုမသိ ဘ မသိဖြင့်လိုက်ပြေးရလေသည် ။ ထိုအချိန်တွင်မှ ပတ္တရောက်လည့်လာသော ရဲများနှင့်တွေ့ကာ ဘာဖြစ်တာလဲ ဟုဝိုင်းမေးသည် ထိုအခါ မျိုးသက်ပိုင်မှ သတ္တိရှိစွာဖြင့် “ အ အလောင်းကောင် ထလာလို့ဗျ ” ဟုတုန်တုန်ယင်ယင်ဖြင့် ဝင်ဖြေလိုက်သည် ။ မေးမြန်းလာသော ရဲ အရာရှိသည်ပင် အံ့အားသင့်သွားရသည် ယုံရခက် မယုံရခက်ဖြစ်နေသည် ထိုအခိုက်မှ လျှပ်စစ်မီးများ ပြန်လင်းလာသဖြင့် အသုဘ ရှိရာအိမ်သို့ ပြန်သွားကြရန် ရဲအရာရှိမှ တိုက်တွန်းသဖြင့် အားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လာရလေသည် ။ အသုဘ အိမ်သို့ရောက်သော် အလောင်းမှာ နေရာမယွင်း မူလ အနေအထား မပျက် ထိုအခါ ရဲအရာရှိမှ “ ဒါဆို မင်းတို့ထဲက တစ်ယောက်ယောက်နောက်တာပဲ နေမှာ မင်းတို့လူတစ်တွေ ဖဲစရိုက်ကတည်းက ဒီလူတွေပဲလား အဝင်အထွက် ဘယ်သူရှိသလဲ မသင်္ကာစရာလူ ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ ပြန်စဉ်းစားကြည့်ကြစမ်း ” ဟုဆိုလာသဖြင့် အားလုံးထဲမှ လူကြီးဖြစ်သော ကိုဝင်းမင်းဦးမှ ဖဲဝိုင်းမှ စောစောစီးစီးပျောက်သွားသော မောင်သံလွင်ကို သတိထားမိသွားသည် ။ ထို့နောက် မောင်သံလွင်ကို လိုက်ရှာကြည့်ရာ လှေခါးရင်းတွေ ခွေခွေလေးလဲကျနေကာ ညဉ်းညူနေသည်ကိုတွေ့ရသည် ။ ထို့ကြောင့် ကိုဝင်းမင်းဦးမှ မောင်သံလွင်ကိုမေးလိုက်သည်။ “ ဟေ့ကောင် မင်းဖဲဝိုင်းကနေ စောစောစီးစီးထွက်သွားပြီး ဘာလုပ်နေတာလဲ ဘယ်သွားနေတာလဲ ” ဟုမေးရာ မောင်သံလွင်မှ “ ကျွန်တော်လည်း ပါသမျှ ပိုက်ဆံကုန်သွားတော့ ဖဲဝိုင်းနားကပ်လို့ မရတော့တာရယ် နေ့လည်က အလုပ်ပင်ပန်းနေတာကြောင့် အိပ်ချင်လာတာနဲ့ လွတ်တဲ့နေရာရှာပြီး အိပ်မလို့နေရာကြည့်တော့ အလောင်းထားတဲ့နေရာနားမှာပဲ လွတ်တာဆိုတော့ အစကတော့ ကြောက်သွားသေးတယ်ဗျ နောက်တော့ ခင်များတို့လည်း ရှိနေတာကြောင့် အလောင်းဘေးမှာပဲ ဝင်အိပ်လိုက်ရတာ အိပ်လို့ပျော်သွားပြီး တရေးနိုးလာတော့ ပတ်ဝန်းကျင် အကုန်လုံးကလည်း မဲမှောင်နေတယ် ခင်များတို့ကြည့်တော့လည်း မမြင်ရတော့ဘူးလေ ဒီတော့ ဟာ … ငါအလောင်းဘေးမှာ အိပ်နေတုန်း ဒီလူတွေ ငါ့ကိုထားခဲ့ပြီနေမှာလို့ တွေးမိပြီး အထိတ်တလန့်နဲ့ ထထိုင်မိတော့ ခင်များတို့တစ်တွေက ဝူးဝူးဝါးဝါးနဲ့အော်ပြီး ထပြေးတာကြောင့် ကျွန်တော်လည်း လန့်ပြီးပြေးရတာပေါ့ မမြင်စမ်းဝါးနဲ့ဆိုတော့ လှေခါးကနေချော်ကြပြီး ခြေထောက်နာသွားပြီး မထနိုင်လို့ ဒီမှာ ငြိမ်နေရတယ်ဗျ ဘာဖြစ်ကြတာတုန်း ” ဟုဖြေလိုက်သဖြင့် ကျွန်တော်တို့တစ်တွေ စိတ်ထဲကမှာ ကြောက်လန့်နေတဲ့ အကြောက်တရားတို့ လွင့်ပျယ်သွားပြီး မိမိတို့ အဖြစ်သည်း အသည်းငယ်မိပုံကိုတွေးမိကာ တခွိခွိနဲ့ ကျိတ်ရယ်ကြတယ် နောက်တော့မှ အားလုံးပဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ခင်များ …. ။ အော် …ခြောက်ခြားဖွယ်ရာညရယ် …. ။ သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ အဖြစ်အပြက်လေးကို ဖြည့်စွပ်ရေးသားလိုက်ပါသည် … ။ နည်းနည်းလေးပဲ ဖြစ်ဖြစ်ပြုံးဖြစ်တယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ …

Credit to Thet Tant Tar Yar
Read More »

သားသတ်ရုံက သရဲ

မိုးမခမင်း ကိုယ်တွေ့(ဖြစ်ရပ်မှန်)


ရွာသာကြီး သားသတ်ရုံ ဆိုတာ ရန်ကုန်မြို့ ဒဂုံ (အရှေ့)ပိုင်း မှာတည် ရှိပါတယ်... အဲ့ဒီမှာ ဘာတွေလုပ်ကြသလဲဆိုတော အမဲ၊သိုး၊ဆိတ် စတာ တွေကို သတ်ကြီး အသားထုတ်လုပ်ကြပါတယ်။ ခုလက်ရှိ အစိုးရ ပိုင် သားသတ်ဝန်းကြီးပေါ့...... သားသတ်တာကို ကုလားတွေကလုပ်ကြပါတယ် ဘယ်လိုပြောရမလဲ အစိုးရက သားသတ်သမား ကုလားတွေကို ၀န်ထမ်းခန့် တယ်ပေါ့.... အဲ မြန်မာတွေကတော့ သားမသတ်ပါဘူး သူတို့သတ်ပြီးသား အသားတွေကို အသားသတ်သတ်အရိုးသတ်သတ် ဖြစ်အောင် ဖြတ်ကြတယ် ဗျ... နောက်ပြီး မြန်မာဝန်ထမ်းတွေက နွားဘယ်နှစ်ကောင်ဝင်တယ် ဒီနေ့နွားဘယ်နှစ်ကောင်သတ်တယ်... အသားဘယ်လောက်ထွက်တယ် စသည်ဖြင့် မြန်မာစာရင်းကိုင်တွေလဲ တစ်ပုံတစ်ပင်ပေါ့...နောက်ပြီး ဆရာဝန် တွေလဲရှိတယ်ဗျ .... ဆရာဝန်တွေကဘာလုပ်ရလဲဆိုတော့ လှောင် ထားတဲ့နွားတွေထဲက သတ်ချိန်မရောက်ပဲ နေမကောင်းဖြစ်တဲ့ နွားတွေကို ဆေးကုပေးဖို့ပေါ့... ပြောချင်တာက ကုလားတွေကနွားသတ်ဖို့ အစိုးရက၀န်ထမ်းခန့်တယ် မြန်မာ တွေကစာရင်းကိုင်ဖို့ ဆေးကုဖို့အစိုးရကတိရစ္ဆာန်ဆေးကုဆရာဝန်တွေကို ၀န်ထမ်းခန့်တယ်ပေါ့ အဲ့ဒီမှာ အလုပ်လုပ် ကြတဲ့မြန်မာတွေများကြီးပေါ့ ၀န်ထမ်းဆိုတော့လဲခက်သားဗျ အစိုးရကဒီ ဌာနကို ပြောင်းဆိုရင်ပြောင်းရတယ်လေ..... ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော့် ရဲ့ဖေဖေ အဲ့ဒီ သားသတ်ရုံကို ပြောင်းရဖို့ အစိုးရဆီကစာကျလာတယ် မပြောင်းချင်လဲပြောင်းရမယ်လေ ဖေဖေက၀န်ထမ်းလုပ်တာ အဲ့တုံးက 8 နှစ်ရှိ နေပြီ ရာထူးတက်ပြီးပြောင်းရမယ်ဆိုတော ပြောင်းပေါ့ဗျာ အဲဒီမှာ ဌာနမှုးတာဝန်နဲ့ ၀န်ထမ်းရမှာပါ ကျွန်တော်တို့ဝန်ထမ်းသားသမီးတွေလဲ ဖေဖေတာဝန်ကျရာကို ရွေ့ပြောင်း ရတာပေါ့ဗျာ..... မှတ်မိပါသေးတယ် အဲ့တုံးက ကျွန်တော်က 6 တန်း ညီလေး က 4 တန်းပေါ့ သားသတ်ဝန်းက တောင်ဘက်အခြမ်း ကျွန်တော် တို့ကို ပေးထားတဲ့ တိုက်က မြောက်ဘက်အခြမ်းပေါ့ ကျွန်တော်တို့ အိမ်ရာ ၀န်းနဲ့ သားသတ်ဝန်းက နဲနဲအလှမ်းဝေးပေမယ့် ရံဖန်ရံခါ အပုတ်နံတွေတော့ ရတက်တယ်ဗျ ရမှာပေါ့ဗျာ စနေ၊တနင်္ဂနွေ နှစ်ရက်ကလွဲ ရင်ကျန်တဲ့ရက် မနက်မိုးမလင်းခင် 3 နာရီခွဲလောက်ထဲက သားသတ်ကြတာ လေ နွားအရိုးပုံကြီးက တောင်ကုန်းလိုပဲဗျ သွေးရဲရဲ သံရဲ ရဲတွေ သတ်တဲ့သူကော ဖြတ်တဲ့သူကော နီရဲတာပဲဗျာ အဲ့နေရာက နွားတွေ အတွက်တစ်ကယ့် ငရဲဘုံဗျာ....... သားသတ်ရုံအကြောင်းပြောနေတာနဲ့ ကျွန်တော်ပြောချင်တဲ့သရဲအကြောင်းကိုမရောက်တော့ဘူး ဘာပဲဖြစ်ဖြစ်ဗျာ မိတ်တွေတို့ဗဟုသုတရတာပေါ့နော်... ကျွန်တော်တို့နေတဲ့ တိုက်ရဲ့ဘေး မှာလူမနေသေးတဲ့တိုက်အသစ်တစ်လုံးရှိတယ်ဗျ ဌာနခွဲမှုး အတွက်ဆောက် ထားဟန်တူပါတယ် ဌာနခွဲမှုးက လက်ရှိအလုပ်ဝင်နေပေမယ့် အိမ်ပြောင်းဖို့ အခက်ခဲနဲနဲရှိလို့မပြောင်းသေးပဲနေနေတာပေါ့ဗျာ.... အဲ့ဒီအိမ်ကြီးမှာ ညညဆို ရယ်သံတွေကြားရတယ် ငြီးသံတွေကြားရတယ် ရယ်တာမှ ဟက် ဟက်ပက်ပက်ရယ်တာဗျ လူတိုင်းလိုလိုကြားတယ် ကျွန်တော်စိတ်အထင်ဘယ်သူ့မှဂရုမစိုက်တဲ့အသံနဲ့ရယ်တာဗျ လူတိုင်းလို လိုအဲ့အိမ်မှာသရဲရှိတာကိုသိတယ်ဗျ ဒါပေမယ့်ဘယ်သူမှပေါ်တင်မမြင်ဖူးကြ တော့ယုံတစ်ဝက်မယုံတစ်ဝက်ပေါ့ ဗျာ ကျွန်တော်တို့က ကလေးတွေဆိုတော ညကအသံတွေကြားပြီးကြေက်ပေမယ့်လဲ မနက်မိုးလင်းလို့ သူငယ်ချင်း တွေစုမိရင်မကြောက်တော့ပဲ အဲ့အိမ်နားကိုသွားပြီး ဘောလုံးကန် သူကကန် သရေပင်းပစ်သူကပစ် ကြောက် တာကိုမေ့သွားတက်တယ်ဗျ ဒီလိုနဲ့ တစ်ရက် မှာ နေ့ခင်းကြောင်တောင် နေလယ် 1:00 လောက် နေကြီးကထိန် ထိန်သာနေတဲ့အချိန်မှာ အဲ့ဒီအိမ်ကြီးထဲက တံခါးတွေ ဖွင့်လို ပိတ်လိုက်... ပိတ်လိုက်ဖွင့်လိုက်နဲ့ သွေးပျက်ဖွယ် တစ်ဝုံးဝုံးတစ်ဒိုင်းဒိုင်းဖြစ်နေတာ ကျွန်တော်တို့ ကလေးစတွေ့ကြတယ် ကြောက်ကြောက်နဲ့ အော်ဟစ် အော် ငိုအကူညီတောင်းကြတာပေါ့ ဒီအခါမှာ လူကြီးတွေရောက်လာကြတယ် သားသတ်ရုံဆိုတော့ သိတဲ့အတိုင်းပဲလေ လက်ထဲဓါးတွေတုတ်တွေနဲ့ ပေါ့ လူကြီးရောက်လာလဲဒီ အိမ်ကြီးကတံခါးတွေက ဖွင့်လိုက်ပိတ်လိုက် ပိတ်လိုက်ဖွင့်လိုက်နဲ့ ပိုလို့တောင်ကြမ်းလာသေးတယ်.....ဘယ်လောက်ကြမ်းလဲဆိုတော့ မှန်တွေပါ ကွဲကျကုန်တယ် ဒါကိုအားလုံးတွေ့တယ် အားလုံးမြင်တယ် သရဲ ဆိုတာတော့မမြင်ရဘူးဗျ သူ့အလိုလို အပိတ်အဖွင့်လုပ်နေတာ သရဲကြောက် တက်တဲ့ လူအချို့ကတော်ပါတော့ မလုပ်ပါနဲ့တော့လို့တောင်းပန်ပေမယ့် မရဘူးဗျ ပိုလုပ်ပြတယ် စိတ်တိုတဲ့သူအချို့က ဖေဟဲမောင်ဟဲဆဲ တယ်ခဲတွေနဲ့ပေါက်တယ် မရဘူးပိုလုပ်ပြတယ် အီးဟီးဟီး...ဆိုတဲ့အသံတွေက ထွက်လာတယ် ကျွန်တော်တို့လဲကြောက်တာပေါ့ဗျာ မေမေကလာပြီးလာလာကိုယ့်အိမ်ကိုယ် လာခဲ့ဆိုပြီး ကျွန်တ်ာတို့ကိုခေါ်သွားကြတယ် အိမ်ကနေပဲ ကျွန်တော်တို့လဲကြောက်ကြောက်နဲ့ကြည့်နေကြတာပေါ့.... အဲ့မှာအရက်မှုး နေတဲ့ ဦးတင်အောင်က ဘယ်ကောင်လဲ ဘယ်ကကောင်လဲ ဆိုပြီး ဓါးကြီးဆွဲပြီး အိမ်ထဲကိုဝင်သွားတယ်ဗျ..... လူတွေဝိုင်းဆွဲတာလဲမရဘူးဗျ အထဲရောက်ပြီး ခနအကြာမှာ သူဆဲသံမကြားရ တော့လို့ဆိုပြီး အရဲစွန့်ပြီးလူကြီးတွေလိုက်သွားကြတယ် အား...............အောင်မလေး...လုပ်ကြပါဦးဆိုပြီးလူတွေအော်သံတွေဆူညံသွားတာပဲ ဦးတင်အောင် အထဲမှာ ဂတ်ကျိုးနေပြီ မျက်ဖြူကြီးလန်နေတယ် သူ့ကိုလူတွေဆွဲထုတ်လာကြတယ် အဲ့ဒီမှာ ဦးတင်အောင်ရဲ့မိန်းမလဲပါတယ် သူကိုအသံတိတ်နေပါတယ်လို့ ကြည့်လိုက်တော့ မျက်ထောက်နီကြီးနဲ့ ခါးထောက်ပြီး တစ်ဟီးဟီးရယ်နေတယ်ဗျ..... ပြီးတော့ ငါ့ကိုဘာကောင်မှတ်နေလဲ ငါဒီကိုအရင်ရောက်တယ် ငါ့ကိုတော့လာမစော်ကားနဲ့ဆိုပြီးခုန်ပေါက်နေရောဗျာ...ဒီမှာ ငါတစ်ကောင်ထဲရှိတာမဟုတ်ဘူး..... အများကြီးပဲတဲ့ အမလေး...အမလေး...ဘုရားဘုရားအများကြီးပဲဆိုပါလား လူတွေဗျာနေ့ခင်းကြောင်တောင်ကြောက်တာမြင်ဖူးကြလား ဒါနဲ့ဆရာတော်ကိုသွားပင့်ကြတာပေါ့ လူကြီးအချို့ကဂုဏ်တော်တွေဘာတွေရွတ်ကြတာပေါ့ ခနနေတော့ ဘုန်းကြီးပင့် တဲ့သူရောက်လာတယ် ဆရာတော်လဲပါတယ်... အဲ့မှာ ဦးတင်အောင်မိန်းမကဘာပြောလဲသိလား ဆရာတော်ကိုခါးထောက်ပြီး ဖုံကြီး ကိုယ်နဲ့မဆိုင်ပဲ ၀င်မပါနဲ့... နင်ပါသေသွားမယ်တဲ့ ဖုန်းကြီးကလဲ ခပ်ထက်ထက်ရယ်ပါ ပါလာတဲ့ပရိတ်ရည်နဲ့ပက်လိုက်တယ် အောင်မလေးလို့အော်တဲ့ အသံကြီးကတော်တော် နာကြင်တဲ့အသံကြီးနဲ့လေ ဘုန်းကြီးကပြောတယ် နင်တို့မကြမ်းကြနဲ့တဲ့ ကြမ်းရင်နင်တို့ပဲခံစားရမယ်တဲ့အဲ့လို့ပြောလိုက်မှ ငိုကြီးချက်မနဲ့ ဆရာတော်ရယ် ငါတို့မှာနေစရာမရှိလို့ပါတဲ့ ခုလဲ ငါတို့နေတဲ့ အိမ်ကို လူသစ်တွေပြောင်းလာတော့မယ်တဲ့ ငါတို့ဘယ်မှာနေရမလဲ ဆိုပြီးတောင်းပန်တယ် ဆရာတော်ကပြောတယ် နင်တို့ ဒီအိမ်မှာဘယ်နှစ်ယောက်ရှိလဲလို့မေးတော့ 8 ယောက်တဲ့ အလေးလေး.....ဘုရား...ဘုရား...........ဆရာတော်ကပြောတယ် နေဆရာမရှိရင် ငါ့နေရာပေးမယ်ငါနဲ့လိုက်လိုက်ကြဆိုပြီးပြောတယ်.... ပြီးတော့ ဦးတင်အောင်မိန်းမ လဲကြသွားတယ် ဦးတင်အောင်လဲ ရောင်ချာချာနဲ့ ပြန်သတိရလာတယ်.........ဆရာတော်ကတော့....သူ့ကျောင်းကို လိုက်ပို့မယ်လို့ပြောတာလက်မခံဘူး ငါ့မှာလုပ်စရာရှိ သေတယ်လို့ပြောတယ် နောက်ပြီး နေစရာမရှိတဲ့သူတွေငါ့နောက်ကိုလိုက်ခဲ့ကြတဲ့ ဒါနင်တို့နေရမဲ့နေရာမဟုတ်ဘူးတဲ့.....အဲ့လိုပြောပြီး ပြန်ကြွသွားတယ် နောက်နေ့မှာ တစ်ဝန်းလုံးကိုပရိတ်နာကြတယ်...... ပရိတ်နာလို့ အပြီးမှာ ဘဘုန်းကြီးက စကားတစ်ခွန်းအမှာခြွေခဲ့ပါတယ် မှတ်သားစရာပါ အားလုံးဘုရားတရားကိုမမေ့ကြပါနဲ့တဲ့.................. ဟုတ်ပါတယ်.... ဆရာတော်ဘုရားမိန်ကြားခဲ့တဲ့အတိုင်း ဘုရားတပည့်တော်..... 6 တန်းကျောင်းသားဘ၀လောက်ထဲက ယနေ့အချိန်အထိ ဘာသာတရားကို ရိုသေတဲ့စိတ်ကိုင်းရိုင်းတဲ့စိတ်.........ဖြစ်ပေါ်လာခဲ့သည်မှာ ခုကျွန်တော် စာရေးတဲ့အချိန်ထိပဲဆိုပါတော့............

Credit to  မိုးမခမင်း

Read More »